ကိုယ်တိုင်အပင်ပန်းခံပြီး လှူခဲ့တဲ့အလှူလေးအတွက် ကျေနပ်ပီတိတွေဖြစ်နေခဲ့တဲ့ ကော်နီ

Posted on

ဆယ်စုနှစ်တွေများစွာကြာအောင်ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့ပြီး လက်ရှိအချိန်ထိ လည်းအောင်မြင်နေဆဲဖြစ်တဲ့ အဆိုတော် ကော်နီတစ်ယောက် သူမရဲ့ကြည်နူးစရာအလှူလေး အကြောင်းကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ လတ်တလောမှာ အကျပ်အတည်း ကာလ ဖြစ်တာမို့ အလွှာအသီးသီးက အခက်အခဲကိုယ်စီတွေအတွက် တတ်နိုင်သူတွေကလည်း အဆင်ပြေသလို လှူတန်းမှုတွေလုပ်နေခဲ့ ပါတယ်။

 

မကော်ကတော့ တောင်ဒဂုံက ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျှာတွေအပြင် ခင်မင်သူတွေက လက်ဆောင်ပေးတဲ့သရက်သီးတွေကိုပါလှူတန်းခဲ့ပြီး လျှပ်စစ်မလိုဘဲ အသုံးပြုလို့ရတဲ့ ပန်ကာအသေးလေး (၁၀) လုံးကိုပါ လှူတန်းခဲ့ ပါသေးတယ်။ ကြည်နူးစရာအလှူလေးကိုပြုပြီး ဆုံးပါးသွားပြီဖြစ်တဲ့ ချစ်ခင်ရသူတွေကိုလည်း အမျှပေးဝေခဲ့ပါသေးတယ်။

 

အလှူပြုတဲ့ပုံရိပ်လေးကို ” မနေ့ညက,တောင်ဒဂုံမှ, ဆရာတော်ရှင်သောဘိတာလင်္ကာရကျောင်း သို့, သွားရောက်၍ လှုဖွယ်များလှုဒါန်းမှု ပြုခဲ့ပါတယ်, ကိုယ်တိုင်ချက်ပြုတ်ထားသောဟင်းလျှာ များ,မီးပျက်ပူအိုက်ခဲ့လျှင်အသုံးပြုရလွယ်ကူတဲ့,ပန်ကာအသေးလေးတွေ,(၁၀) လုံးဝယ်ခဲ့ပြီး, လိုအပ်သလို အသုံးပြုရန်ခွဲလှုခဲ့ပါတယ် မန္တလေးမှသမီး Zin Mar Aung ပို့ပေးခဲ့တဲ့ စိန်တလုံး သရက်သီးတွေပါလှုခဲ့ ပါတယ် သမီးရေ, ပြည်မှညီမ Thinn Thinn Tun ရဲ့မြကျောက်သရက်သီး တွေရော လှုခဲ့ပါ တယ်နော်,, သား,Pxyoe Txu Ra, ကတော့, တီကော်လိုအပ်ချိန်တိုင်း, ကူညီမှု အမြဲပြုပေးနေတဲ့သားရယ်ပါ,ကြီးပွားတိုးတက်ပါစေသားရေ,ကျောင်းမှာလိုအပ်သည်များ လှုဒါန်းမှုပြု ရင်း (၇)ရက်သားသမီးများနှင့်အတူ,သေဆုံးသွားတဲ့မကော်ရဲ့,တိ,ခလေးများ အတွက် အမျှပေးဝေခဲ့ပါတယ်ရှင် ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာရှိကြပါစေ ” ဆိုပြီးဝေမျှခဲ့ပါတယ်။

 

Happy – Cele Zone
Photo – Tun Connie

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုယ္တိုင္အပင္ပန္းခံျပီး လွဴခဲ့တဲ့အလွဴေလးအတြက္ ေက်နပ္ပီတိေတြျဖစ္ေနခဲ့တဲ့ ေကာ္နီ

ဆယ္စုႏွစ္ေတြမ်ားစြာၾကာေအာင္ဂီတလမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းခဲ့ျပီး လက္ရွိအခ်ိန္ထိ လည္းေအာင္ျမင္ေနဆဲ ျဖစ္တဲ့ အဆုိေတာ္ေကာ္နီတစ္ေယာက္ သူမရဲ႕ၾကည္ႏူးစရာအလွဴေလး အေၾကာင္းကို လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါတယ္။ လတ္တေလာမွာ အက်ပ္အတည္းကာလ ျဖစ္တာမို႔ အလႊာအသီးသီးက အခက္အခဲကိုယ္စီေတြအတြက္ တတ္ႏိုင္သူေတြကလည္း အဆင္ေျပသလို လွဴတန္းမႈေတြလုပ္ေနခဲ့ပါတယ္။

မေကာ္ကေတာ့ ေတာင္ဒဂံုက ဘုန္းေတာ္ၾကီးေက်ာင္းတစ္ခုမွာ ကိုယ္တိုင္ခ်က္ျပဳတ္ထားတဲ့ ဟင္းလွ်ာေတြအျပင္ ခင္မင္သူေတြက လက္ေဆာင္ေပးတဲ့သရက္သီးေတြကိုပါလွဴတန္းခဲ့ျပီး လွ်ပ္စစ္မလိုဘဲ အသံုးျပဳလုိ႔ရတဲ့ ပန္ကာအေသးေလး (၁၀) လံုးကိုပါ လွဴတန္းခဲ့ပါေသးတယ္။ ၾကည္ႏူးစရာအလွဴေလးကိုျပဳျပီး ဆံုးပါးသြားျပီျဖစ္တဲ့ ခ်စ္ခင္ရသူေတြကိုလည္း အမွ်ေပးေဝခဲ့ပါ ေသးတယ္။

အလွဴျပဳတဲ့ပံုရိပ္ေလးကို ” မေန႔ညက,ေတာင္ဒဂုံမွ, ဆရာေတာ္ရွင္ေသာဘိတာလကၤာရေက်ာင္း သို႔, သြားေရာက္၍ လႈဖြယ္မ်ားလႈဒါန္းမႈျပဳခဲ့ပါတယ္, ကိုယ္တိုင္ခ်က္ျပဳတ္ထားေသာဟင္းလွ်ာ မ်ား,မီးပ်က္ပူအိုက္ခဲ့လွ်င္အသုံးျပဳရလြယ္ကူတဲ့, ပန္ကာအေသး ေလးေတြ,(၁၀) လုံးဝယ္ခဲ့ၿပီး, လိုအပ္သလို အသုံးျပဳရန္ခြဲလႈခဲ့ပါတယ္ မႏၲေလးမွသမီး Zin Mar Aung ပို႔ေပးခဲ့တဲ့ စိန္တလုံး သရက္သီး ေတြပါလႈခဲ့ပါတယ္ သမီးေရ, ျပည္မွညီမ Thinn Thinn Tun ရဲ႕ျမေက်ာက္သရက္သီး ေတြေရာ လႈခဲ့ပါ တယ္ေနာ္,, သား,Pxyoe Txu Ra, ကေတာ့, တီေကာ္လိုအပ္ခ်ိန္တိုင္း, ကူညီမႈ အၿမဲျပဳေပးေနတဲ့သားရယ္ပါ,ႀကီးပြားတိုးတက္ပါေစသားေရ, ေက်ာင္းမွာလိုအပ္သည္မ်ား လႈဒါန္းမႈျပဳရင္း (၇)ရက္သားသမီးမ်ားႏွင့္အတူ,ေသဆုံးသြားတဲ့မေကာ္ရဲ႕,တိ,ခေလးမ်ား အတြက္ အမွ်ေပးေဝခဲ့ပါတယ္ရွင္ ကိုယ္စိတ္ႏွစ္ပါးေအးခ်မ္းသာယာရွိၾကပါေစ ” ဆိုျပီးေဝမွ်ခ့ဲပါတယ္။

Happy – Cele Zone
Photo – Tun Connie