မိသားစုလေးယောက်အတူတူခရီးထွက်ရင်း သူမရဲ့မိခင်ဘဝကို ကျေနပ်ပျော်ရွှင်နေတဲ့ ချောရတနာ

Posted on

အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေမှာသိပ်မတွေ့ရတော့တဲ့ ပရိသတ်တွေရဲ့ အချစ်တော်ချောရတနာက တော့ ချစ်ရတဲ့ သားသမီး ခင်ပွန်းနဲ့အတူ ပျော်စရာခရီးလေးတစ်ခုမှာ အရမ်းကိုပျော်ရွှင်နေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့သားနဲ့သမီးကို တစိမ့်စိမ့်ကြည့်ပြီး မြတ်နိုးလွန်းတာကြောင့် သူမရဲ့ကျောအထက်နားလေးမှာ သားနဲ့သမီးရဲ့ နာမည်လေးကို Tattoo ထိုးခဲ့တာပဲဖြစ်ပါတယ်။

မိသားစုကိုအပြည့်အဝအချိန်ပေးပြီးနောက်မှာတော့ အနုပညာလုပ်ငန်းတွေမှာသိပ်မတွေ့ရတော့ပေမယ့် သူမကိုချစ်ခင် အားပေးတဲ့ပရိသတ်တွေကတော့ ရှိနေဆဲပါပဲ။ ညီမဖြစ်သူသန္တာဗိုလ်ကတော့ အမဖြစ်သူရဲ့ခြေရာကိုအပြည့်အဝနင်းကာ အနုပညာလောကမှာ အောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

ပျော်စရာကောင်းတဲ့မိသားစုခရီးပုံရိပ်လေးတွေကို ” သူတို့လေးတွေအကြောင်းပြ ပြီး နီးနီးနားနား ခရီးသွား ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ မိခင်တစ်ယောက်ရဲ့ပျော်ရွှင်ကျေနပ်စရာအကောင်းဆုံး အခိုက်အတန့်လေးတွေဟာ ချစ်ရတဲ့သားသမီး တွေနဲ့အတူတူ သိုက်သိုက်ဝန်းဝန်းရှိနေတဲ့ အချိန်ပါပဲ။ ချောတစ်ယောက်လည်း အရမ်းကိုပျော်ရွှင်တဲ့ မေမေတစ်ယောက်ဖြစ်နေတယ်ဆိုတာတော့ ဒီပုံရိပ်လေးတွေက သက်သေပါပဲနော်။

Photo – Chaw Yadanar
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Chaw Yadanar
Happy – Cele Zone