Stay Home မှာတောင် အလှမပျက်တဲ့ ထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်

Posted on

မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် သူမရဲ့ stay home ပုံရိပ်လေးတွေကိုဝေမျှခဲ့ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုပိုနေသူလေးက အိမ်မှာနေတာတောင် အလှတွေတစက်မှလျော့မသွားခဲ့ပါဘူး။ သွယ်လျလျ ခန္ဓာကိုယ်လေးဟာ သူမရဲ့ချစ်စရာကောင်းတဲ့အချက်တစ်ချက်ပါပဲ။

 

အသက်သုံးဆယ်ကျော်လို့ထင်ရက်စရာမရှိအောင်ကို နုပျိုလွန်းတဲ့အလှအပတွေကို ပိုင်ဆိုင်ထားသူလေးဟာ သုံးထပ်ကွမ်းအကယ်ဒမီ ဆုရှင်လည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်း ပီပြင်လွန်းတဲ့ရွှေကစ်ဟာ လတ်လော Covid ကာလတွေမှာလည်း တစ်မြို့လုံးကို ကားပတ်မောင်းပြီး လမ်းမှာတွေ့တဲ့ချို့တဲ့သူတွေကိုလည်း ကာလဒါနလုပ်ခဲ့ပါသေးတယ်။

 

အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်တစ်စုကျော်သွားခဲ့ပြီဖြစ်ပြီး အားပေးသူပရိသတ်တွေ ကလည်း ပိုမိုများပြားလာခဲ့ပါတယ်။ အနုပညာအလုပ်တွေစလုပ်ကတည်းက ချစ်ပြီးအားပေးခဲ့ရတဲ့ ရွှေကစ်လေးဟာ အသက်အရွယ်ပိုရလာလေလေ ပိုပြီးလှလာလေလေ ဆိုတာတော့ သူမရဲ့ stay home ပုံရိပ်လေးတွေနဲ့ သက်သေပြပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Wutt Hmone Shwe Yi

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone