အေးချမ်းတဲ့ မိသားစု‌‌ေလးကို တူနှစ်ကိုယ်ဖန်တီးနိုင်ဖို့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်တဲ့ ချစ်စနိုးဦးတို့စုံတွဲ
Posted on
ချစ်ပရိသတ်တို့ရေ… ချစ်နိုးဦးလို့ပြောလိုက်တာနဲ့ အနုပညာလောကမှာ ဟိုအရင်ကအရမ်းကိုနာမည်ကြီးခဲ့တဲ့ ချစ်စရာကောင်းတဲ့မင်းသမီးချောလေးမို့ မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာ ပါရမီပါတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်လည်းဖြစ်ပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူမဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို အရင်ကလောက်မ‌လုပ်ဖြစ်တော့ပေမယ့်လည်း
သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်လုံး၀ပြတ်မသွားခဲ့ပါဘူး။ ဒီလထဲမှာဆိုရင် သူမရဲ့ မင်္ဂလာ သတင်း‌ဟာ ပရိသတ်တွေကြားမှာ ရေပန်းအရမ်းစား‌ေနခဲ့ပြီးတော့ သူမရဲ့ချစ်ပရိသတ်‌ေတွဟာလည်း ဒီသတင်းကြောင့်အတိုင်းမသိပျော်ရွှင်နေခဲ့ကြပါတယ်နော်။ အလုပ်တွေအရမ်းလုပ်တတ်တဲ့ သူမကြောင့် ချစ်ပရိသတ်တွေက သူမရဲ့နှလုံးသားရေးနဲ့ ပတ်သတ်ပြီး အတော်လေးစိတ်ပူခဲ့ကြပေမယ့် မကြာခင်မှာ ရွှေလက်တွဲတော့မယ်ဆိုတာကြောင့် အားလုံးကျေနပ်ပျော်ရွှင်နေကြတဲ့ပုံပါပဲ။
အခုဆိုရင် ချစ်စနိုးဦးဟာ သူမရဲ့ သတို့သားလောင်‌းနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုးပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။ သူမတို့ရဲ့ လက်မှတ်ရေးထိုးပွဲလေးကိုတော့ ဆွေမျိုးနီးစပ်တွေနဲ့က ဂုဏ်သရေရှိလူကြီးမင်းတွေ သူငယ်ချင်းတွေက လာရောက်ချီးမြှင့်ကာ စည်စည်ကားကားသိုက်သိုက်၀န်း၀န်းလေးနဲ့ မင်္ဂလာယူခဲ့ကြတာပဲဖြစ်ပါတယ်။ ကဲ… မကြာခင်မှာ သာယာအေးချမ်းတဲ့ မိသားစုဘ၀လေးကိုဖန်တီးကြတော့မယ့် မင်းသမီးချောလေး ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲက အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ကြည်နူးဖွယ်ရာပြန်လည်မျှဝေလိုက်ပါတယ်နော်…..
Source : Chit Snow Oo
Steven: CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)
အေးချမ်းတဲ့ မိသားစု‌‌လေးကို တူနှစ်ကိုယ်ဖန်တီးနိုင်ဖို့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်တဲ့ ချစ်စနိုးဦးတို့စုံတွဲ