မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ အိမ်မှာနေရင်းဝိတ်ချလို့ရတဲ့အကြောင်းကို ဗီဒီယိုလေးနဲ့ သက်သေပြလိုက်တဲ့ စမိုင်းလ်

Posted on

သမီးလေးနှစ်ယောက်ကိုမွေးပြီးနောက် ကိုယ်အလေးချိန် ပေါင် (၂၀၀) ကျော်ထိ တက်သွားခဲ့တဲ့ စမိုင်းလ်ဟာဆိုရင် အခုလက်ရှိမှာ အတော်လေးကိုကျစ်လျစ်လှပတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း သူမက အတော်လေး အချိန်ပေးပြီး ကြိုးစားခဲ့ရသလို ပင်ပင်ပန်းပန်းနဲ့လေ့ကျင့်ခဲ့ရတာပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့တယ်ဆိုတာ ထင်သလောက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။

အစားအသောက်တွေလည်းလျော့ရသလို လေ့ကျင့်ခန်းကို ပင်ပင်ပန်းပန်းနဲ့လုပ်ရတာပါ။ ဒါကိုဖြတ်ကျော်ပြီး ကျန်းမာလှပတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ဆိုတာ အတော်လေးဇွဲရှိပြီး သည်းခံနိုင်မှ အဆင်ပြေတာပါ။ စမိုင်းလ်ကတော့ ဒီလိုအနေအိထားရောက်ဖို့အတွက် အများကြီး ကြိုးစားခဲ့ရတဲ့အကြောင်းကို ကိုယ်တွေ့အဖြစ်အပျက်လေးတွေကို ထည့်သွင်းရေးသားထားတဲ့ စာအုပ်လေးနဲ့ အားလုံးကို ဝေမျှခဲ့ပါ တယ်။

ဒီနေ့မှာလည်း အလေးတုံးအစား မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ နောက်ကျောနဲ့လက်မောင်း အဆီတွေ ချလို့ရမယ့် လေ့ကျင့်ခန်းလုပ်နည်း တွေကို သူမရဲ့ လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ Stay Home ကာလတွေမှာ အကုန်လုံးက အစားတလိုင်းဖြစ်ကုန်လို့ ဝိတ်လေးလည်း ချလို့ရအောင် စမိုင်းလ်ရဲ့လေ့ကျင့်ခန်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

မ်က္ႏွာသုတ္ပုဝါတစ္ထည္နဲ႔ အိမ္မွာေနရင္းဝိတ္ခ်လို႔ရတဲ့အေၾကာင္းကို ဗီဒီယိုေလးနဲ႔ သက္ေသျပလိုက္တဲ့ စမိုင္းလ္

သမီးေလးႏွစ္ေယာက္ကိုေမြးၿပီးေနာက္ ကိုယ္အေလးခ်ိန္ ေပါင္ (၂၀၀) ေက်ာ္ထိ တက္သြားခဲ့တဲ့ စမိုင္းလ္ဟာဆိုရင္ အခုလက္ရွိမွာ အေတာ္ေလးကိုက်စ္လ်စ္လွပေတာင့္တင္းတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ေနၿပီပဲျဖစ္ပါတယ္။ ဒီလိုျဖစ္ဖို႔အတြက္လည္း သူမက အေတာ္ ေလးအခ်ိန္ေပးၿပီး ႀကိဳးစားခဲ့ရသလို ပင္ပင္ပန္းပန္းနဲ႔ေလ့က်င့္ခဲ့ရတာပဲျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္ေလ်ာ့တယ္ ဆိုတာ ထင္သေလာက္လြယ္ကူတဲ့ကိစၥေတာ့မဟုတ္ပါဘူး။

အစားအေသာက္ေတြလည္းေလ်ာ့ရသလို ေလ့က်င့္ခန္းကို ပင္ပင္ပန္းပန္းနဲ႔လုပ္ရတာပါ။ ဒါကိုျဖတ္ေက်ာ္ျပီး က်န္းမာလွပ တဲ့ခႏၶာကိုယ္ပိုင္ဆိုင္ဖို႔ဆိုတာ အေတာ္ေလးဇြဲရွိျပီး သည္းခံႏိုင္မွ အဆင္ေျပတာပါ။ စမိုင္းလ္ကေတာ့ ဒီလိုအေနအိထားေရာက္ ဖို႔အတြက္ အမ်ားၾကီးၾကိဳးစားခဲ့ရတဲ့အေၾကာင္းကို ကိုယ္ေတြ႕အျဖစ္အပ်က္ေလးေတြကို ထည့္သြင္းေရးသားထားတဲ့ စာအုပ္ေလးနဲ႔ အားလံုးကို ေဝမွ်ခဲ့ပါတယ္။

ဒီေန႔မွာလည္း အေလးတံုးအစား မ်က္ႏွာသုတ္ပုဝါတစ္ထည္နဲ႔ ေနာက္ေက်ာနဲ႔လက္ေမာင္း အဆီေတြ ခ်လို႔ရမယ့္ ေလ့က်င့္ခန္းလုပ္နည္းေတြကို သူမရဲ႕ လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါတယ္။ Stay Home ကာလေတြမွာ အကုန္လံုးက အစားတလိုင္း ျဖစ္ကုန္လို႔ ဝိတ္ေလးလည္းခ်လို႔ ရေအာင္ စမိုင္းလ္ရဲ႕ေလ့က်င့္ခန္းေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Smile