” မဆယ်လီ သားတစ်လီ ” သီချင်းနဲ့ နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင် ကခုန်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီ

Posted on

အိမ်ထောင်သက်ပူပူနွေးနွေးလေးမှာ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက် သိပ်ချစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုန်တို့နှစ်ယောက်သား ရွှေမှုန်ရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့မှာ ရွှေထူးရဲ့ သီချင်းအသစ်ဖြစ်တဲ့ ” မဆယ်လီ သားတစ်လီ ” သီချင်းနဲ့ ပါတီလုပ်ပြီး ပျော်ပျော်ရွှင်ရွှင် က နေတဲ့ ဗီဒီယိုလေးက သဲက လူမှုကွန်ရက်ပေါ်မှာဝေမျှခဲ့ပါတယ်။

ကပ်ဆိုးကြီးကြောင့် ချစ်ခင်ရသူအားလုံးကိုမဖိတ်ကြားနိုင်ခဲ့ပေမယ့် သူမအတွက် မွေးနေ့လက်ဆောင်လေးတွေပို့ပေးကြတဲ့သူတွေနဲ့ မွေးနေ့ဆုတောင်းပေးကြသူတွေကို သဲက ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ ချစ်ဇနီးလေးကို အလိုလိုက်ပြီးသိပ်ချစ်တဲ့ ရွှေထူး ကတော့ သဲဘာလုပ်လုပ်ကျေနပ်နေတဲ့သူမို့ သဲရဲ့အိမ်ထောင်ရှင်မဘဝလေးက သိပ်ကိုပျော်စရာကောင်းနေပါတယ်။

ဒီဗီဒီယိုလေးဟာ တင်ပြီးနာရီဝက်မပြည့်ခင်မှာ လူပေါင်းခြောက်သောင်းကျော်ဝင်ကြည့်သွားခဲ့ ပြီး သူမတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေ ကလည်း ကြည့်ရှုသူတိုင်းကို ကူးစက်သွားစေခဲ့ပါတယ်။ သိပ်ကိုပျော်နေခဲ့တဲ့ သဲနဲ့ သူမရဲ့ပျော်ရွှင်ချိန်တိုင်း အနားမှာအတူရှိတဲ့ခင်ပွန်းတို့ နှစ်ယောက်သားရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Shwe Mhone Yati

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Shwe Mhone Yati