သူမ ချုပ်ထားတဲ့ ပထမဆုံး Mask လေးကို ထုတ်ကြွားလိုက်တဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

Posted on

ပရိသတ်တွေအားလုံးအကြိုက်တွေ့ခဲ့တဲ့ ” လိပ်ပြာစံအိမ် ” ဆိုတဲ့ ထိတ်လန့်ဖွယ် ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်အနုပညာရှင်တွေနဲ့အပြိုင် ပီပြင်ပိုင်နိုင်အောင် ဇာတ်လမ်းကို သရုပ်ဖော်နိုင်စွမ်းရှိတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်လေးဟာ stay home နေ့ရက်တွေမှာ အကျိုးရှိ အောင် ချစ်ခင်ရတဲ့အမဆီမှာ စက်ချုပ်သင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြည့်ပြည့်လေး ကိုယ်တိုင်ချုပ်ထားတဲ့ ပထမဆုံး Mask လေးဟာ ရုပ်လုံးပေါ်လာခဲ့ပါပြီ။

သူမ ပါဝင်သမျှဇာတ်ကားတိုင်းကို အကောင်းဆုံးပုံဖော်ခဲ့ပြီး စင်ကာပူမှာကျင်းပတဲ့ ” ASIAN Academy Creative Awards 2019 ” ပြိုင်ပွဲမှာလည်း လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ ” Best Actress in Supporting Role ” ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတယ်။ ချစ်စရာကလေးလေးရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေဟာ တခြားအာရှနိုင်ငံက ဇာတ်ပို့သရုပ်ဆောင်တွေကိုပါ ကျော်လွန်သွားခဲ့ တာကြောင့် ဒီဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

 

ပြည့်ပြည့်လေးရဲ့ ပထမဆုံး Mask ချုပ်လုပ်အောင်မြင်သွားတဲ့ပုံရိပ်လေးတွေကို ” ကြိုးစားခြင်းရဲ့ရလာဒ်အဖြစ် သမီးကိုယ်တိုင်ချုပ်တဲ့ mask လေး။ Corona virus ရောဂါ မိမိက စ ကာကွယ်ပါ။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်စရာကောင်းပြီး ချိုလွန်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးရဲ့ နောက်ထပ်ဇာတ်ကားတွေကိုကြည့်ဖို့ ပရိသတ်ကြီးကလည်း မျှော်လင့်နေကြပါတယ်။

Happy – Cele Zone
Photo – Pyae Pyae

(ဇော်ဂျီဖြင့်ဖတ်ရန်)

သူမ ခ်ဳပ္ထားတဲ့ ပထမဆုံး Mask ေလးကို ထုတ္ႂကြားလိုက္တဲ့ ကေလးသ႐ုပ္ေဆာင္ျပည့္ျပည့္

ပရိသတ္ေတြအားလုံးအႀကိဳက္ေတြ႕ခဲ့တဲ့ ” လိပ္ျပာစံအိမ္ ” ဆိုတဲ့ ထိတ္လန႔္ဖြယ္ ႐ုပ္ရွင္ဇာတ္ကားမွာ ဝါရင့္အႏုပညာရွင္ေတြနဲ႔ အၿပိဳင္ ပီျပင္ပိုင္ႏိုင္ေအာင္ ဇာတ္လမ္းကို သ႐ုပ္ေဖာ္ႏိုင္စြမ္းရွိတဲ့ ကေလးသ႐ုပ္ေဆာင္ျပည့္ျပည့္ေလးဟာ stay home ေန႔ရက္ေတြမွာ အက်ိဳးရွိေအာင္ ခ်စ္ခင္ရတဲ့အမဆီမွာ စက္ခ်ဳပ္သင္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ျပည့္ျပည့္ေလး ကိုယ္တိုင္ခ်ဳပ္ထား တဲ့ ပထမဆုံး Mask ေလးဟာ ႐ုပ္လုံးေပၚလာခဲ့ပါၿပီ။

သူမ ပါဝင္သမွ်ဇာတ္ကားတိုင္းကို အေကာင္းဆုံးပုံေဖာ္ခဲ့ၿပီး စင္ကာပူမွာက်င္းပတဲ့ ” ASIAN Academy Creative Awards 2019 ” ၿပိဳင္ပြဲမွာလည္း လိပ္ျပာစံအိမ္ဇာတ္ကားနဲ႔ ” Best Actress in Supporting Role ” ဆုကို ထိုက္ထိုက္တန္တန္ရရွိသြားခဲ့ပါတယ္။ ခ်စ္စရာကေလး ေလးရဲ႕ ပီျပင္လြန္းတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြဟာ တျခားအာရွႏိုင္ငံက ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြကိုပါ ေက်ာ္လြန္သြားခဲ့တာ ေၾကာင့္ ဒီဆုကို ရရွိခဲ့တာပဲျဖစ္ပါတယ္.

ျပည့္ျပည့္ေလးရဲ႕ ပထမဆုံး Mask ခ်ဳပ္လုပ္ေအာင္ျမင္သြားတဲ့ပုံရိပ္ေလးေတြကို ” ႀကိဳးစားျခင္းရဲ႕ရလာဒ္အျဖစ္ သမီး ကိုယ္တိုင္ခ်ဳပ္တဲ့ mask ေလး။ Corona virus ေရာဂါ မိမိက စ ကာကြယ္ပါ။ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ခ်စ္စရာေကာင္းၿပီး ခ်ိဳလြန္းတဲ့ အၿပဳံးေလးေတြကို ပိုင္ဆိုင္ထားတဲ့ ကေလးေလးရဲ႕ ေနာက္ထပ္ဇာတ္ကားေတြကိုၾကည့္ဖို႔ ပရိသတ္ႀကီးကလည္း ေမွ်ာ္လင့္ ေနၾကပါတယ္။

Happy – Cele Zone
Photo – Pyae Pyae