နှစ်ကိုယ်ခွဲဇာတ်ရုပ်အတွက် ကျော်ထက်ဇော်ကို ငါးရက်နဲ့အပြတ်သင်ပေးခဲ့တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်

Posted on

မေမွှေးက သူမရဲ့ပညာတွေ ကျော်ထက်ဇော်ကို သင်ပေးခဲ့စဉ်က အကြောင်းတွေကို ” လေးစားချစ်ခင်တန်ဖိုးထားရပါသော ပရိသတ်ကြီး နှင့် We Love MMMA သဲသဲတုံလေးတို့ရှင့် မို့ချစ်ပရိသတ်ကို မို့ရဲ့သားတပည့် ကျော်ထက်ဇော်ကိုအနုပညာအမွေလက်ဆင့်ကမ်းပေးတာ မိတ်ဆက်ပေးဖို့နောက်ကျနေတာခွင့်လွှတ်ပါ။ COVID~19 ဖြစ်နေတော့ သတိလက်လွတ် ဖြစ်သွားပါတယ်။ သားကမွေနေ့ကို စောင့်ဆိုင်းပြီး Surprise လုပ်မှ သားအတွက်တာဝန်မကြေ သေးတာသိလိုက်ရလို့ခုပဲအနုပညာသွေးကြောစီးဆင်းခြင်းအမွေကို ကြေငြာ ပါရစေ။ သားကျော်ထက်ဇော်ကိုပထမဦးဆုံးစီးရီးက မို့အမအကြီးဆုံးကကျော်ဆုကို မျက်လုံးကြိုက်တယ် ကျော်ထက်ဇော်ကို ချောလို့ ကြိုက်တယ်ပေါ့ မို့ကလိုအပ်ချက်တွေမြင်တယ် အော် ငယ်သေးတာကိုးပေါ့ နောက်ကလေးလေးနဲ့စီးရီးကျတော့သိပ်အားမရဘူး။ ကြားမှာ မို့ဆုံဖို့ ကားတစ်ကားက မို့မရိုက်ဖြစ်တော့သူနဲ့လွဲသွားတယ်။ မနှစ်က (၂၀၁၉) ဖေဖေါ်ဝါရီလမှာ MRTV 4 ကတာဝန်ရှိသူက မို့ကိုအကူအညီတောင်းလာတယ်။ ကျော်ထက်ဇော်ကိုနှစ်ကိုယ်ခွဲ သရုပ်ဆောင်သင်ပေးပါလို့ မဟုတ်ရင် ထိုင်းဒါရိုက်တာက ထိုင်းကဆရာ နဲ့သင်မယ်ပေါ့။ သူတို့ကလည်း တို့မြန်မာပြည်မှာသင်နိုင်တဲ့ဆရာရှိပါတယ်ဆိုတော့ မို့ကို Challenge တစ်ခု ဖြစ်သွားတယ် မို့ကလည်း (၅) ရက်ပဲ သင်မယ်လို့ Challenge လုပ်လိုက်တယ်။ ”

