သမီးကြီးဝတီရဲ့စကားလေးတစ်ခွန်းကြောင့် ကျေနပ်ပျော်ရွှင်မှုတွေအပြည့်ဖြစ်သွားတဲ့ မေမေ နန္ဒာလှိုင်

Posted on

ပျော်စရာမိသားစုဘဝလေးမှာ ချစ်စရာသမီးလေးသုံးယောက်ကိုပိုင်ဆိုင်ခဲ့ပြီးနောက် အိမ်ထောင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ နန္ဒာလှိုင်တစ်ယောက် သမီးကြီးဝတီရဲ့ စကားလေးတစ်ခွန်းကြောင့် ကျေနပ်ပျော်ရွှင်ရတဲ့အကြောင်းလေးကို လူမှုကွန်ရက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။

ဂရုစိုက်ပြီးချစ်တတ်လွန်းတဲ့ခင်ပွန်းကြောင့်လည်း ပျော်ရွှင်ခဲ့ရပြီး လိမ္မာသိတတ်တဲ့သမီးလေး သုံးယောက်ကြောင့်လည်း မိခင်ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း သမီးအကြီးဆုံးလေးဝတီက မိခင်ဖုန်းကွဲနေတာကိုကြည့်ပြီး ပြောလိုက်တဲ့ စကားလေးကြောင့် မေမေနန္ဒာတစ်ယောက် အရမ်းကိုကျေနပ်ခဲ့ပါတယ်။

ဒီလိုကြည်နူးစရာ အခိုက်အတန့်လေးကို ” ဝတီလေးကမေမေ့ဖုန်းကွဲနေတာကြာပြီ ဘာလို့မလဲတာလဲတဲ့ မလိုပါဘူးသမီးရယ် နည်းနည်း လေးပဲထိတာ သုံးလို့ရနေတာပဲဆိုတော့ အမေကိုဖက်ပြီး မေမေ့ကိုသမီး ဖုန်းအသစ်ဝယ်ပေးမယ်နော်တဲ့ ဒါလေးတွေနဲ့ပဲ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ သိတတ်လွန်းတဲ့သမီးလေးတွေနဲ့ ချစ်တတ်လွန်းတဲ့ခင်ပွန်းကို ပိုင်ဆိုင်ထားရတာ ပျော်စရာကြီးနော်။

Happy – Cele Zone
Photo – Nandar Hlaing

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Nandar Hlaing