အိမ်ထဲမှာ Indoor Plant လေးတွေစိုက်ပြီး ကျန်းမာပျော်ရွှင်နေတဲ့ မိုးဟေကို

Posted on

ရိုးရှင်းတဲ့အလှတရားတွေနဲ့ အချိန်တိုင်းမှာဆွဲဆောင်မှုပြည့်နေတဲ့ မိုးဟေကိုတစ်ယောက် သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ အိမ်ထဲမှာ အပင်လေးတွေ စိုက်ပျိုးထားတာဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး လေကောင်းလေသန့်လည်း ရပါတယ်။ Indoor Plant လေးတွေဟာ အိမ်ကိုလည်းအလှဆင်ပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေကောင်း လေသန့်တွေရဖို့ အတွက်လည်း အထောက်ကူပြုပါတယ်။

 

 

 

အခုလိုမပြင်မထွက်ရတဲ့ကာလတွေမှာ လေကောင်းလေသန့်ကို သီးသန့်တစ်နေရာမှာ သွားရှုစရာမလိုတော့ဘဲ ကိုယ့်အိမ်မှာပဲကိုယ် အေးအေးