နန်းသူဇာနဲ့အတူဆော့ထားတဲ့ ခပ်ဆန်းဆန်း Tik Tok လေးကို လိုက်ဆော့ဖို့ အားလုံးကို ချဲလန့်ခေါ်လိုက်တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

အိမ်မှာနေရင်းမပျင်းရအောင် Tik Tok လေးတွေနဲ့ တစ်မျိုးပြီးတစ်မျိုး ခပ်ဆန်းဆန်းလေး ဖန်တီးပေးနေတဲ့ အနုပညာရှင်တွေထဲမှာ နန်းမြတ်နဲ့နန်းသူဇာတို့လည်း ပါလာခဲ့ပါပြီ။ ဒီတစ်ခေါက်မှာတော့ နှစ်ယောက်သားလုပ်ထားတဲ့ ပုံစံအဆန်းလေးကို အားလုံးလိုက်လုပ်ဖို့ ချဲလန့်ခေါ်ခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လက်တွေကိုယှက်ပြီး ပြန်ဖြည်တဲ့ခပ်ဆန်းဆန်းလေးဟာ ကြည့်တော့သာလွယ်မလိုနဲ့ တကယ်တမ်းလုပ်ရင် တော့ အတော်လေးကိုကြိုးစားရမယ့်ပုံလေး ပါ။ ကြည့်ရှုသူတွေလည်း စိတ်ဝင်စားရင် နန်းမြတ်တို့လုပ်တာကိုကြည့်ပြီး လိုက်လုပ်လို့ ရတယ်နော်။ ကိုယ်ချစ်တဲ့သူနဲ့နှစ်ယောက်အတူ စိတ်လှုပ်ရှားစရာလေးတွေ ဖန်တီးရတာလောက် ပျော်စရာကောင်းတာမရှိပါဘူး။

သူမတို့နှစ်ယောက်ရဲ့ Tik Tok လေးကို ” သူငယ်ချင်း၂ယောက်စုံရင်တစ်ခုတော့ထူးတယ် TikTok challenge အသစ်လေးတခု လုပ်ထားတယ် ကိုယ်ချစ်တဲ့သူငယ်ချင်းဖြစ်စေ ညီအမဖြစ်စေ မောင်နှမဖြစ်စေ ချစ်သူဖြစ်စေ ၂ယောက်အတူဒီ TikTok လေးလုပ်ဖို့ challenge လုပ်တယ်နော် Have fun and make challenge ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Nann Myat Phyo Thin

(ဇော်ဂျီဖြင့်ဖတ်ရန်)

နန္းသူဇာနဲ႔အတူေဆာ့ထားတဲ့ ခပ္ဆန္းဆန္း Tik Tok ေလးကို လိုက္ေဆာ့ဖို႔ အားလုံးကို ခ်ဲလန႔္ေခၚလိုက္တဲ့ နန္းျမတ္ၿဖိဳးသင္း

အိမ္မွာေနရင္းမပ်င္းရေအာင္ Tik Tok ေလးေတြနဲ႔ တစ္မ်ိဳးၿပီးတစ္မ်ိဳး ခပ္ဆန္းဆန္းေလး ဖန္တီးေပးေနတဲ့ အႏုပညာရွင္ေတြထဲ မွာ နန္းျမတ္နဲ႔နန္းသူဇာတို႔လည္း ပါလာခဲ့ပါၿပီ။ ဒီတစ္ေခါက္မွာေတာ့ ႏွစ္ေယာက္သားလုပ္ထားတဲ့ ပုံစံအဆန္းေလးကို အားလုံးလိုက္လုပ္ဖို႔ ခ်ဲလန႔္ေခၚခဲ့ပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ လက္ေတြကိုယွက္ၿပီး ျပန္ျဖည္တဲ့ခပ္ဆန္းဆန္းေလးဟာ ၾကည့္ေတာ့သာလြယ္မလိုနဲ႔ တကယ္တ မ္းလုပ္ရင္ေတာ့ အေတာ္ေလးကိုႀကိဳးစားရမယ့္ပုံေလး ပါ။ ၾကည့္ရႈသူေတြလည္း စိတ္ဝင္စားရင္ နန္းျမတ္တို႔လုပ္တာကိုၾ ကည့္ၿပီး လိုက္လုပ္လို႔ရတယ္ေနာ္။ ကိုယ္ခ်စ္တဲ့သူနဲ႔ႏွစ္ေယာက္အတူ စိတ္လႈပ္ရွားစရာေလးေတြ ဖန္တီးရတာေလာက္ ေပ်ာ္စရာ ေကာင္းတာမရွိပါဘူး။

သူမတို႔ႏွစ္ေယာက္ရဲ႕ Tik Tok ေလးကို ” သူငယ္ခ်င္း၂ေယာက္စုံရင္တစ္ခုေတာ့ထူးတယ္ TikTok challenge အသစ္ေလးတခုလုပ္ထား တယ္ ကိုယ္ခ်စ္တဲ့သူငယ္ခ်င္းျဖစ္ေစ ညီအမျဖစ္ေစ ေမာင္ႏွမျဖစ္ေစ ခ်စ္သူျဖစ္ေစ ၂ေယာက္အတူဒီ TikTok ေလးလုပ္ဖို႔ challenge လုပ္တယ္ေနာ္ Have fun and make challenge ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Nann Myat Phyo Thin