အရင်နှစ်တွေက သင်္ကြန်ရက်တွေမှာ သီဆိုဖျော်ဖြေခဲ့ရတာကို သတိရမိတယ်ဆိုတဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦးကတော့ အမိုက်စားကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက်အနေနဲ့ ရှိုးပွဲတွေမှာလိုက်လံဖျော်ဖြေသီဆိုတာ ကြော်ငြာရိုက်ကူးမှုတွေပြုလုပ်တာစသဖြင့် အနုပညာရိုက်ကူးမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတာပါ။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် နှစ်တိုင်းကျင်းပနေကြပွဲတွေဟာဖျက်သိမ်းခဲ့ရပါပြီ။ မြန်မာပြည်မှာတော့ အတာသင်္ကြန်ပွဲတော်ဟာနှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲလာတဲ့ ရိုးရာတစ်ခုပါ။ ဒီနှစ်မှာတော့ သင်္ကြန်ပွဲတော်လည်း လူစည်ကားစွာနဲ့မကျင်းပ ဖြစ်တော့ပါဘူး။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်မှာ ပရိသတ်တွေကို သီဆိုဖျော်ဖြေလေ့ရှိတဲ့ဝါဆိုမိုးဦးကတော့ “၁၉လမ်းChannel 9 မဏ္ဌပ်မှာပဲ ဖျော်ဖြေခွင့်ရခဲ့တာ ဒီနှစ်နဲ့ပါဆို ၇နှစ် …

Read More

ထူးအောင်ကို တော်ရုံလူမလုပ်နိုင်မယ့် အပြင်းစား Challenge တစ်ခုခေါ်ခဲ့တဲ့ စမိုင်းလ်ရဲ့ ဗီဒီယို

အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး ပျိုပျိုမေတို့ရဲ့အသည်းကျော်တစ်ယောက်ဖြစ်တဲ့ ထူးအောင်ကတော့ Gym Trainer တစ်ယောက် ဖြစ်ပြီး သူကိုယ်တိုင်လည်း ဗလမရှိတဲ့ အနေအထားကနေ အခုလိုကြည့်ကောင်းအောင် အများကြီးကြိုးစားခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်ဝေမျှဖို့အတွက် Gym တစ်ခု ဖွင့်လှစ်ထားပြီး တက်ရောက်သူတွေလည်း အများအပြား ပါပဲ။ စမိုင်းကိုလည်း အိမ်တိုင်ရာရောက် လေ့ကျင့်မှုတွေလာလုပ်ပေးပြီး စမိုင်းလ်ဟာဆိုရင်လည်း ပေါင် (၂၀၀) ကျော် အလေးချိန်ကနေ အခုဆို …

Read More

ကျောက်ကပ်ဝေဒနာရှင်တွေအတွက် သင်္ကန်းကျွန်းစံပြဆေးရုံမှာ အလှူငွေ သိန်းဆယ်ချီ လှူတန်းခဲ့ကြတဲ့ အနုပညာရှင်တွေ

လက်ရှိအချိန်မှာ အနုပညာရှင်တွေကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပြန်ပြီး ဖြည့်ဆည်းပေးနေကြတာ တကယ့်ကို ကြည်နူးစရာကောင်းလွန်းပါတယ်။ အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့တွေအနေနဲ့ အသီးသီး လိုအပ်တဲ့နေရာတိုင်းမှာ သွားရောက်လှူတန်းမှုတွေပြုလုပ်ခဲ့ကြတဲ့အထဲကမှ ပွင့်တို့ရဲ့ ” မေတ္တာအင်္သချေပရဟိတ ” အဖွဲ့ဟာလည်း သင်္ကန်းကျွန်းစံပြဆေးရုံမှာ လိုအပ်တာလေးတွေ လှူတန်းခဲ့ကြပါတယ်။ ကြည်နူးစရာအလှူလေးကို ” ဒီနေ့ ပွင့်တို့ အနုပညာရှင်မောင်နှမတွေစုစည်းထားတဲ့ ” မေတ္တာအသင်္ချေပရဟိတ” အဖွဲ့လေးရဲ့ …

Read More

ဆန်အိတ်တွေကိုယ်တိုင်ထမ်းပြီး လိုအပ်သူတွေဆီအရောက်ပို့ပေးနေတဲ့ အေးမြတ်သူ

ပျော်ပျော်နေတတ်ပြီး ခရီးတွေလည်းမကြာခဏထွက်တတ်တဲ့ အေးမြတ်သူတစ်ယောက် ပရဟိတလုပ်ငန်းတွေမှာလည်း လက်မနှေး တတ်သူတစ်ယောက်ပါ။ လက်ရှိမှာလည်း ကပ်ရောဂါဆိုးကြီးကြောင့် တစ်နိုင်ငံလုံး ပူပင်သောကရောက်နေကြတဲ့အချိန်မှာ လက်လုပ် လက်စားသမားတွေကတော့ မဖြစ်မနေအိမ်ပြင်ထွက်ပြီး အလုပ်လုပ်မှ အဆင်ပြေမယ့် အခြေအနေတွေရှိနေတာမို့ အဆင်ပြေတဲ့သူတွေ က အလှူအတန်းတွေလည်း အများအပြားလုပ်နေကြပါတယ်။ မင်းသားမင်းသမီးတွေအနေနဲ့လည်း ကိုယ်တိုင်ပါဝင်လှူတန်းကြတာတွေရှိသလို ပရဟိတအဖွဲ့တွေနဲ့လည်းချိတ်ဆက်ပြီး လှူတန်းကြ ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ မမြတ်လေးက ဆန်အိတ်တွေကို ကိုယ်တိုင်ထမ်းပြီး ပရဟိတအဖွဲ့နဲ့ပူးပေါင်းကာ …

