ဒီနေ့မှာပဲ အသက် (၃၆) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ အပျိုကြီးမအေးသောင်း
Posted on
အသက် (၁၂) အရွယ်ကတည်းက အနုပညာလောကထဲမှာ အောင်အောင်မြင်မြင်လျှောက်လှမ်း ခဲ့တဲ့ မအေးသောင်းတစ်ယောက် ဒီနေ့မှာတော့ အသက် (၃၆) နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အောင်မြင်တဲ့အနုပညာရှင်အဖြစ်ဆက်လက် လျှောက်လှမ်းနေပြီး တည်ငြိမ်တဲ့ အပျိုကြီးမမအဖြစ်နဲ့ ပုရိသတို့ရဲ့အသည်းဆိုင်တွေကို ကိုင်လှုပ်နိုင်စွမ်းရှိနေဆဲပါ။
အမဖြစ်သူနှင်းဝတ်ရည်သောင်းနဲ့အတူ အနုပညာအလုပ်တွေစလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နှင်းဝတ်ရည်သောင်းက နိုင်ငံရပ်ခြား မှာ အလုပ်လုပ်ပြီး ဘဝကိုအေးဆေးတည်ငြိမ်စွာဖြတ်သန်းနေခဲ့ပါပြီ။ မအေးသောင်းကလည်း သူမ ချစ်တဲ့ အနုပညာအလုပ်တွေနဲ့ပဲ ပျော်ပျော်ကြီးဖြတ်သန်းနေဆဲပါပဲ။
ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ ” ရွှေချည်လွှာ ” ဆိုတဲ့ ချည်ထည်ဆိုင်လေးကိုဖွင့်လှစ်ထားခဲ့ပြီး ဆိုင်က ပိတ်စလေးတွေကို အလှဆုံး ဖြစ်အောင်ဝတ်ပြတတ်တဲ့ လုံးကြီးပေါက်လှ အပျိုကြီးကြောင့် အားပေးသူတွေလည်းအများအပြားပါပဲ။ ဒီနေ့ကျရောက်တဲ့ သူမရဲ့ (၃၆) နှစ်ပြည့်မွေးနေ့လေးကို ချစ်ခင်သူတွေကလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါသေးတယ်။ မွေးနေ့မှာပျော်ရွှင်ပါစေ အပျိုကြီးရေ။
Happy – Cele Zone
Photo – Aye Thaung
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Aye Thaung