ဆရာ ထူးအောင်က သေချာသင်ပေးနေလို့ အပြင်းအထန်ကြိုးစားနေပါတယ်ဆိုတဲ့ စမိုင်းလ်
Posted on
ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ မင်းသမီးချောတစ်လက်ဖြစ်တဲ့ စမိုင်းလ်က ချစ်စရာကောင်းပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူတစ်ယောက်ပါ။ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ စမိုင်းလ်ရဲ့ ထူးချွန်တဲ့ သမီးလေးနှစ်ယောက်ကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပါ။
ထက်မြတ်ပြီးကြိုးစားချင်စိတ်အပြည့်ရှိတဲ့ စမိုင်းလ် လို အမျိုးသမီးတစ်ယောက်ကို အမေတော်ခွင့်ရထားလို့ အရမ်းကို ကံကောင်းကြတဲ့ ကလေးလေးတွေပါ။ ပရိသတ်တွေသိကြတဲ့ အတိုင်း အိမ်ထောင်ကြပြီး နောက်မှာ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာခဲ့တာကြောင့်အလှအပကို ဂရုမစိုက်နိုင်ခဲ့တဲ့ စမိုင်းလ်က အခုဆိုရင် အပြင်းအထန်ကြိုးစားမှုတွေကြောင့် မိန်းကလေးအားကျရလောက်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်နေပါပြီ။
အခုလည်း သူမကို အပြင်းအထန်ကြိုးစားလာအောင်် သေသေချာချာသင်ပေးနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ် မင်းသားချော ထူးအောင် နဲ့ Gym မှာ ကစားနေတဲ့ ပုံလေးတွေကို တင်ခဲ့တာပါ။ ပရိသတ်တွေအားကျရတဲ့ မင်းသမီးချောလေး စမိုင်းလ်ကို မင်းသားချော ထူးအောင်က ဘယ်လိုတွေ Training ပေးနေလဲ ဆိုတာကိုတော့ ပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါအုံး…ပရိသတ်ကြီးရေ။
Source:Smile(စမိုင်းလ်)
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)