ပရိသတ်တခါမျှ မမြင်ဘူးသေးတဲ့ ဇေရဲထက်ရဲ့ Sexyဆန်ဆန်ရိုက်ကူးထားတဲ့ ပုံရိပ်များ

Posted on

ပရိသတ်တွေကိုဖော်ရွှေပြီး စိတ်ထားကောင်းတဲ့ မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်မှုတွေကိုရရှိထားတဲ့ မင်းသား ဇေရဲထက်ကို အားလုံးသိကြမှာပါ။ စိတ်ထဲရှိတဲ့ အတိုင်း အရိုးသားဆုံးနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်တဲ့ ဇေရဲထက်က ရုပ်ရှင်လောကမှာ နာမည်ရပြီးသားမင်းသားတစ်ဦးဖြစ်တဲ့ အပြင် လက်ရှိမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိပါတယ်။

လတ်တလောမှာတော့ ပရိသတ်တွေကြား အရမ်းကို နာမည်ကြီးနေတဲ့ မင်းသားဇေရဲထက်နဲ့ Kpopper Fanတွေကြားက အရှုပ်တော်ပုံကြီးကိုလည်း ကြားသိခဲ့ရမှာပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ရေးပြီး တင်ထားခဲ့ပေမယ့် Fanတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရှိခဲ့ပြီး အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ အတူ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနေတာကိုလည်း တွေ့မြင်ခဲ့ရမှာပါ။ပြဿနာတွေပြေလည်ပြီးနောက်မှာတော့ ဇေရဲထက်က ပရိသတ်တွေကို အံ့သြရလောက်စေမယ့် ပုံရိပ်တချို့ကို တင်ခဲ့တာဖြစ်ပါတယ်။

 

 

သရုပ်ဆောင်ပိုင်းမှာသာမက မော်ဒယ်ပိုင်းမှာပါ အရည်အချင်းအပြည့်အဝရှိတဲ့ ဇေရဲထက်က ပရိသတ်တွေတခါမှ မမြင်ဘူးသေးတဲ့ သူ့ရဲ့ ဆွဲဆောင်မှုပြင်းလွန်းတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို ပြသခဲ့တာပါ။အနောက်တိုင်းပုံစံ Sexyဆန်တဲ့ ပုံရိပ်တွေကြောင့် ကြည့်မိတဲ့ ပရိသတ်ကိုတောင် အမြင်မှားသွားစေမယ့် ဇေရဲထက်ရဲ့ စတိုင်ကျလွန်းတဲ့ ပုံလေးကို CeleZone ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်‌နော်။

 

Source:Zay Yae Htet

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



