{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590657052366","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590657039350","source":"other","origin":"unknown"}

မိသားစု ပျော်ပျော်ရွှင်ရွှင် Family Trip လေးသွားခဲ့တဲ့ အမှတ်တရပုံလေးတွေတင်လိုက်တဲ့ ဆုပန်ထွာ

Posted on

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။တစ်ခေတ်တစ်ခါထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့ရာ ယနေ့ချိန်ထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

ဆုပန်ထွာက ချစ်စရာသားသားရယ်၊အရမ်းချစ်တတ်တဲ့ခင်ပွန်းရယ်ကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့မိသားစုဘဝလေးက သာယာစိုပြေပြီး ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။သားချောလေး Roar Roar လေးကလည်း ချစ်မွှေးလေးပါပြီး တီတီတာတာလေးတွေပြောဆိုတတ်လို့ ဆုပန်ထွာတို့အိမ်ရဲ့ဆည်းလည်းလေးဆိုလည်း မမှားပါဘူးနော်။

ပန်ပန်ကတော့ သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုဖော့ဘွတ်ပေါ်တွင် အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း မိသားစုပျော်ပျော်ရွှင်ရွှင် Family Trip လေးသွားခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Okkar Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Okkar Kyaw