အကြိမ်ကြိမ်သည်းခံခဲ့ပေမယ့် အတိုင်းအတာထက်လွန်လာတဲ့သူတွေကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted on

ပရိသတ်တွေရဲ့ချစ်စနိုးစနောက်မှုတွေကို အမြဲတမ်းအပြုံးမပျက်ဘဲ အတူတူရယ်မောပေးခဲ့တဲ့ အားလုံးချစ်တဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် အတိုင်းအတာထက်ကျော်လွန်ပြီး စနောက်ကြတဲ့သူတွေကို သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေတဆင့် ပြန်လည်ချေပခဲ့ပါတယ်။ ငယ်စဉ်က ရိုက်ကူးထားတဲ့ပုံရိပ်တစ်ခုမှာ အိုက်တင်သိပ်မပေးတတ်သေးတာကြောင့် အနည်းငယ်ပုံစံမကျ ဖြစ်ခဲ့ပါတယ်။

ဒီပုံလေးဟာ ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီနေ့ခေတ်အနေအထားနဲ့ ယှဉ်မယ်ဆိုရင်တော့ ရယ်မောချင်စရာပုံလေး တစ်ခုဖြစ်နေခဲ့မှာပါ။ လွန်ခဲ့တဲ့ဆယ်နှစ်နဲ့ ဒီနေ့နဲ့ယှဉ်ရင်တော့ အရာရာဟာ တိုးတက်ပြောင်းလဲနေမယ်ဆိုတာ လူတိုင်းအသိပါပဲ။ အဲ့အချိန်တုန်းက ရိုက်ခဲ့တဲ့ပုံရိပ်လေးတစ်ခုကို ဖိုတိုရှော့နဲ့ပြုပြင်ထားပြီး ဝိုင်းဝန်းနောက်ပြောင်တာကြောင့် စိုင်းစိုင်းက အဖြစ်မှန်ကို ရှင်းပြခဲ့ပါတယ်။

ပုံလေးနှစ်ခုကိုယှဉ်ပြီး ” ဘယ်ဘက်ကပုံက မူရင်းပုံဖြစ်ပြီးတော့ ညာဘက်ပုံက ပြင်ထားတာ ဖြစ်တယ် ဘယ်ဘက်ပုံအတွက် – ငယ်တုန်း က pose ပေးတာ ပုံစံမကျတဲ့အတွက် ဘာမှရှက်စရာ မရှိပါဘူး ကြိုက်သလို share လို့ရပါတယ် ညာဘက်ပုံအတွက် – ကျနော့်ပုံမှ မဟုတ်ဘူး တခြားယောက်ကျားလေး မိန်းကလေး ဘယ်သူ့ပုံပဲဖြစ်ဖြစ် သူများပုံကို ဖျက်ပြီးတော့ ဟားတာဟာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပါတယ် ( ကျနော် ဒါမျိုးပြောလေ့မရှိပေမယ့် အမှားကြာအမှန်ဖြစ်ဆိုတဲ့ စကားအတိုင်း ဒီလိုပုံဖျက်တာက ကိစ္စမရှိပါဘူး စိုင်းစိုင်းတောင် ဘာမှမပြောဘူးဆိုပြီး ဖြစ်သွားမှာစိုးလို့ ပြောပြထားတာပါ ” ဆိုပြီး ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။

Happy – Cele Zone
Photo – Sai Sai Kham Leng

(ဇော်ဂျီဖြင့်ဖတ်ရန်)

အကြိမ်ကြိမ်သည်းခံခဲ့ပေမယ့် အတိုင်းအတာထက်လွန်လာတဲ့သူတွေကို ပြတ်ပြတ်သားသား တုန့်ပြန်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်



ပုံလေးနှစ်ခုကိုယှဉ်ပြီး ” ဘယ်ဘက်ကပုံက မူရင်းပုံဖြစ်ပြီးတော့ ညာဘက်ပုံက ပြင်ထားတာ ဖြစ်တယ် ဘယ်ဘက်ပုံအတွက် – ငယ်တုန်းက pose ပေးတာ ပုံစံမကျတဲ့အတွက် ဘာမှရှက်စရာ မရှိပါဘူး ကြိုက်သလို share လို့ရပါတယ် ညာဘက်ပုံအတွက် – ကျနော့်ပုံမှမဟုတ်ဘူး တခြားယောက်ကျားလေး မိန်းကလေး ဘယ်သူ့ပုံပဲဖြစ်ဖြစ် သူများပုံကို ဖျက်ပြီးတော့ ဟားတာဟာ အောက်တန်းကျတဲ့ လုပ်ရပ်ြ ဖစ်ပါတယ် ( ကျနော် ဒါမျိုးပြောလေ့မရှိပေမယ့် အမှားကြာအမှန်ဖြစ်ဆိုတဲ့ စကားအတိုင်း ဒီလိုပုံဖျက်တာက ကိစ္စမရှိပါဘူး စိုင်းစိုင်းတောင် ဘာမှမပြောဘူးဆိုပြီး ဖြစ်သွားမှာစိုးလို့ ပြောပြထားတာပါ ” ဆိုပြီး ခပ်ပြတ်ပြတ်ပြောခဲ့ပါ တယ်။

Happy – Cele Zone
Photo – Sai Sai Kham Leng