” လုပ်ပြီးမှတွေးမိတယ် ငါသင်မယ့်တပည့်ကလိုက်နိုင်ပါ့မလားပေါ့။ နောက်နေ့ကျော်ထက်ဇော် ရောက်လာတော့တာပဲ။ အရင်ဆုံး သူ့ပုခုံးတောင့်နေတာပြင်ရတယ်။ သူ့အိမ်မှာရှိတဲ့ Golf ရိုက်တံ ကို မြက်ခင်းမှာသီချင်းဆိုပြီး အကြာကြီး Swing လုပ်ခိုင်းလိုက်တယ်။ သူကပါးနပ်တယ် အခြေခံတွေပါရအောင်သင်သွားတယ်။ Tempo အလိုက် အဆင့်ဆင့်ငိုနိုင်တယ်။ ခက်တာက မို့မျက်နှာမြင်ပြီးရင် တော်တော်နဲ့အငိုမတိတ်တော့ဘူး။ တစ်အိမ်လုံးကြားရအောင် ရှိုက်ကြီးတငင်ငိုတာ။ မို့လည်းမရပ်ခိုင်းဘူး ကုန်အောင်ငိုခိုင်းတယ် မကုန်ရင် ရင်တုန် လက်တုန်တွေ ဖြစ်တတ်တယ်။ ပြန်နုတ်ရတယ်ပေါ့။ ဖွေးဖွေးကိုသင်သာသင်ပေးလိုက်တယ် ပြန်နုတ်တာမေ့ပြီး မပြောလိုက်တော့ (၁၀) နှစ်ကားရိုက်ပြန်ဆုံမှ (လှပ်၍လွှင့်သော) ပြန်နုတ်ဖို့ သင်ပေးရတယ်။ ဖွေးလည်းပြန်မနုတ်တော့ ရင်တုန်လက်တုန် တွေဖြစ်နေတာ။ ကျော်ထက်ဇော်ကတော့ ရူးသွပ်တော့သင်ရတာလွယ် နာခံတော့ပညာပေးရတာအားရတယ်။ ကဲကဲ အခုပြနေတဲ့ ” အချစ်ဖွဲ့ လေညင်း “နှစ်ကိုယ်ခွဲလေး ကြည့်နေကြရောပေါ့။ ”

 

” အခုမှနှစ်ကိုယ်ခွဲကို သူအတွေ့အကြုံရပေမဲ့ ပထမဦးဆုံးအတွေ့အကြုံသူသဘာနဲ့ အများကြီး ကြိုးစားတာ ကွဲပြားခြားနားတာတွေ တွေ့ရမှာပါ။ ရုပ်ရှင်လိုတိုတိုလေးကို သရုပ်ဆောင်ရတာ မဟုတ်ဘဲ ဇာတ်လမ်းရှည်ကြီးကိုရိုက်ရတာ တာဝန်အင်မတန်ကြီးပါတယ် ဇာတ်က Crossing Character တွေကပိုခက်ပါတယ်။ တစ်ကိုယ်နေရာကို တစ်ကိုယ်ဝင် လူချင်းချိန်းရသေးတယ် တယောက်ချင်းရဲ့ Style ပျောက်လို့မရပါဘူး (၄) ယောက်စာသရုပ်ဆောင်ရတာပါ သူတော်ပါ တယ်။ သူ့အရွယ်သူ့သဘာနဲ့ကြိုးစားပါတယ်။ ခုဆိုအပြင် ရုပ်ရှင်ဇာတ်ကား တွေလည်းရိုက်နေရ ပါပြီ။ မို့သေသေချာချာ Guideline တွေပေးပါတယ်။ ပရိသတ်ရဲ့အဖြေကို သိရတော့ မို့အပင်ပန်း ခံရကျိုးနပ်သွားပါတယ်။ အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက အဆိပ်ဇာတ်ကားကိုရုံတင်ရင်ကြည့်ကြည့်ကြပါဦး။ မို့ကတော့ တဆင့်စကားတဆင့်ကြားရတာ နဲ့တင်တော်တော် ပီတိဖြစ်နေရပါပြီ။ ကဲပရိသတ်ကြီးရေ မို့ Challenge လုပ်ရကျိုးနပ်ပါတယ် နော်။ ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Moh Moh Myint Aung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ႏွစ္ကိုယ္ခြဲဇာတ္႐ုပ္အတြက္ ေက်ာ္ထက္ေဇာ္ကို ငါးရက္နဲ႔အျပတ္သင္ေပးခဲ့တဲ့ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္

ေမေမႊးက သူမရဲ႔ပညာေတြ ေက်ာ္ထက္ေဇာ္ကို သင္ေပးခဲ့စဥ္က အေၾကာင္းေတြကို  ” ေလးစားခ်စ္ခင္တန္ဖိုးထားရပါေသာ ပရိသတ္ႀကီးႏွင့္ We Love MMMA သဲသဲတုံေလးတို႔ရွင့္ မို႔ခ်စ္ပရိသတ္ကို မို႔ရဲ႕သားတပည့္ ေက်ာ္ထက္ေဇာ္ကိုအႏု ပညာအေမြလက္ဆင့္ကမ္းေပးတာ မိတ္ဆက္ေပးဖို႔ေနာက္က်ေနတာခြင့္လႊတ္ပါ။ COVID~19 ျဖစ္ေနေတာ့ သတိလက္လြတ္ ျဖစ္သြားပါ တယ္။ သားကေမြေန႔ကို ေစာင့္ဆိုင္းၿပီး Surprise လုပ္မွ သားအတြက္တာဝန္မေၾက ေသးတာသိလိုက္ရလို ႔ခုပဲအႏုပညာေသြး ေၾကာစီးဆင္းျခင္းအေမြကို ေၾကျငာပါရေစ။ သားေက်ာ္ထက္ေဇာ္ကိုပထမဦးဆုံးစီးရီးက မို႔အမအႀကီးဆုံးကေက်ာ္ဆုကို မ်က္လုံးႀကိဳက္ တယ္ ေက်ာ္ထက္ေဇာ္ကိုေခ်ာလို႔ႀကိဳက္တယ္ေပါ့ မို႔ကလိုအပ္ခ်က္ေတြျမင္တယ္ ေအာ္ ငယ္ေသးတာကိုးေပါ့ ေနာက္ကေလးေလးနဲ႔စီးရီးက်ေတာ့သိပ္အားမရဘူး။ ၾကားမွာ မို႔ဆုံဖို႔ ကားတစ္ကားက မို႔မ႐ိုက္ျဖစ္ေတာ့သူနဲ႔လြဲသြားတယ္။ မႏွစ္က (၂၀၁၉) ေဖေဖၚဝါရီလမွာ MRTV 4 ကတာဝန္ရွိသူက မို႔ကိုအကူအညီေတာင္းလာတယ္။ ေက်ာ္ထက္ေဇာ္ကိုႏွစ္ကိုယ္ခြဲ သ႐ုပ္ေဆာင္သင္ေပးပါလို႔ မဟုတ္ရင္ ထိုင္းဒါ႐ိုက္တာက ထိုင္းကဆရာနဲ႔သင္မယ္ေပါ့။ သူတို႔ကလည္း တို႔ျမန္မာျ ပည္မွာသင္ႏို င္တဲ့ဆရာရွိပါတယ္ဆိုေတာ့ မို႔ကို Challenge တစ္ခု ျဖစ္သြားတယ္ မို႔ကလည္း (၅) ရက္ပဲ သင္မယ္လို႔ Challenge လုပ္လိုက္တယ္။ ”

