စိတ်ဝင်စားစရာကောင်းလွန်းတဲ့ ဆရာတော်တစ်ပါးနဲ့ ဇာဇာထက်တို့ရဲ့ အမေးအဖြေ

Posted on

Sexy Model အဖြစ်လျှောက်လှမ်းနေသူဇာဇာထက်ဟာ သူမဘဝကိုအမြဲတမ်း တိုးတက်အောင် ကြိုးစားနေသူတစ်ယောက်ပါ။ ပညာရေးဆိုလည်းအရမ်းကိုကြိုးစားပြီး ပညာလောဘရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ပူပင်သောကတွေများခဲ့ရတာမို့ အေးချမ်းတဲ့ဘုရားရိပ်တရားရိပ်မှာ ခေတ္တခဏခိုလှုံဖို့စဉ်းစားခဲ့ပေမယ့် လတ်တလောဖြစ်နေတဲ့ ရောဂါတွေကြောင့် အကောင်ထည်မဖော်နိုင်ခဲ့ပါဘူး။

ဒီကပ်ကာလကြီးပြီးရင်တော့ သီလရှင်ဝတ်ဖို့အတွက်ရည်ရွယ်ထားတဲ့အတိုင်းသေချာပေါက်ကို ဝတ်ဖြစ်မှာပါ။ သီလရှင်မဝတ်ခင်မှာ တော့ သူမ လက်ခံထားတဲ့ကြော်ငြာတွေကိုပြီးပြတ်အောင် ရိုက်သွားပေးမယ့်အကြောင်းကိုလည်း လုပ်ငန်းရှင်တွေကို အသိပေးခဲ့ပါသေး တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သီလရှင်ဝတ်မယ့်ကျောင်းကိုသွားပြီး သူမ သိချင်တာတွေကို ဦးဇင်းကိုလျှောက်ထားခဲ့ပါတယ်။

ဒီအကြောင်းလေးကို ” Me -ဘုန်းဘုန်းဘုရား တပည့်တော်မယ်သီလရှင်ဝတ်မယ်ပြောပြီး Covid-19 ကြောင့်မဝတ်ဖြစ်တော့ စကားအကြွေးတင်နေတယ်ဘုရား အခုမဝတ်ခင် တပည့်တော်မ သိချင်တာလေးရှိလို့ စိတ်ထဲမရှင်းတာလေးရှိလို့ ဘုန်းကြီးကိုအရင် လာလျှောက် တာပါဘုရား တော်ကြာဟိုစကားပုံလို ဆံပင်လဲဆုံး လင်လဲဆုံးဖြစ်မှာစိုးလို့ပါဘုရား ရှေ့တစ်ခုကတော့ဆုံးပြီးပြီဆိုတော့ ဆုံးစရာမရှိတော့ပါဘူးဘုရား ယောဂီနဲ့မယ်သီလရှင်ဝတ်ရတဲ့ အကျိုးလေး မဝတ်ခင်တပည့်တော်မ နားလည်အောင် လူပြိန်းနည်းလေးနဲ့ ပဲအရင်ဥပမာလေးနဲ့ ပြောပြပေးပါဘုရား (ဘုန်းဘုန်း – လူပြိန်းနည်းနဲ့ရှင်းပြရရင် မယ်သီလရှင်ကကိုယ့်ရဲ့လှနေတဲ့ကေသာကိုဆံချရတယ် လူဝတ်ကိုစွန့်ရတယ် ဒီတော့ဆံကေသာကို လူတိုင်းစွန့်ပြီး မယ်သီလရှင်ဝတ်ကြသလား ဒကာမ) Me – လူတိုင်းမဝတ်ကြပါဘူးဘုရား ဘုန်းဘုန်း – အိမ်း ဒကာမ စဉ်းစားလို့ရရင်သာ ကျောင်းပြန်လာခဲ့ သွားပြန်တော့ မိုးချုပ်နေပြီ Me – တင်ပါ့ဘုရား ” ဆိုပြီး မဇာက ဝေမျှခဲ့ပါတယ်။ စာဖတ်သူတို့ရော ဘယ်လိုခန့်မှန်းကြသလဲ မှတ်ချက်လေးရေးခဲ့ပါဦးနော်။

Happy – Cele Zone
Photo – Zar Zar Htet

(ဇော်ဂျီဖြင့်ဖတ်ရန်)

စိတ္ဝင္စားစရာေကာင္းလြန္းတဲ့ ဆရာေတာ္တစ္ပါးနဲ႔ ဇာဇာထက္တို႔ရဲ႕ အေမးအေျဖ

Sexy Model အျဖစ္ေလွ်ာက္လွမ္းေနသူဇာဇာထက္ဟာ သူမဘဝကိုအၿမဲတမ္း တိုးတက္ေအာင္ ႀကိဳးစားေနသူတစ္ေယာက္ပါ။ ပညာေရးဆိုလည္းအရမ္းကိုႀကိဳးစားၿပီး ပညာေလာဘရွိသူ တစ္ေယာက္လည္းျဖစ္ပါတယ္။ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ပူပင္ေသာကေတြမ်ားခဲ့ရတာမို႔ ေအးခ်မ္းတဲ့ဘုရားရိပ္တရားရိပ္မွာ ေခတၱခဏခိုလႈံဖို႔စဥ္းစားခဲ့ေပမယ့္ လတ္တေလာျဖစ္ေန တဲ့ ေရာဂါေတြေၾကာင့္ အေကာင္ထည္မေဖာ္ႏိုင္ခဲ့ပါဘူး။

ဒီကပ္ကာလႀကီးၿပီးရင္ေတာ့ သီလရွင္ဝတ္ဖို႔အတြက္ရည္႐ြယ္ထားတဲ့အတိုင္းေသခ်ာေပါက္ကို ဝတ္ျဖစ္မွာပါ။ သီလရွင္မဝတ္ခင္မွာေတာ့ သူမ လက္ခံထားတဲ့ေၾကာ္ျငာေတြကိုၿပီးျပတ္ေအာင္ ႐ိုက္သြားေပးမယ့္အေၾကာင္းကိုလည္း လုပ္ငန္းရွင္ေတြကို အသိေပးခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္က သီလရွင္ဝတ္မယ့္ေက်ာင္းကိုသြားၿပီး သူမ သိခ်င္တာေတြကို ဦးဇင္းကို ေလွ်ာက္ထားခဲ့ပါတယ္။

ဒီအေၾကာင္းေလးကို ” Me -ဘုန္းဘုန္းဘုရား တပည့္ေတာ္မယ္သီလရွင္ဝတ္မယ္ေျပာၿပီး Covid-19 ေၾကာင့္မဝတ္ျ ဖစ္ေတာ့ စကားအေႂကြးတင္ေနတယ္ဘုရား အခုမဝတ္ခင္ တပည့္ေတာ္မ သိခ်င္တာေလးရွိလို႔ စိတ္ထဲမရွင္းတာေလးရွိလို႔ ဘုန္းႀကီးကိုအရင္လာေလွ်ာက္ တာပါဘုရား ေတာ္ၾကာဟိုစကားပုံလို ဆံပင္လဲဆုံး လင္လဲဆုံးျဖစ္မွာစိုးလို႔ပါဘုရား ေရွ႕တစ္ခု
ကေတာ့ဆုံးၿပီးၿပီဆိုေတာ့ ဆုံးစရာမရွိေတာ့ပါဘူးဘုရား ေယာဂီနဲ႔မယ္သီလရွင္ဝတ္ရတဲ့ အက်ိဳးေလး မဝတ္ခင္တပည့္ေတာ္မ နားလည္ေအာင္ လူျပိန္းနည္းေလးနဲ႔ပဲအရင္ဥပမာေလးနဲ႔ ေျပာျပေပးပါဘုရား (ဘုန္းဘုန္း – လူျပိန္းနည္းနဲ႔ ရွင္းျပရရင္ မယ္သီလရွင္က ကိုယ့္ရဲ႕လွေနတဲ့ေကသာကိုဆံခ်ရတယ္ လူဝတ္ကိုစြန္႔ရတယ္ ဒီေတာ့ဆံေကသာကို လူတိုင္းစြန္႔ၿပီး မယ္သီလရွင္ဝတ္ၾကသလား ဒကာမ) Me – လူတိုင္းမဝတ္ၾကပါဘူးဘုရား ဘုန္းဘုန္း – အိမ္း ဒကာမ စဥ္းစားလို႔ရရင္သာ ေက်ာင္းျပန္လာခဲ့ သြားျပန္ေတာ့ မိုးခ်ဳပ္ေနၿပီ Me – တင္ပါ့ဘုရား ” ဆိုၿပီး မဇာက ေဝမွ်ခဲ့ပါတယ္။ စာဖတ္သူတို႔ေရာ ဘယ္လိုခန႔္မွန္းၾကသလဲ မွတ္ခ်က္ေလးေရးခဲ့ပါဦးေနာ္။

Happy – Cele Zone
Photo – Zar Zar Htet