သရဲခြောက်ပေမယ့် ရယ်စရာအလွဲလေးဖြစ်ခဲ့ရတဲ့ မအေးသောင်းကို Video ရိုက်ပြီး အရွှန်းဖောက်လိုက်တဲ့ ဖြိုးငွေစိုး

Posted on

အနုပညာမောင်နှမတွေဖြစ်တဲ့ ဖြိုးငွေစိုးနဲ့မအေးသောင်းတို့နှစ်ယောက်သား ရိုက်ကွင်းပေါ်မှာ ဆုံတွေ့ခဲ့ကြပြီး နှစ်ယောက်သားရယ်စရာအလွဲလေးတွေကို ဖြိုးငွေစိုးတစ်ယောက် Video ရိုက်ပြီး လူမှုကွန်ယက်ပေါ်ဝေမျှခဲ့တာပဲဖြစ် ပါတယ်။ အမြဲတမ်းပရိသတ်တွေကို ပြုံးပျော်စေတဲ့ ဖြိုးငွေစိုးတစ်ယောက် မအေးသောင်းရဲ့ တလွဲဟာသလေးကို မိမိရရ ရိုက်ကူးပြီး အခုလိုတင်လိုက်တာပဲဖြစ်ပါတယ်။

ကြောက်စရာသရဲမျက်နှာဖုံးကိုမျက်နှာမှာမစွပ်ပဲ နောက်စေ့မှာတပ်ပြီး သရဲလိုက်ခြောက်နေတဲ့ မအေးသောင်းရဲ့ ဖြေရှင်းချက်ကတော့ မျက်နှာမှာတပ်ရင် အရှေ့ကိုဝင်တိုက်မိမှာဆိုးလို့ပါတဲ့ ပရိသတ်ကြီးရေ။ ဖြိုးငွေစိုးကတော့ ဒီအကြောင်းလေးကို Video ရိုက်ပြီး ခပ်နောက်နောက်လေး ပြောပြထားတာပဲဖြစ်ပါတယ်။ တကယ့်ကိုတွေးလဲတွေးတတ်တဲ့ မအေးသောင်းပါပဲနော်။

နှစ်ယောက်သားရဲ့ Video လေးကို ” ဝင်တိုက်မိမှာစိုးလို့တဲ့ သရဲခြောက်မဲ့သူက ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ကြည့်ရှုသူပရိသတ်တွေကလည်း ရယ်မောပြီး သဘောတကျရှိနေခဲ့ကြပါတယ်။ ချစ်ဖို့ကောင်းတဲ့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ရယ်စရာအလွဲ Video လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Video Photo – Phyo Ngwe Soe / Aye Thaung
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone