
မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မိသားစုများကို လိုအပ်တာများသွားရောက်လှူတန်းခဲ့တဲ့ မအေးသောင်း
ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ မအေးသောင်းကတော့ ခုမြန်မာနိုင်ငံမှာ လတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပျက်နေသမျှသတင်းတွေအပြင် လိုက်နာကျင့်သုံးရမယ့် အရေးကြီးအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာပါ။ သူကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာရင်ထဲက ဆန္ဒတွေကို အင်တိုက်အားတိုက်ထုတ်ဖော်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ခြေ ၈၀ ကျော် မိသားစုများကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများနဲ့အစားအသောက်များ အလှူငွေများကို မိတ်ဆွေတွေနဲ့စုပေါင်းကာ …
Read More