ရိုက်ကွင်းမှာခပ်တည်တည်နေရပေမယ့် သားနှစ်ယောက်နဲ့တွေ့ရင်တော့ ပေါတောတောအဖေပါဆိုတဲ့ ကိုပေါက်

Posted on

ဒါရိုက်တာကိုပေါက်ကတော့ မိသားစုကိုသိပ်ချစ်ပြီး သားလေးတွေရဲ့စံပြဖခင်တစ်ဦးဖြစ်အောင် နေထိုင်သူတစ်ယောက်ပါပဲ။ ရုပ်ရှင်ဇာတ်ကားတော်တော်များများကိုရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူ တစ်ယောက်ပါ။ သားနှစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ပေါ့။

ဒီနေ့မှာတော့ ကိုပေါက်ကတစ်ယောက် သူရုပ်ပြောင်လုပ်နေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်ပြီး သူ့ရဲ့ရင်တွင်းခံစားချက်တစ်ချို့ကိုလည်း ပြောပြခဲ့ပါတယ်။ ရိုက်ကွင်းပေါ်မှာ ခပ်တည်တည်နေရပေမယ့် ကိုယ့်မိသားစုနဲ့ ရှိနေတဲ့အချိန်မှာတော့ ပေါ့ပေါ့ပါးပါးပဲ နေပြီး သားလေးတွေကိုပျော်ရွှင်အောင်ထားတယ်လို့ဆိုပါတယ်။

ဒီရုပ်ပြောင်ပုံလေးတွေရဲ့နောက်ကွယ်က ခံစားချက်လေးတွေကို ” သားငယ်လေး ရိုက်ပေးနေတာပါ။ ပုံမှန်အရကြည့်ရင် တော့ ပေါတောတောပေါ့။ ဒါပေမယ့် ကျွန်တော့အမူအရာတွေကိုကြည့်ပြီး သားငယ်လေး ပျော်နေတယ်လေ။ ကျွန်တော်က ရိုက်ကွင်းမှာ ခပ်တည်တည်နေရပေမယ့် သား၂ယောက်နဲ့တွေ့ရင်တော့ ပေါတောတော အဖေတစ်ယောက်ပေါ့။ ကျွန်တော်ကသူတို့ ပျော်နေတာပဲ မြင်ချင်သူပါ။ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ ဖခင်ပဲနော်။

Photo – Aung Min Naing
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ႐ိုက္ကြင္းမွာခပ္တည္တည္ေနရေပမယ့္ သားႏွစ္ေယာက္နဲ႔ေတြ႕ရင္ေတာ့ ေပါေတာေတာအေဖပါဆိုတဲ့ ကိုေပါက္ ”

ဒါ႐ိုက္တာကိုေပါက္ကေတာ့ မိသားစုကိုသိပ္ခ်စ္ၿပီး သားေလးေတြရဲ႕စံျပဖခင္တစ္ဦးျဖစ္ေအာင္ ေနထိုင္သူတစ္ေယာက္ပါပဲ။ ႐ုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို႐ိုက္ကူးခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္း အျပည့္အဝရရွိထားသူတစ္ေယာက္ပါ။ သားႏွစ္ေယာက္ပိုင္ဆိုင္ထားၿပီး ေပ်ာ္စရာေကာင္းတဲ့မိသားစုဘဝေလးကို တည္ေဆာက္ထားႏိုင္တဲ့ ဖခင္ေကာင္းတစ္ေယာက္ေပါ့။

ဒီေန႔မွာေတာ့ ကိုေပါက္ကတစ္ေယာက္ သူ႐ုပ္ေျပာင္လုပ္ေနတဲ့ပုံရိပ္ေလးေတြကို လူမႈကြန္ယက္မွာေဝမွ်လိုက္ၿပီး သူ႔ရဲ႕ရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕ကိုလည္း ေျပာျပခဲ့ပါတယ္။ ႐ိုက္ကြင္းေပၚမွာ ခပ္တည္တည္ေနရေပမယ့္ ကိုယ့္မိသားစုနဲ႔ရွိေနတဲ့အခ်ိန္မွာေတာ့ ေပါ့ေပါ့ပါးပါးပဲ ေနၿပီး သားေလးေတြကိုေပ်ာ္႐ႊင္ေအာင္ထားတယ္လို႔ဆိုပါတယ္။

ဒီ႐ုပ္ေျပာင္ပုံေလးေတြရဲ႕ေနာက္ကြယ္က ခံစားခ်က္ေလးေတြကို ” သားငယ္​ေလး ႐ိုက္​ေပး​ေနတာပါ။
ပုံမွန္အရၾကည့္ရင္ေတာ့ ေပါေတာေတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ့အမူအရာေတြကိုၾကည့္ၿပီး သားငယ္ေလး ေပ်ာ္ေနတယ္​ေလ။ ကြၽန္ေတာ္က ႐ိုက္ကြင္းမွာ ခပ္တည္တည္ေနရေပမယ့္ သား၂ေယာက္နဲ႔ေတြ႕ရင္ေတာ့ ေပါေတာေတာ အေဖတစ္ေယာက္ေပါ့။ ကြၽန္ေတာ္ကသူတို႔ ေပ်ာ္ေနတာပဲ ျမင္ခ်င္သူပါ။ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ေလးစားစရာေကာင္းတဲ့ ဖခင္ပဲေနာ္။

Photo – Aung Min Naing
Happy – Cele Zone