ဒါရိုက်တာ ဏကြီးနဲ့ သုသုတို့ ထုတ်လုပ်ရေးက ပထမဆုံးရိုက်ကူးတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီး

Posted on

ရုပ်ရှင်လောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့အတူ သူမရဲ့ခင်ပွန်းဖြစ်တဲ့ ဒါရိုက်တာ ဏကြီးတို့ နှစ်ယောက်ကတော့ ပရိသတ်တွေ အားကျရတဲ့ ဇနီးမောင်နှံဖြစ်သလို အနုပညာလောကမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတွေဖြစ်ပါတယ်။ ကလေးလေးလို ချစ်စရာကောင်းပြီး ကင်မရာရှေ့ရောက်ရင်တော့ ပီပြင်တဲ့ အိုက်တင်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ဖမ်းစားတဲ့ သုသုကလည်း အမာခံပရိသတ်တွေအားပေးမှုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုးစားရိုက်ကူးလျက်ရှိပါတယ်။

တစ်ယောက်ကို တစ်ယောက်အချစ်တွေအပြည့်နဲ့ လက်တွဲပြီး အိမ်မက်တွေကို အတူအကောင်အထည်ဖော်တော့မယ့် ဒါရိုက်တာ ဏကြီးနဲ့ သုသုတို့ရဲ့ Fast Gangster Productionကနေ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ပထမဦးဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်လိုဖြစ်မလဲဆိုတာကတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားနေရဆဲပါ။

Fast Gangster Production ကနေ ပထမဦးဆုံးရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒိတ်ဒိတ်ကြဲမင်းသမီးချောနှစ်ယောက်ဖြစ်တဲ့ အူဝဲနဲ့ ပိုင်ဖြိုးသုတို့ ပါဝင်မှာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မင်းသား ‌အောင်မြင့်မြတ်လဲ ပါဝင်မှာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ မြန်မာလို နာမည်ကိုတော့ ဝှက်ဖဲ အနေနဲ့ ထား ထားပေမယ့် “Life is not a waiting room..” ဆိုတဲ့ နာမည်လေးကိုတော့ ဖော်ပြထားပြီး မကြာခင်မှာ ပရိသတ်တွေမျှော်လင့်ထားသလို ဇာတ်ကားကောင်းတစ်ကားဖြစ်လာမလားဆိုတာကို စောင့်မျှော်ကြည့်ရှူရမှာဖြစ်တဲ့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်‌နော်။

 

Source:Paing Phyo Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ဒါ႐ိုက္တာ ဏႀကီးနဲ႔ သုသုတို႔ ထုတ္လုပ္ေရးက ပထမဆုံး႐ိုက္ကူးေတာ့မယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီး

႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုနဲ႔အတူ သူမရဲ႕ခင္ပြန္းျဖစ္တဲ့ ဒါ႐ိုက္တာ ဏႀကီးတို႔ ႏွစ္ေယာက္ကေတာ့ ပရိသတ္ေတြ အားက်ရတဲ့ ဇနီးေမာင္ႏွံျဖစ္သလို အႏုပညာေလာကမွာလည္း ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိထားတဲ့ သူေတြျဖစ္ပါတယ္။ ကေလးေလးလို ခ်စ္စရာေကာင္းၿပီး ကင္မရာေရွ႕ေရာက္ရင္ေတာ့ ပီျပင္တဲ့ အိုက္တင္ေတြနဲ႔ ပရိသတ္ေတြရဲ႕ စိတ္ႏွလုံးကို ဖမ္းစားတဲ့ သုသုကလည္း အမာခံပရိသတ္ေတြအားေပးမႈေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြကို ႀကိဳးစား႐ိုက္ကူးလ်က္ရွိပါတယ္။

တစ္ေယာက္ကို တစ္ေယာက္အခ်စ္ေတြအျပည့္နဲ႔ လက္တြဲၿပီး အိမ္မက္ေတြကို အတူအေကာင္အထည္ေဖာ္ေတာ့မယ့္ ဒါ႐ိုက္တာ ဏႀကီးနဲ႔ သုသုတို႔ရဲ႕ Fast Gangster Productionကေန ပထမဦးဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးထုတ္လုပ္ေတာ့မွာျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔အတူ ပထမဦးဆုံး႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးက ဘယ္လိုျဖစ္မလဲဆိုတာကေတာ့ ပရိသတ္ေတြကို စိတ္လႈပ္ရွားေနရဆဲပါ။

Fast Gangster Production ကေန ပထမဦးဆုံး႐ိုက္ကူးမယ့္႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဒိတ္ဒိတ္ႀကဲမင္းသမီးေခ်ာႏွစ္ေယာက္ျဖစ္တဲ့ အူဝဲနဲ႔ ပိုင္ၿဖိဳးသုတို႔ ပါဝင္မွာျဖစ္ၿပီး ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲ မင္းသား ‌ေအာင္ျမင့္ျမတ္လဲ ပါဝင္မွာျဖစ္ပါတယ္။ ဇာတ္ကားရဲ႕ ျမန္မာလို နာမည္ကိုေတာ့ ဝွက္ဖဲ အေနနဲ႔ ထား ထားေပမယ့္ “Life is not a waiting room..” ဆိုတဲ့ နာမည္ေလးကိုေတာ့ ေဖာ္ျပထားၿပီး မၾကာခင္မွာ ပရိသတ္ေတြေမွ်ာ္လင့္ထားသလို ဇာတ္ကားေကာင္းတစ္ကားျဖစ္လာမလားဆိုတာကို ေစာင့္ေမွ်ာ္ၾကည့္ရႉရမွာျဖစ္တဲ့ အေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္‌ေနာ္။