အသက် (၂၀) အရွယ်မှာပဲ အနုပညာလောကထဲမှာ အရမ်းကိုအောင်မြင်နေပြီဖြစ်တဲ့ ဖြူဖြူထွေး

Posted on

အသက်(၂၀) အရွယ်ပဲရှိသေးတဲ့ ဖြူဖြူထွေးဟာ အနုပညာလောကမှာအရမ်းကိုအောင်မြင်တဲ့ ကြော်ငြာမင်းသမီး တစ်ယောက်အဖြစ်ရပ်တည်နေပြီပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပွင့်လင်းတဲ့ပြောဆိုမှုလေးတွေဟာ သူမကိုပရိသတ်တွေချစ်စေတဲ့ အဓိကအကြောင်းအရင်းလို့လည်းဆိုနိုင်ပါရဲ့နော်။ ကြော်ငြာတွေမနားတမ်းဆိုသလို ရိုက်ကူးနေရတဲ့ သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အော်မြင်ခဲ့သူတစ်ယောက်ပါပဲ။

ကိုယ်ရသမျှအနုပညာကြေးတွေကို မိဘတွေနဲ့ရပ်ရွာကောင်းကျိုးအတွက်ဖန်တီးပေးတတ်သူလေး လည်းဖြစ်ပါတယ်။ သူမဖျော်ဖြေတဲ့ပွဲတွေမှာဆိုရင် ပရိသတ်တွေက ဖျော်ဖြေရေးယာဉ်နောက်ကို မိုးလင်းပေါက်လိုက်ပြီး အားပေးခဲ့တာကြောင့် သူမအနေနဲ့လည်း ဖျော်ဖြေရတာအရမ်းကို ပီတိဖြစ်မိတယ်လို့ဆိုပါတယ်။

ဒီနေ့မှာတော့ဖြူဖြူတစ်ယောက် သူမရဲ့ရိုက်ကွင်းထက်က လှုပ်ရှားမှုလေးတွေကို Video လေး ရိုက်ပြီးတင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ သွယ်လျလျကိုယ်လုံးလေးဟာ မြန်မာဝတ်စုံနဲ့ပဲဖြစ်ဖြစ် ခေတ်ပေါ်အဝတ်အစားနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်လွန်းနေပါတယ်။ နေဗီပြာရောင်မြန်မာဝတ်စုံလေးနဲ့ သူမရဲ့အလှတရားတွေဟာလည်း အထင်းသားပဲမို့ တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Phyu Phyu Htwe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone