ဒီနေ့မှာ အသက် (၆၀) ပြည့်သွားပြီဖြစ်တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်

Posted on

အနုပညာလောကမှာ အချိန်တွေအကြာကြီးဖြတ်သန်းခဲ့ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်နေဆဲဖြစ်တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဟာ ဒီနေ့မှာတော့ အသက် (၆၀) ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ အသက်အရွယ်နဲ့မလိုက်လောက်အောင်ကို နုပျိုနေခဲ့ပြီး သွယ်လျလျ ကိုယ်ခန္ဓာလေးဟာ ငယ်စဉ်တုန်းကအတိုင်း လှပနေဆဲပါပဲ။

ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်တဲ့ ဝါရင့်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး တက်သစ်စလေးတွေကိုလည်း အနုပညာအမွေပေးတတ်သူ တစ်ယောက်ပါ။ တူမအရင်းဖြစ်သူ ဝါဆိုမြင့်အောင်ကို လည်း အနုပညာလောကထဲ လက်တွဲခေါ်ခဲ့တဲ့ အန်တီမို့ဟာ အမြဲတမ်းပြုံးနေ တတ်တဲ့ ချစ်စရာ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အန်တီမို့ရဲ့မိခင်ဟာလည်း အသက် (၉၁) နှစ်ရှိပြီ ဖြစ်တာတောင် နုပျိုပြီးလှနေ ဆဲမို့ အန်တီမို့က အမေတူသမီးပေါ့နော်။

သူမရဲ့မွေးနေ့လေးမှာ ” လေးစားချစ်ခင်တန်ဖိုးထားရပါသောချစ်ပရိသတ်ကြီးနှင့် WE LOVE MMMA သဲသဲတုံလေးတို့ရှင့် ဒီနေ့မို့မွေးနေ့ ကို မို့သဲသဲတုံလေးတွေမဆင်နွှဲလိုက်ရလို့တော်တော် အစာမကြေဖြစ်နေကြမှာပဲနော်။ ဘာပဲဖြစ်ဖြစ်စိတ်ချင်းနီးစပ်နေဖို့အရေးကြီးတာပါ။ မို့ တစ်ဦး ခြင်းစီရောက်လာမှာပါ ညနေ (၅;၃၀) အရောက်လာပါမယ်။ LIVE ဖွင့်မယ်နော်။ ပျော်စရာလေး ပြောကြတာပေါ့။စိတ်ညစ်သမျှ တွေ စိတ်ချမ်းသာကြပါစေ ။ ” ဆိုပြီး အားလုံးကိုပြန်လည် ဆုတောင်းပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Moh Moh Myint Aung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဒီေန႔မွာ အသက္ (၆၀) ျပည့္သြားၿပီျဖစ္တဲ့ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္

အႏုပညာေလာကမွာ အခ်ိန္ေတြအၾကာႀကီးျဖတ္သန္းခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း ေအာင္ျမင္ေနဆဲျဖစ္တဲ့ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္ဟာ ဒီေန႔မွာေတာ့ အသက္ (၆၀) ျပည့္ သြားခဲ့ၿပီျဖစ္ပါတယ္။ အသက္အ႐ြယ္နဲ႔မလိုက္ေလာက္ေအာင္ကို ႏုပ်ိဳေနခဲ့ၿပီး သြယ္လ်လ် ကိုယ္ခႏၶာေလးဟာ ငယ္စဥ္တုန္းကအတိုင္း လွပေနဆဲပါပဲ။

ဇာတ္႐ုပ္မ်ိဳးစုံကို ပိုင္ႏိုင္တဲ့ ဝါရင့္မင္းသမီးႀကီးတစ္ေယာက္ျဖစ္ၿပီး တက္သစ္စေလးေတြကို လည္း အႏုပညာအေမြေပးတတ္သူ တစ္ေယာက္ပါ။ တူမအရင္းျဖစ္သူ ဝါဆိုျမင့္ေအာင္ကို လည္း အႏုပညာေလာကထဲ လက္တြဲေခၚခဲ့တဲ့ အန္တီမို႔ဟာ အၿမဲတမ္း ၿပဳံးေနတတ္တဲ့ ခ်စ္စရာ အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ အန္တီမို႔ရဲ႕မိခင္ဟာလည္း အသက္ (၉၁) ႏွစ္ရွိၿပီ ျဖစ္တာေတာင္ ႏုပ်ိဳၿ ပီးလွေနဆဲမို႔ အန္တီမို႔က အေမတူသမီးေပါ့ေနာ္။

သူမရဲ႕ေမြးေန႔ေလးမွာ ” ေလးစားခ်စ္ခင္တန္ဖိုးထားရပါေသာခ်စ္ပရိသတ္ႀကီးႏွင့္ WE LOVE MMMA သဲသဲတုံေလးတို႔ရွင့္ ဒီေန႔မို႔ေမြးေန႔ကို မို႔သဲသဲတုံေလးေတြမဆင္ႏႊဲလိုက္ရလို ႔ေတာ္ေတာ္ အစာမေၾကျဖစ္ေနၾကမွာပဲေနာ္။ ဘာပဲျဖစ္ျဖစ္စိတ္ခ်င္းနီးစပ္ေနဖို႔အေရးႀကီးတာပါ။ မို႔ တစ္ဦး ျခင္းစီေရာက္လာမွာပါ ညေန (၅;၃၀) အေရာက္လာပါမယ္။ LIVE ဖြင့္မယ္ေနာ္။ ေပ်ာ္စရာေလး ေျပာၾကတာေပါ့။စိတ္ညစ္သမွ်ေတြ စိတ္ခ်မ္းသာၾကပါေစ ။ ” ဆိုၿပီး အားလုံးကိုျပန္လည္ ဆုေတာင္းေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – Moh Moh Myint Aung