ဒေါင်းဝေကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှု ရရှိထားသူပါ။ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း ရယ်မောစရာလေးတွေနဲ့ တနေ့တာအကြောင်းအရာလေးတွေကို အမြဲလိုလိုမျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ဈေးသွားဝယ်ရင်း မထင်မှတ်ဘဲရရှိခဲ့တဲ့ […]

ဒီနေ့ကတော့ ပရိသတ်ရဲ့အချစ်တော်စည်ဖြိုးရဲ့ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အလှူအတန်းရက်ရောလွန်းပြီး မေတ္တာဓာတ်ကြီးမားကြတဲ့ စည်ဖြိုးရဲ့မိသားစုလေးကတော့ ပရိသတ်တွေရဲ့လေးစားချစ်ခင်အားပေးခြင်းကို ရရှိထားသူတွေပါ။ မီဒီယာနဲ့လူမှုကွန်ရက်မှာတော့ စည်ဖြိုးရဲ့မိခင်ဖြစ်သူကိုသာ အများဆုံးတွေ့ရလေ့ရှိပေမယ့် ခပ်ဝေးဝေးကနေ အမြဲအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတဲ့ဖခင်ရဲ့ အကြောင်းကိုတော့ ဒီနေ့မှာ စည်ဖြိုးက မွေးနေ့ဆုတောင်းပေးရင်း မျှဝေခဲ့ပါတယ်။ “သားသမီးအိပ်နေတုန်း […]

ယုန်လေးကတော့ လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ လိုအပ်နေသူတိုင်းကို ဖေးမကူညီလေ့ရှိသူပါ။ အနုပညာဝါသနာရှင်မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်တွဲခေါ်ယူလေ့ရှိသလို အခုလို Covid-19 ကာလမှာလည်း ချို့တဲ့သူတွေအတွက် ဆက်တိုက်ကူညီနေသူပါ။အခုဆိုရင်တော့ ပရိသတ်တွေကိုယ်တိုင်က ဒုက္ခရောက်နေသူတွေတွေ့ရင် ယုန်လေးကို စာတွေပို့၊ ကူညီပေးဖို့ တောင်းဆိုလာကြတဲ့အထိ ယုန်လေးရဲ့တစ်ကိုယ်တော်ပရဟိတတိုက်ပွဲက အောင်မြင်နေပြီဆိုရမှာပါ။ ဒါပေမယ့် […]

ပရိသတ်ရဲ့အချစ်တော် ပရဟိတမင်းသမီးတစ်ယောက်ဖြစ်သူ ခိုင်နှင်းဝေကတော့ သူကိုယ်တိုင်ဦးဆောင်ပြီး အိမ်ခြေ(၂၄၀၀) အတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ သူကတော့ ပရဟိတစလုပ်စဉ်ကတည်းက လိုအပ်တဲ့နေရာတွေကို လက်မနှေးကူညီတတ်သူတစ်ယောက်ဖြစ်ပြီး ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ထားကာ ကလေးတွေကိုရင်အုပ်မကွာစောင့်ရှောက်နေသူပါ။ အခုတစ်ခါမှာလည်း Covid-19 ကာလမှာ ခက်ခဲနေတဲ့လက်လုပ်လက်စားသမားတွေအတွက် တောင်ဒဂုံမြို့နယ် […]

ကိုယ်ပိုင်သံစဉ်သီချင်းအမိုက်စားတွေနဲ့အောင်မြင်မှုရရှိထားသူ G-Fatt ကတော့ အခုဆိုရင် လူငယ်ပရိသတ်ကြားမှာ ရေပန်းစားတဲ့အဆိုတော်တွေထဲက တစ်ယောက်ပါ။ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနောက်က လူတွေမသိသေးတဲ့သူ့ရဲ့စိတ်အကြောင်းကိုတော့ ဒီနေ့မှာမျှဝေပေးခဲ့ပါတယ်။ “ငယ်ငယ်တည်းက စားနေကြ လမ်းထိပ်က အသုပ်ဆိုင်ရှိတယ် အခုထိ မနက်စာ ခေါက်ဆွဲသုပ်စားမယ်ဆို အဲ့အသုပ်ဆိုင်ကမဟုတ်ရင် မစားတတ်ဘူး။ တနေရာရာ […]

ဒီနေ့ဧပြီလ(၂၄)ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အနုပညာကဝေလို့တင်စားခေါ်ဝေါ်ကြတဲ့အတိုင်း ဆယ်စုနှစ်နှစ်ခုကြာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ တောက်ပနေတဲ့ကြယ်တစ်ပွင့်ပါ။ အနုပညာခရီးမှတ်တိုင်အနေနဲ့ မျက်နှာများတဲ့ကောင်းကင်၊ ရင်ဘတ်ထဲကဓားဇာတ်ကားတွေနဲ့ အကောင်းဆုံအမျိုးသမီးဇာတ်ဆောင်ဆုကြီးကို ဆွတ်ခူးထားသူပါ။ လက်ရှိအချိန်မှာတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ပြေတီဦးနဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်ရတဲ့သားလေး၊သမီးလေးတွေနဲ့ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ ခင်ပွန်းဖြစ်သူတည်ထောင်ထားတဲ့ […]

ပျိုမေတို့ရဲ့အချစ်တော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီမနက်မှာ အနုပညာမောင်နှမဖြစ်သူ အေးမြတ်သူလာပို့ပေးတဲ့ အီကြာကွေးလေးစားပြီး ခမ်းခမ်းနားနားစာဖွဲ့ကာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူတို့ နှစ်ဦးကတော့ ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားသူတွေဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်တဲ့ ဝင်္ကပါလမ်းမများဇာတ်လမ်းတွဲမှာလည်း အတူတူတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ မမြတ်လေးက စိုင်းစိုင်းစားဖို့ အီကြာကွေးသွားပို့ပေးခဲ့ပြီး စိုင်းစိုင်းကတော့ […]

အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်စဲ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်နေသူပါ။ နယ်ပယ်နှစ်ခုစလုံးမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပေမယ့်လည်း အနာဂတ်စီမံကိန်းအနေနဲ့ နောင်တချိန်အလုပ်မရှိတော့ရင် စိတ်ဓာတ်မကျအောင် စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်သွားမယ်လို့ ဆိုပါတယ်။ သူကတော့ အစားအသောက်တွေချက်ပြုတ်ရာမှာလည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အလုပ်အားတိုင်းလည်း ဟင်းနဲ့မုန့်မျိုးစုံကို အိမ်ကလူတွေအတွက် ကိုယ်တိုင်ချက်ကျွေးလေ့ရှိသူပါ။ […]