တစ်ဦးတည်းသောမောင်လေးနဲ့မတွေ့ရတာ နှစ်ချီနေလို့ စိတ်မကောင်းဖြစ်နေရတဲ့ နန်းဆုရတီစိုး

Posted on

မောင်နှမဆိုတာ မိဘပြီးရင်အချစ်ရဆုံးသံယောဇဉ်ကြိုးတစ်ခုပါပဲ။ တစ်ခါတလေဆို မိဘတွေမသိအောင် အတူတူလုပ်ခဲ့တဲ့ ပျော်စရာ လေးတွေကလည်း မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာကိုပိုတိုးစေပါတယ်။ အိမ်မှာဘယ်လောက်ပဲရန်ဖြစ်ဖြစ် မတည့်ပဲဖြစ်နေပါစေ သူစိမ်းနဲ့ဖြစ်လာရင်တော့ ကိုယ့်သွေးသားဖက်က မားမားမတ်မတ်ရပ်တည်တတ်တာဟာ မောင်နှမတွေရဲ့ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုပါပဲ။

နန်းဆုကလည်း ဂျပန်မှာကျောင်းတက်နေတဲ့ သူမရဲ့မောင်လေးနဲ့မတွေ့ရတာ တစ်နှစ်ရှိပြီဖြစ်လို့ သတိရပြီးသွားလည်ဖို့အကုန်စီစဉ်ပြီးမှ ကပ်ရောဂါဆိုးကြီးကြောင့် အားလုံးရပ်ဆိုင်းခဲ့ရပါ တယ်။ မောင်နှမနှစ်ယောက်မတွေ့ရတာကြာလို့ သတိရတဲ့အကြောင်းကိုလည်း နန်းဆုက သူမရဲ့ လူမှုကွန်ရက်မှာ ” တစ်နှစ်ပြည့်ပြီ မတွေ့ရတာ လက်မှတ်တွေ အကုန်ဝယ်ပြီး သင်္ကြန်အပြီးသွားဖို့ အားလုံးစီစဉ်ပြီးကာမှ covid ဖြစ်လို့မသွားလိုက်ရဘူး miss you my lovely Mg lay ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

အရင်ကဆို မကြာခဏဆိုသလို မောင်လေးဆီသွားလည်ဖြစ်ပေမယ့် အခုကျတော့ အခြေအနေမပေးတာကြောင့် မရောက်ဖြစ်တော့ မောင်နှမနှစ်ယောက် လေလှိုင်းပေါ်ကပဲ အလွမ်းဖြေနေခဲ့ရပါတယ်။ နှစ်ယောက်သားက ရုပ်ချင်းအတော်လေးဆင်တူကြပါတယ်။ စာဖတ်သူတို့မှာလည်း အရမ်းချစ်ရတဲ့မောင်နှမတွေရှိရင် သိပ်ချစ်တဲ့အကြောင်း ခုပဲပြောလိုက်တော့နော်။

Happy – Cele Zone
Photo – Nansu Yati Soe

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Nansu Yati Soe