အအေးတစ်ဗူးကို ၁ဒေါ်လာနဲ့ ရောင်းနေတဲ့ ‌စျေးသည်မလေး ကိကိရဲ့ ဗီဒီယိုသစ်လေး

Posted on

အင်တာနက်စာမျက်နှာပေါ်မှာ မေမေနဲ့ တူတူ စျေးရောင်းတမ်းကစားရင်း နာမည်ကြီးလာခဲ့တဲ့ စျေးသည်မလေး ကိကိက ပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ မျက်မှန်ဝိုင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းသလို အရွယ်နဲ့ မလိုက်အောင် စကားတတ်တဲ့ နေရာမှာ နှစ်ယောက်မရှိသူလေးမို့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်ခံကလေးလေးတစ်ယောက်ဖြစ်လာတာပါ။

လက်ရှိမှာဆိုရင် ပရိသတ်တွေရဲ့ အသည်းကျော်လေး ကိကိလေး ကြော်ငြာရိုက်ကူးမှုတွေကိုပါ လုပ်ကိုင်နေပြီဖြစ်ပြီး အနာဂတ်ရဲ့ တောက်ပလာမယ့် အနုပညာရှင် ပေါက်စလေးအဖြစ် မြင်တွေ့ရမှာပါ။ ကိကိလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ သူများတွေနဲ့မတူတဲ့ “အမကလဲနော်”ဆိုတဲ့ ချစ်စရာကောင်းတဲ့ စကားလေးတွေက ပရိသတ်တွေကြားမှာ လက်ရှိအချိန်ထိရေပန်းစားနေဆဲပါ။

အခုလည်း မေမေနဲ့ အတူ စျေးရောင်းတမ်းကစားနေတဲ့ ကိကိလေးရဲ့ ဗီဒီယိုသစ်လေးကို ပရိသတ်တွေကြည့်ရှူရမှာပါ။ အအေးဗူး တစ်ဗူးကို ၁ဒေါ်လာနဲ့ ရောင်းနေတဲ့ ကိကိလေးရဲ့ သွက်သွက်လက်လက်နဲ့ ထက်မြတ်တဲ့ ပုံစံလေးတွေက ပရိသတ်တွေကို အချစ်တွေပိုစေမှာဖြစ်လို့ CeleZone ပရိသတ်ကြီးအတွက် ဗီဒီယိုအသစ်လေးကို တင်ပေးလိုက်ပြီနော်။

 

Source:Ki Ki

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

အေအးတစ္ဗူးကို ၁ေဒၚလာနဲ႔ ေရာင္းေနတဲ့ ‌ေစ်းသည္မေလး ကိကိရဲ႕ ဗီဒီယိုသစ္ေလး

အင္တာနက္စာမ်က္ႏွာေပၚမွာ ေမေမနဲ႔ တူတူ ေစ်းေရာင္းတမ္းကစားရင္း နာမည္ႀကီးလာခဲ့တဲ့ ေစ်းသည္မေလး ကိကိက ပရိသတ္ႀကီးနဲ႔ ရင္းႏွီးၿပီးသားျဖစ္မယ္လို႔ ထင္ပါတယ္။ မ်က္မွန္ဝိုင္းေလးနဲ႔ အရမ္းကို ခ်စ္စရာေကာင္းသလို အ႐ြယ္နဲ႔ မလိုက္ေအာင္ စကားတတ္တဲ့ ေနရာမွာ ႏွစ္ေယာက္မရွိသူေလးမို႔ ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္အခ်စ္ခံကေလးေလးတစ္ေယာက္ျဖစ္လာတာပါ။

လက္ရွိမွာဆိုရင္ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလး ကိကိေလး ေၾကာ္ျငာ႐ိုက္ကူးမႈေတြကိုပါ လုပ္ကိုင္ေနၿပီျဖစ္ၿပီး အနာဂတ္ရဲ႕ ေတာက္ပလာမယ့္ အႏုပညာရွင္ ေပါက္စေလးအျဖစ္ ျမင္ေတြ႕ရမွာပါ။ ကိကိေလးရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအယာေလးေတြ သူမ်ားေတြနဲ႔မတူတဲ့ “အမကလဲေနာ္”ဆိုတဲ့ ခ်စ္စရာေကာင္းတဲ့ စကားေလးေတြက ပရိသတ္ေတြၾကားမွာ လက္ရွိအခ်ိန္ထိေရပန္းစားေနဆဲပါ။

အခုလည္း ေမေမနဲ႔ အတူ ေစ်းေရာင္းတမ္းကစားေနတဲ့ ကိကိေလးရဲ႕ ဗီဒီယိုသစ္ေလးကို ပရိသတ္ေတြၾကည့္ရႉရမွာပါ။ အေအးဗူး တစ္ဗူးကို ၁ေဒၚလာနဲ႔ ေရာင္းေနတဲ့ ကိကိေလးရဲ႕ သြက္သြက္လက္လက္နဲ႔ ထက္ျမတ္တဲ့ ပုံစံေလးေတြက ပရိသတ္ေတြကို အခ်စ္ေတြပိုေစမွာျဖစ္လို႔ CeleZone ပရိသတ္ႀကီးအတြက္ ဗီဒီယိုအသစ္ေလးကို တင္ေပးလိုက္ၿပီေနာ္။