” ကိုယ်စောင့်နတ် ” သီချင်းကို ဂစ်တာလေးတစ်လက်နဲ့ အမိုက်စား သီဆိုပြခဲ့တဲ့ ခိုင်သင်းကြည်တို့သားမိ

Posted on

ချစ်စရာကောင်းတဲ့ခိုင်သင်းကြည်တို့သားမိနှစ်ယောက် အဆိုတော်ဖိုးပြည့်ရဲ့ ” ကိုယ်စောင့်နတ် ” သီချင်းလေးကို ဂစ်တာလေးတီးပြီး သီဆိုထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါ တယ်။ Covid ကာလဖြစ်တာကြောင့် အပြင်မထွက်ရတဲ့အခိုက်မှာ သင်တဲ့ဆရာမ မလာနိုင်တာကြောင့် တစ်လပဲသင်ထားရပေမယ့် ထိပ်လေးက သီချင်းတစ်ပုဒ်လုံးကို ပိုင်ပိုင်နိုင်နိုင်တီးနိုင်နေပါပြီ။

 

မခိုင်လေးရဲ့အနုပညာသွေးတွေကတော့ ထိပ်လေးဆီမှာအပြည့်အဝစီးဆင်းနေတာပါ။ ကြော်ငြာရိုက်ကူးတာလောက်ပဲ လုပ်ဖူးသေးပေ မယ့် ထိပ်လေးရဲ့အနုပညာအရည်အသွေး ကတော့ သူမရဲ့ Tik Tok တွေကိုကြည့်ရင် သိနိုင်ပါတယ်။ အနုပညာရှင်ရဲ့သွေးဖြစ်တာမို့ အနုပညာဗီဇကတော့ ပါကိုပါမှာပါ။

 

သမီးလေးနဲ့အတူတူသီဆိုထားတဲ့ သီချင်းဗီဒီယိုလေးကို ” ထိပ်လေးနဲ့အတူအပျော်လေးပါ (ထိပ်ဂစ်တာသင်တာ (၁) လနဲ့ Covid ကြောင့်ဆရာမမလာနိုင်တော့လို့ beginner အဆင့်ပဲ ရှိပါသေးတယ်နော် ” ဆိုပြီး မခိုင်လေးက ဝေမျှခဲ့ပါတယ်။ ချစ်စရာသားမိ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဂစ်တာတီးပြီးသီချင်းဆိုနေပုံလေးကို ဝေမျှပေးလိုက်တယ်နော်။

 

Happy – Cele Zone
Photo – Khine Thin Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ကိုယ္ေစာင့္နတ္ ” သီခ်င္းကို ဂစ္တာေလးတစ္လက္နဲ႔ အမိုက္စား သီဆိုျပခဲ့တဲ့ ခိုင္သင္းၾကည္တို႔သားမိ

ခ်စ္စရာေကာင္းတဲ့ခိုင္သင္းၾကည္တို႔သားမိႏွစ္ေယာက္ အဆိုေတာ္ဖိုးျပည့္ရဲ႕ ” ကိုယ္ေစာင့္နတ္ ” သီခ်င္းေလးကို ဂစ္တာ ေလးတီးၿပီးသီဆိုထားတဲ့ ဗီဒီယိုေလးကို လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါ တယ္။ Covid ကာလျဖစ္တာေၾကာင့္ အျပင္မထြက္ရတဲ့အခိုက္မွာ သင္တဲ့ဆရာမ မလာႏိုင္တာေၾကာင့္ တစ္လပဲသင္ထားရေပမယ့္ ထိပ္ေလးက သီခ်င္းတစ္ပုဒ္လုံးကို ပိုင္ပိုင္ႏိုင္ႏိုင္တီးႏိုင္ေနပါၿပီ။

မခိုင္ေလးရဲ႕အႏုပညာေသြးေတြကေတာ့ ထိပ္ေလးဆီမွာအျပည့္အဝစီးဆင္းေနတာပါ။ ေၾကာ္ျငာ႐ိုက္ကူးတာေလာက္ပဲ လုပ္ဖူးေသးေပမယ့္ ထိပ္ေလးရဲ႕အႏုပညာအရည္အေသြး ကေတာ့ သူမရဲ႕ Tik Tok ေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။ အႏုပညာရွင္ရဲ႕ေသြးျဖစ္တာမို႔ အႏုပညာဗီဇကေတာ့ ပါကိုပါမွာပါ။

သမီးေလးနဲ႔အတူတူသီဆိုထားတဲ့ သီခ်င္းဗီဒီယိုေလးကို ” ထိပ္ေလးနဲ႔အတူအေပ်ာ္ေလးပါ (ထိပ္ဂစ္တာသင္တာ (၁) လနဲ႔ Covid ေၾကာင့္ဆရာမမလာႏိုင္ေတာ့လို႔ beginner အဆင့္ပဲ ရွိပါေသးတယ္ေနာ္ ” ဆိုၿပီး မခိုင္ေလးက ေဝမွ်ခဲ့ပါတယ္။ ခ်စ္စရာ သားမိႏွစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဂစ္တာတီးၿပီးသီခ်င္းဆိုေနပုံေလးကို ေဝမွ်ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Khine Thin Kyi