ထောပတ်ထမင်းအလှူအတွက် တန်းစီနေတဲ့ လူအုပ်ကြီးကြောင့် ပီတိတွေဖြစ်ခဲ့တဲ့ စမိုင်းလ်

Posted on

အနုပညာလောကမှ တချိန်တခါက ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ စမိုင်းလ်ကတော့ လက်ရှိမှာဆိုရင် မိန်းကလေးတိုင်း အားကျရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ။ စစအရာရာမှာ ကံကောင်းသူတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို လက်ရှိအချိန်ထိ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

အိမ်ထောင်ရေး အလွန်ကံကောင်းသူတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်က မိန်းကလေးတိုင်းလိုချင်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ယခုဆိုရင် အရမ်းတော်ပြီး အမေ့လိုပဲ ထက်မြတ်တဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်းဖြစ်ပါတယ်။ စမိုင်းလ်တို့ မိသားစုလေးက စည်းလုံးမှုရှိပြီး မိသားစုလိုက် အလှူတွေလည်း ခဏ ခဏလုပ်တတ်လို့ ပရိသတ်တွေက အားကျရတဲ့ မိသားစုလေးပါ။

 

အခုလည်း ထောပတ်ထမင်း အလှူလုပ်ပြန်ပါပြီနော်။ အိမ်ရှေ့မှာ ထောပတ်ထမင်းဝေပေးနေတဲ့ စမိုင်းလ်က လာတန်းစီနေတဲ့ လူတန်းရှည်ကြီးကို ကြည့်ပြီး ပီတိတွေအပြည့်နဲ့ ပရိသတ်တွေအတွက် ဗီဒီယို မှတ်တမ်းလေးတင်ထားတာပါ။ CeleZoneရဲ့ ပရိသတ်ကြီးလည်း ဗီဒီယိုလေးကို ကြည့်ပြီး ကြည်နူးပီတိတွေ ပွားများနိုင်ဖို့ တင်ပေးလိုက်ပါပြီနော်။

 

Source:Smile (စမိုင်းလ်)

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



