စေတနာကောင်းပြီးကူညီတတ်လွန်းတဲ့ လူပျိုကြီးကိုနေတိုးကို အိမ်တိုင်ရာရောက် ဟော့ပေါ့သွားပို့ခဲ့တဲ့ မိုးမိုး

Posted on

လတ်တလော Covid ကာလတွေမှာ အနုပညာလုပ်ငန်းတွေရပ်နားထားတာကြောင့် မိုးမိုးတို့ ဇနီးမောင်နှံနှစ်ယောက် ဟော့ပေါ့ချက် ရောင်းရင်း အားလုံးရဲ့အားပေးမှုကိုရရှိနေခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ မိုးမိုးတစ်ယောက် လူပျိုကြီးကိုနေတိုးရိုက်ပေးထားတဲ့ ပုံလေးတွေကို မကြာခဏ ဆိုသလိုဝေမျှခဲ့ပြီးနောက် ဒီထဲက ပုံရိပ်လေးတစ်ခုကို အရမ်းကိုသဘောကျသွားခဲ့ပြီး နောက်ထွက်မယ့်သီချင်းမှာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုယ့်ပုံဆိုပေမယ့် ရိုက်ပေးတဲ့ ကိုနေတိုးကိုခွင့်တောင်းတော့ ချက်ချင်းခွင့်ပြုပေးလိုက်တာ ကြောင့် ကျေးဇူးတင်ပြီး ချစ်ဇနီးပီတိရဲ့ လက်ရာကောင်းတဲ့ ဟော့ပေါ့ကို အိမ်တိုင်ရာရောက် သွားပေးခဲ့ပါတယ်။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလို ကိုနေတိုးကလည်း ဒိန်ချဉ်ဗူးလေး လက်ဆောင်ပြန်ပေးခဲ့ပါသေးတယ်။

မိုးမိုးက ဒီအကြောင်းလေးကို ” ဓာတ်ပုံနှင့် ဟော့ပေါ့လဲကြခြင်း သူရိုက်ပေးတဲ့ပုံလေးတွေထဲက တစ်ပုံ အရမ်းမိုက်လို့ အခု တေးသံသာ ကထွက်မယ့်သီချင်းအတွက် သုံးမယ်ဆိုပြီး ခွင့်တောင်းမိ တယ် ချက်ချင်း အသုံးပြုခွင့်ပေးလေတော့ ဝမ်းသာပြီး ချက်ချင်းဆိုသလို ဟော့ပေါ့လေး သွားပို့ပေးလိုက်တယ် ဒိန်ချဉ်လေးတောင် လက်ဆောင်ပြန်ပေးလိုက်သေး မေတ္တာဖြင့် ရိုက်ကူးပေးသော ဓာတ်ပုံအတွက် စေတနာဖြင့် ဟော့ပေါ့လေး ပို့ပေးခြင်းပေါ့လေ တစ်ဦးက မေတ္တာ တစ်ဦးက စေတနာပေါ့ ကျေးဇူး အစ်ကိုရေ ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Moe Sithu Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေစတနာေကာင္းျပီးကူညီတတ္လြန္းတဲ့ လူပ်ိဳၾကီးကိုေနတိုးကို အိမ္တိုင္ရာေရာက္ ေဟာ့ေပါ့သြားပို႔ခဲ့တဲ့ မိုးမိုး

လတ္တေလာ Covid ကာလေတြမွာ အႏုပညာလုပ္ငန္းေတြရပ္နားထားတာေၾကာင့္ မိုးမိုးတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေဟာ့ေပါ့ခ်က္ေရာင္းရင္း အားလုံးရဲ႕အားေပးမႈကိုရရွိေနခဲ့ပါတယ္။ ဒီရက္ပိုင္းမွာ မိုးမိုးတစ္ေယာက္ လူပ်ိဳႀကီးကိုေနတိုး ႐ိုက္ေပးထားတဲ့ ပုံေလးေတြကို မၾကာခဏ ဆိုသလိုေဝမွ်ခဲ့ၿပီးေနာက္ ဒီထဲက ပုံရိပ္ေလးတစ္ခုကို အရမ္းကိုသေဘာက်သြား ခဲ့ၿပီး ေနာက္ထြက္မယ့္သီခ်င္းမွာ အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ကိုယ့္ပုံဆိုေပမယ့္ ႐ိုက္ေပးတဲ့ ကိုေနတိုးကိုခြင့္ေတာင္းေတာ့ ခ်က္ခ်င္းခြင့္ျပဳေပးလိုက္တာ ေၾကာင့္ ေက်းဇူးတင္ၿပီး ခ်စ္ဇနီးပီတိရဲ႕လက္ရာေကာင္းတဲ့ ေဟာ့ေပါ့ကို အိမ္တိုင္ရာေရာက္ သြားေပးခဲ့ပါတယ္။ တစ္ဦးကေစတနာ တစ္ဦးကေမတၱာဆိုသလို ကိုေနတိုးကလည္း ဒိန္ခ်ဥ္ဗူး ေလး လက္ေဆာင္ျပန္ေပးခဲ့ပါေသးတယ္။

မိုးမိုးက ဒီအေၾကာင္းေလးကို ” ဓာတ္ပုံႏွင့္ ေဟာ့ေပါ့လဲၾကျခင္း သူ႐ိုက္ေပးတဲ့ပုံေလးေတြထဲက တစ္ပုံ အရမ္းမိုက္လို႔ အခု ေတးသံသာကထြက္မယ့္သီခ်င္းအတြက္ သုံးမယ္ဆိုၿပီး ခြင့္ေတာင္းမိ တယ္ ခ်က္ခ်င္း အသုံးျပဳခြင့္ေပးေလေတာ့ ဝမ္းသာၿပီး ခ်က္ခ်င္းဆိုသလို ေဟာ့ေပါ့ေလး သြားပို႔ေပးလိုက္တယ္ ဒိန္ခ်ဥ္ေလးေတာင္ လက္ေဆာင္ျပန္ေပးလိုက္ေသး ေမတၱာျဖင့္ ႐ိုက္ကူးေပးေသာ ဓာတ္ပုံအတြက္ ေစတနာျဖင့္ ေဟာ့ေပါ့ေလး ပို႔ေပးျခင္းေပါ့ေလ တစ္ဦးက ေမတၱာ တစ္ဦးက ေစတနာေပါ့ ေက်းဇူး အစ္ကိုေရ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Moe Sithu Kyaw