အာရှနိုင်ငံတွေစုပေါင်းဖျော်ဖြေမယ့် Online Charity Concert မှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်မယ့် ဖြူဖြူကျော်သိန်း

Posted on

အာရှပရိသတ်တွေအရမ်းကိုသဘောကျတဲ့ ” Friend Zone ” ဆိုတဲ့ထိုင်းဇာတ်ကားလေးရဲ့ ဇာတ်ဝင်တေးသီချင်းမှာ ပါဝင်သီဆိုခဲ့ရာကနေ အာရှပရိသတ်တွေရဲ့အားပေးထောက်ခံမှုကို ရရှိထားတဲ့ဖြူဖြူကျော်သိန်းတစ်ယောက် ဒီနေ့မှာလည်း လတ်တလောဖြစ်ပွားနေတဲ့ Covid 19 ရောဂါနဲ့ပတ်သက်ပြီး အာရှနိုင်ငံတွေအတွက် ရန်ပုံငွေရှာဖွေးတဲ့ Online Charity Concert ကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အဆိုတော်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ အာရှနိုင်ငံအသီးသီးက နာမည်ကျော်အဆိုတော်တွေပါဝင်မှာဖြစ်ပြီး ဖြူဖြူကလည်း မြန်မာနိုင်ငံက အဆိုရှင်တစ်ယောက်အနေနဲ့ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီပွဲကို ဟောင်ကောင်စံတော်ချိန် ည (၈) နာရီမှာကျင်းပမှာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ ည (၆:၃၀) အချိန်ဖြစ်ပါတယ်။ ဖြူဖြူ့ရဲ့ပရိသတ်တွေကတော့ ဒီပွဲကြီးအတွက် အရမ်းကိုရင်ခုန်နေခဲ့ပါတယ်။

ဖြူဖြူ့ရဲ့သီဆိုဟန်တွေဟာ ကိုယ်ပိုင်ဟန်အမူအရာတွေဖြစ်ပြီး ကြည့်ရှုသူတိုင်းရဲ့စိတ်နှလုံးကို အပြည့်အဝဖမ်းစားနိုင်ခဲ့တာတော့ အမှန်ပါ ပဲ။ ထွက်သမျှသီချင်းတိုင်းလိုလိုလည်း အောင်မြင်ခဲ့ ပြီး ဂီတလမ်းကြောင်းပေါ်မှာ အခိုင်အမာနေရာတစ်ခုရထားပြီး ရပ်တည်နေသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီညနေမှာထုတ်လွှင့်မယ့် Online Charity Concert မှာ ဖြူဖြူ့ရဲ့ဖျော်ဖြေဟန်တွေကို အားပေးလိုက်ပါဦး နော်။

Happy – Cele Zone
Photo – Phyu Phyu Kyaw Thein

(ဇော်ဂျီဖြင့်ဖတ်ရန်)

အာရွႏိုင္ငံေတြစုေပါင္းေဖ်ာ္ေျဖမယ့္ Online Charity Concert မွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ ပါဝင္မယ့္ ျဖဴျဖဴေက်ာ္သိန္း

အာရွပရိသတ္ေတြအရမ္းကိုသေဘာက်တဲ့ ” Friend Zone “ဆိုတဲ ့ထိုင္းဇာတ္ကားေလးရဲ႕ ဇာတ္ဝင္ေတးသီခ်င္းမွာ ပါဝင္သီဆို ခဲ့ရာကေန အာရွပရိသတ္ေတြရဲ႕အားေပးေထာက္ခံမႈကို ရရွိထားတဲ့ျဖဴျဖဴေက်ာ္သိန္းတစ္ေယာက္ ဒီေန႔မွာလည္း လတ္တေလာျဖစ္ပြားေနတဲ့ Covid 19 ေရာဂါနဲ႔ပတ္သက္ျပီး အာရွႏိုင္ငံေတြအတြက္ ရန္ပံုေငြရွာေဖြးတဲ့ Online Charity Concert ၾကီးမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအဆိုေတာ္အေနနဲ႔ ပါဝင္သြားမွာျဖစ္ပါတယ္။

ဒီပြဲမွာ အာရွႏိုင္ငံအသီးသီးက နာမည္ေက်ာ္အဆိုေတာ္ေတြပါဝင္မွာျဖစ္ျပီး ျဖဴျဖဴကလည္း ျမန္မာနိုင္ငံက အဆိုရွင္တစ္ေယာက္အေန နဲ႔ ပါဝင္ေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။ ဒီပြဲကို ေဟာင္ေကာင္စံေတာ္ခ်ိန္ ည (၈) နာရီမွာက်င္းပမွာျဖစ္ျပီး ျမန္မာစံေတာ္ခ်ိ န္နဲ႔ဆိုရင္ေတာ့ ည (၆:၃၀) အခ်ိန္ျဖစ္ပါတယ္။ ျဖဴျဖဴ႕ရဲ႕ပရိသတ္ေတြကေတာ့ ဒီပြဲၾကီးအတြက္ အရမ္းကိုရင္ခုန္ေန ခဲ့ပါတယ္။

ျဖဴျဖူ႕ရဲ႕သီဆိုဟန္ေတြဟာ ကိုယ္ပိုင္ဟန္အမူအရာေတြျဖစ္ျပီး ၾကည့္ရႈသူတိုင္းရဲ႕စိတ္ႏွလံုးကို အျပည့္အဝဖမ္းစားႏိုင္ခဲ့ တာေတာ့အမွန္ပါပဲ။ ထြက္သမွ်သီခ်င္းတိုင္းလိုလိုလည္း ေအာင္ျမင္ခဲ့ ျပီး ဂီတလမ္းေၾကာင္းေပၚမွာ အခိုင္အမာေနရာတစ္ခုရ ထားျပီး ရပ္တည္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီညေနမွာထုတ္လႊင့္မယ့္ Online Charity Concert မွာ ျဖဴျဖဴ႕ရဲ႕ေဖ်ာ္ေျဖ ဟန္ေတြ ကို အားေပးလိုက္ပါဦးေနာ္။

Happy – Cele Zone
Photo – Phyu Phyu Kyaw Thein