Read More

အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်တွေ ဆက်တိုက်လှူဒါန်းပေးနေတဲ့စမိုင်းလ်

စမိုင်းလ်ကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို ဆက်တိုက်လှူဒါန်းနေသူတစ်ယောက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အခြေခံလူတန်းစားတွေ အင်မတန်ဒုက္ခရောက်နေတဲ့အချိန်မှာ စမိုင်းလ်ကတော့ လိုအပ်နေတဲ့နေရာတွေကို အဓိကရွေးပြီး လှူဒါန်းနေသူပါ။ We Love Yangon အဖွဲ့ကနေတဆင့် အခြေခံမိသားစု(၁၀၀)အတွက် တစ်ပတ်စာစားစရိတ် ဆယ်သိန်းလှူဒါန်းခဲ့ပြီး ရန်ကင်းရဲစခန်းနဲ့ ယာဉ်ထိန်းရဲတွေအတွက် ဆန်အိတ်တွေလည်း လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ထပ်ပြီးတော့ ရပ်ကွက်ထဲက အနှေးယာဉ်လုပ်သားတွေနဲ့ မီးရထားဝန်းထဲက လူတွေအတွက် စားသောက်ကုန်တွေ ထပ်မံလှူဒါန်းခဲ့ပြန်ပါတယ် …

Read More

ပရိသတ်တွေအရမ်းသဘောကျနေကြတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့နှစ်ယောက်ရဲ့ အခွီ Tik Tok ဗီဒီယို

အိမ်ထဲမှာပဲနေရင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးလွမ်းလာကြတာကြောင့် ဖြိုးလေးနဲ့ ဝါဆိုတို့နှစ်ယောက်သား အတူတူဆုံပြီး Tik Tok ရိုက်ခဲ့ပုံပါပဲ။ ချစ်ခဲ့ကြတဲ့ ကာလဟာလည်း လေးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အချစ်တွေက တစ်ရက်ထက်တစ်ရက် ပိုပိုပြီးနွေးထွေးလာခဲ့ပါတယ်။ လူတွေကတော့ အိမ်ထဲမှာရှိနေပေမယ့် စိတ်တွေကတော့ တစ်ယောက်ဆီတစ်ယောက် လွင့်ပျံနေမှာ အသေအချာပါပဲ။ ညီမလေးယောက်အတူတူ အိမ်ထဲမှာနေရင်း Tik Tok တွေ ကစားနေတဲ့ ဝါဆိုတစ်ယောက် ချစ်သူနဲ့လည်း …

Read More

မွေးနေ့အလှူအဖြစ် ဆန်အိတ်တွေအများကြီးဝယ်ပြီး မရှိဆင်းရဲသားတွေအတွက် လှူတန်းဖို့ ပြင်ဆင်နေတဲ့ ခင်လှိုင်

ဟာသ သရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ခင်လှိုင် တစ်ယောက် မကြာခင်မှာရောက်ရှိလာတော့မယ့် သူ့ရဲ့မွေးနေ့လေးမှာ နှစ်တိုင်းလိုလို စတုဒီသာ ကျွေးပြီး ပျော်ပျော်ပါးပါးဖြတ်သန်းလာခဲ့ပေမယ့် ဒီနှစ်မှာတော့ လူစုလူဝေးလုပ်လို့ မရတဲ့ အတွက်ကြောင့် ဆန်အိတ်တွေအများကြီးဝယ်ပြီး လိုအပ်သူတွေကို လှူတန်းပေးနိုင်ဖို့ ဆန်တစ်ပြည်အထုပ်တွေ ထုပ်နေခဲ့ပါတယ်။ အခုလိုအချိန်မှာ လိုအပ်သူအဖို့တော ဆန်တစ်ပြည်ဟာလည်း တစ်သိန်းလောက်ကို တန်ကြေးရှိပါရဲ့နော်။ တစ်ဘဝလုံး ပရိသတ်တွေကို ပျော်ရွှင်အောင်ဖန်တီးပေးတတ်တဲ့ လူရွှင်တော်ကြီးဟာ …

Read More

အဆိုတော်တွေ Quarantine Center ရှေ့မှာ ဖျော်ဖြေမှုတွေမလုပ်သင့်တဲ့အကြောင်း အချက်အလက်နဲ့ အတိအကျထောက်ပြခဲ့တဲ့ ဂစ်တာကိုနိုင်ဇော်

ဂစ်တာတီးခတ်သူတစ်ယောက်ဖြစ်တဲ့ ကိုနိုင်ဇော်ကတော့ ” (ပြည်သူနဲ့အတူဆိုလို့ပါ) အခုမနက်ပဲ နေပြည်တော်ကျန်းမာရေးကော်မတီ ကအဆင့်မြင့်တာဝန်ရှိသူဒေါက်တာတယောက် ဖုန်းဆက်ပါတယ် (ကျနော်နဲ့လူချင်းမသိပါဘူး) အနုပညာရှင်တချို့ covid-19 စောင့်ကြည့် center တွေရှေ့မှာ quarantine အဖွဲ့တွေကို သွားဆိုကြတီးကြတာ မလုပ်စေချင်ပါဘူးလို့ ဖုန်းဆက် ပြောပါတယ် ကျန်းမာရေးအရလည်းဘယ်သူ့မှာပိုးရှိမှန်းမသိရလို့ (မပြသေးလို့) သူတို့ဆိုတဲ့ မိုက်ကရိုဖုန်းကတဆင့်ပြန် ကူးနိုင်ပါတယ်လို့ပြောပါတယ် အခုပိုးက (3) ပေအကွာ ထက်မက ပြန်ဘူးလို့သိရပါတယ် …

Read More