ရပ်ကွက်ထဲကိုလိုက်ဝေဖို့ နှစ်ယောက်အတူ ကြိုးစားပန်းစားနဲ့ ဒန်ပေါက်တွေချက်နေတဲ့ အောင်လနဲ့ဝိုင်းစု

Posted on

ရှေ့သွားနောက်လိုက်ညီပြီး တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့ အောင်လနဲ့ဝိုင်းစုတို့နှစ်ယောက်သား ရပ်ကွက်ထဲကိုဒန်ပေါက်တွေ လိုက်ဝေဖို့အတွက် ညဖက်ကြီးကြက်သားတွေ နှပ်နေတဲ့ပုံရိပ်လေးကို လူမှုကွန်ရက်ပေါ်ဝေမျှခဲ့ပါတယ်။ လက်တွဲလာတဲ့သက်တမ်း ဟာလည်း ကြာခဲ့ပြီဖြစ်ပြီး ငယ်ကတည်းကချစ်ခဲ့ရသူတွေဆိုတော့ အချစ်တွေရော သံယောဇဉ်တွေပါ ပေါင်းစပ်ထားတဲ့ နှစ်ယောက် သားရဲ့အချစ်ထုထည်က အတော်လေးကြီးမားပါတယ်။

 

နှစ်ယောက်တစ်ဘဝထူထောင်ဖို့ကိုလည်း ပရိသတ်တွေကမျှော်လင့်နေကြပါပြီ။ လတ်တလောမှာတော့ နှစ်ယောက်အတူဝါသနာပါတာ လေးတွေလုပ်ရင်း ဂီတလမ်းကြောင်းပေါ်မှာ အကောင်းဆုံးလျှောက်လှမ်းနေခဲ့ပါတယ်။ ကိုယ်တိုင်ချက်တဲ့ဒန်ပေါက်ကို အနီးနားကသူတွေ ကို လှူချင်တာကြောင့် အတူတူကြိုးစားပန်းစားချက်ခဲ့ကြပါတယ်။

 

နှစ်ယောက်သား အတူတူချက်နေတဲ့ပုံရိပ်လေးတွေကို ” မနက်ဖြန် ဒန်ပေါက်ချက်ပြီး ရပ်ကွက်ထဲလိုက်ပို့ဖို့ ဒီညကြက်သားနှပ်။ သူငယ်ချင်းတွေ အတွက်တော့ နောက်တစ်ခေါက်မှ ပို့ပေးပါ့မယ်။ အခုကပူတော့ နည်းနည်းပဲချက်နိုင်တယ် Ps: ကိုယ်တိုင်လုပ် မဆလာဖြင့်ချက်သည် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Reodineius Aung La

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone