ပရဟိတတွေလုပ်ရင်း ကျန်းမာရေးထိခိုက်လာလို့ ဆေးကုသမှုခံယူနေရပြီဖြစ်တဲ့ ဝေဠုကျော်

Posted on

ပရဟိတတွေလုပ်ရင်း ပြည်သူနဲ့တစ်သားတည်းကျနေတဲ့ သရုပ်ဆောင်ဝေဠုကျော်တစ်ယောက် ဒီတစ်ခေါက်မှာတော့ အများအကျိုး ဆောင်ရင်း အားနည်းလာတာကြောင့် ဆေးကုသမှုခံယူနေ ရပြီပဲဖြစ်ပါတယ်။ အခုလိုပူပြင်းတဲ့ရာသီဥတုမှာ ချွေးထွက်လွန်တာကြောင့် လည်း ပင်ပန်းပြီး အားနည်းတတ်ပါတယ်။ စာဖတ်သူတွေလည်း နေပူထဲမဖြစ်မနေသွားရမယ်ဆိုရင် ပြန်လာတဲ့အခါ ဓာတ်ဆားရည် လေး သောက်ပေးကြပါနော်။

ဝေဠုကျော်တစ်ယောက် ဆရာဝန်ပင့်ပြီး ဆေးသွင်းပြီး ကုသမှုခံယူနေတဲ့ပုံရိပ်လေးက စိတ်မကောင်းစရာပါပဲ။ လိုအပ်နေတဲ့နေရာတိုင်း ကို အရောက်သွားပြီးကူညီတတ်တဲ့မင်းသားက အခုလိုအိပ်ယာပေါ်မှာ လဲနေတော့လည်း အနားမှာရှိတဲ့သူတွေက ဂရုစိုက်ပြီးပြုစုပေးပါ တယ်။ အမြန်ဆုံးကျန်းမာပြီး အရင်လို ပရဟိတအလုပ်တွေကို ပြန်လုပ်နိုင်ပါစေ မင်းသားကြီးရေ။

 

ကုသမှုခံယူနေတဲ့ ပုံရိပ်တွေကို ” ဒီနေ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့အဖွဲ့ဝင် စေတနာ့လုပ်အားရှင် ဆရာဝန် ဒေါက်တာရဲကျော်စွာကိုပင့်ပြီး ဆေးသွင်း ဆေးကုခံရသူကတော့ ကိုဝေဠုကျော်ပါပဲ။ ဆေးကုသပေးသူ ဒေါက်တာရဲကျော်စွာနှင့် ဂရုစိုက်ပေးကြသူ ဆရာဦးကျော်ဇော၊ အဖွဲ့ဝင် လုပ်အားရှင် ညီ/ညီမလေးတို့အားလုံး ကျေးဇူးပါ။ အဖွဲ့သားတွေလည်း ချွေးထွက်လွန်ကြတော့ အားနည်းကြတယ်ထင်ပါတယ်။ အမြဲဓာတ်ဆားတို့ အားဆေးတို့ သောက်နေကြပေမယ့် တစ်ယောက်တစ်လှည့် အားဆေးသွင်းနေရတယ်လေ။ ကိုဝေဠု နှင့် အဖွဲ့သား အားလုံး ဘေးကင်းစွာကျန်းမာကြပါစေ။ ” ဆိုပြီး ဖောင်ဒေးရှင်းက ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Wai Lu Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

ပရဟိတေတြလုပ္ရင္း က်န္းမာေရးထိခိုက္လာလို႔ ေဆးကုသမႈခံယူေနရၿပီျဖစ္တဲ့ ေဝဠဳေက်ာ္

ပရဟိတေတြလုပ္ရင္း ျပည္သူနဲ႔တစ္သားတည္းက်ေနတဲ့ သရုပ္ေဆာင္ေဝဠဳေက်ာ္တစ္ေယာက္ ဒီတစ္ေခါက္မွာေတာ့ အမ်ားအက်ိဳးေဆာင္ရင္း အားနည္းလာတာေၾကာင့္ ေဆးကုသမႈခံယူေန ရျပီပဲျဖစ္ပါတယ္။ အခုလိုပူျပင္းတဲ့ရာသီဥတုမွာ ေခြ်းထြက္လြန္တာေၾကာင့္လည္း ပင္ပန္းျပီး အားနည္းတတ္ပါတယ္။ စာဖတ္သူေတြလည္း ေနပူထဲမျဖစ္မေနသြားရမယ္ဆိုရင္ ျပန္လာတဲ့ အခါ ဓာတ္ဆားရည္ေလး ေသာက္ေပးၾကပါေနာ္။

ေ၀ဠဳေက်ာ္တစ္ေယာက္ ဆရာဝန္ပင့္ျပီး ေဆးသြင္းျပီး ကုသမႈခံယူေနတဲ့ပံုရိပ္ေလးက စိတ္မေကာင္းစရာပါပဲ။ လိုအပ္ ေနတဲ့ေနရာတိုင္းကို အေရာက္သြားျပီးကူညီတတ္တဲ့မင္းသားက အခုလိုအိပ္ယာေပၚမွာ လဲေနေတာ့လည္း အနားမွာရွိတဲ့သူေတြ က ဂရုစိုက္ျပီးျပဳစုေပးပါတယ္။ အျမန္ဆံုးက်န္းမာျပီး အရင္လို ပရဟိတအလုပ္ေတြကို ျပန္လုပ္ႏိုင္ပါေစ မင္းသားၾကီးေရ။

ကုသမႈခံယူေနတဲ့ ပံုရိပ္ေတြကို ” ဒီေန႔ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းရဲ႕အဖြဲ႕ဝင္ ေစတနာ့လုပ္အားရွင္ ဆရာဝန္ ေဒါက္တာ ရဲေက်ာ္စြာကိုပင့္ၿပီး ေဆးသြင္း ေဆးကုခံရသူကေတာ့ ကိုေဝဠဳေက်ာ္ပါပဲ။ ေဆးကုသေပးသူ ေဒါက္တာရဲေက်ာ္စြာႏျင့္ ဂ႐ုစိုက္ေပးၾကသူ ဆရာဦးေက်ာ္ေဇာ၊ အဖြဲ႕ဝင္ လုပ္အားရွင္ ညီ/ညီမေလးတို႔အားလုံး ေက်းဇူးပါ။ အဖြဲ႕သားေတြလည္း ေခြၽးထြက္လြန္ၾကေတာ့ အားနည္းၾကတယ္ထင္ပါတယ္။ အၿမဲဓာတ္ဆားတို႔ အားေဆးတို႔ ေသာက္ေနၾကေပမယ့္
တစ္ေယာက္တစ္လွည့္ အားေဆးသြင္းေနရတယ္ေလ။ ကိုေဝဠဳ ႏွင့္ အဖြဲ႕သား အားလုံး ေဘးကင္းစြာက်န္းမာၾကပါ ေစ။ ” ဆိုျပီး ေဖာင္ေဒးရွင္းက ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Wai Lu Kyaw