ကိုယ်ပိုင်ချွေးနဲစာလေးတွေနဲ့ တနိုင်တပိုင် အလှူလေးလုပ်ကာ ကုသိုလ်ယူခဲ့တဲ့ ‌မိုးအောင်ရင်တို့ မိသားစုလေး
Posted on
အရင်ကထက် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို နှစ်ဆသုံး‌ေလာက်ပိုပြီးရရှိနေပြီဖြစ်တဲ့ မိုးအောင်ရင်ဟာ လတ်တလောမှာဆိုရင်သူချစ်တဲ့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက နှုတ်ခမ်းနီမ‌ေလးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းကိုခံထားခဲ့ရတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ဖခင်‌ေြခရာနင်းကာ အောင်မြင်မှုတွေကို အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ထားနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
အရည်အချင်းရှိတဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်ဟာ အခုတစ်ခါမှာတော့ သူချစ်တဲ့ အနုပညာလောကထဲကို တစ်ကျော့ပြန်၀င်ရောက်လာခဲ့ပြီးတော့ ပရိသတ်တွေအတွက် ကြိုးစားလို့နေခဲ့တာကိုလည်းတွေ့ရပါတယ်။ သူရရှိတဲ့ အနုပညာကြေးလေးတွေကိုတော့ လတ်တလောမှာ အလှူအတန်းလေးတွေ လုပ်ဖြစ်‌ေနခဲ့ပါတယ်။ သူဟာ အရင်ကတည်းက အလှူအတန်းလေးတွေဆိုရင် အချိန်ရရင်ရသလို ပါ၀င်ကုသိုလ်ယူတတ်သူတစ်ယောက်ဖြစ်တာကြောင့် အခုတစ်ခါမှာလည်းမိသားစုနဲ့အတူတူ အလှူလေးတစ်ခုလုပ်ကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်။
ချစ်ရတဲ့ မိသားစုတွေနဲ့အတူတူ စည်းစည်းလုံးလုံး နဲ့ တနိုင်တပိုင်အလှူလေးလုပ်ခဲ့ကြတာပဲဖြစ်ပြီးတော့ ချွေးနဲစာလေးတွေနဲ့ စုပေါင်းလှူဒါန်းခဲ့ကြတာဖြစ်တဲ့အတွက် တကယ့်ကို မွန်မြတ်လှတဲ့အလှူ‌ေလးတစ်ခုဆိုရင်လည်းမမှားပါဘူး‌ေနာ်။ တက်ညီလက်ညီနဲ့မိသားစုအလှူလေးမှာ ကုသိုလ်ယူနေတဲ့ မိုးအောင်ရင်ကြောင့် ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်လို့နေခဲ့ရပါတယ်။ ဘုန်းဘုန်းဟောကြားတဲ့ တရားတွေကို စိတ်နှစ်ကိုယ်နှစ်နဲ့ နာကြားရင်း အေးချမ်းလို့နေတဲ့ မိုးအောင်ရင်တို့မိသားစုရဲ့ အလှူပွဲ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….
Source : Moe Aung Yin
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်)
အရင်ကထက် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို နှစ်ဆသုံးဆ‌လောက်ပိုပြီးရရှိနေပြီဖြစ်တဲ့ မိုးအောင်ရင်ဟာ လတ်တလောမှာဆိုရင်သူချစ်တဲ့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက နှုတ်ခမ်းနီမ‌လေးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းကိုခံထားခဲ့ရတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ဖခင်‌ခြေရာနင်းကာ အောင်မြင်မှုတွေကို အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ထားနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။