” လုပ္ၿပီးမွေတြးမိတယ္ ငါသင္မယ့္တပည့္ကလိုက္ႏိုင္ပါ့မလားေပါ့။ ေနာက္ေန႔ေက်ာ္ထက္ေဇာ္ ေရာက္လာေတာ့တာပဲ။ အရင္ဆုံး သူ႔ပုခုံးေတာင့္ေနတာျပင္ရတယ္။ သူ႔အိမ္မွာရွိတဲ့ Golf ႐ိုက္တံ ကို ျမက္ခင္းမွာသီခ်င္းဆိုၿပီး အၾကာႀကီး Swing လုပ္ခိုင္း လိုက္တယ္။ သူကပါးနပ္တယ္ အေျခခံေတြပါရေအာင္သင္သြားတယ္။ Tempo အလိုက္ အဆင့္ဆင့္ငိုႏိုင္တယ္။ ခက္တာက မို႔မ်က္ႏွာျမင္ၿပီး ရင္ေတာ္ေတာ္နဲ႔အငိုမတိတ္ေတာ့ဘူး။ တစ္အိမ္လုံးၾကားရေအာင္ ရႈိက္ႀကီးတငင္ငိုတာ။ မို႔လည္းမရပ္ခိုင္းဘူး ကုန္ေအာင္ငို ခိုင္းတယ္ မကုန္ရင္ ရင္တုန္ လက္တုန္ေတြ ျဖစ္တတ္တယ္။ ျပန္ႏုတ္ရတယ္ေပါ့။ ေဖြးေဖြးကိုသင္သာသင္ေပးလိုက္တယ္ ျပန္ႏုတ္တာ ေမ့ၿပီး မေျပာလိုက္ေတာ့ (၁၀) ႏွစ္ကား႐ိုက္ျပန္ဆုံမွ (လွပ္၍လႊင့္ေသာ) ျပန္ႏုတ္ဖို႔ သင္ေပးရတယ္။ ေဖြးလည္းျပန္ မႏုတ္ေတာ့ ရင္တုန္လက္တုန္ေတြျဖစ္ေနတာ။ ေက်ာ္ထက္ေဇာ္ကေတာ့ ႐ူးသြပ္ေတာ့သင္ရတာလြယ္ နာခံေတာ့ပညာေပးရတာ အားရတယ္။ ကဲကဲ အခုျပေနတဲ့ ” အခ်စ္ဖြဲ႕ ေလညင္း “ႏွစ္ကိုယ္ခြဲေလး ၾကည့္ေနၾကေရာေပါ့။ ”

” အခုမွႏွစ္ကိုယ္ခြဲကို သူအေတြ႕အႀကဳံရေပမဲ့ ပထမဦးဆုံးအေတြ႕အႀကဳံသူသဘာနဲ႔ အမ်ားႀကီး ႀကိဳးစားတာ ကြဲျပားျခား နားတာေတြေတြ႕ရမွာပါ။ ႐ုပ္ရွင္လိုတိုတိုေလးကို သ႐ုပ္ေဆာင္ရတာ မဟုတ္ဘဲ ဇာတ္လမ္းရွည္ႀကီးကို႐ိုက္ရတာ တာဝန္အင္မတန္ႀကီးပါတယ္ ဇာတ္က Crossing Character ေတြကပိုခက္ပါတယ္။ တစ္ကိုယ္ေနရာကို တစ္ကိုယ္ဝင္ လူခ်င္းခ်ိန္းရေသးတယ္ တေယာက္ခ်င္းရဲ႕ Style ေပ်ာက္လို႔မရပါဘူး (၄) ေယာက္စာသ႐ုပ္ေဆာင္ရတာပါ သူေတာ္ပါ တယ္။ သူ႔အ႐ြယ္သူ႔သဘာနဲ႔ႀကိဳးစားပါတယ္။ ခုဆိုအျပင္ ႐ုပ္ရွင္ဇာတ္ကား ေတြလည္း႐ိုက္ေနရ ပါၿပီ။ မို႔ေသေသခ်ာခ်ာ Guideline ေတြေပးပါတယ္။ ပရိသတ္ရဲ႕အေျဖကို သိရေတာ့ မို႔ အပင္ပန္းခံရက်ိဳးနပ္သြားပါတယ္။ ေအာင္ေခတ္မင္း႐ုပ္ရွင္ထုတ္လုပ္ေရးက အဆိပ္ဇာတ္ကားကို႐ုံတင္ရင္ၾကည့္ၾကည့္ၾကပါဦး။ မို႔ကေတာ့ တဆင့္စကားတဆင့္ၾကားရတာ နဲ႔တင္ေတာ္ေတာ္ ပီတိျဖစ္ေနရပါၿပီ။ ကဲပရိသတ္ႀကီးေရ မို႔ Challenge လုပ္ရက်ိဳးနပ္ပါ တယ္ ေနာ္။ ” ဆိုျပီးေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Moh Moh Myint Aung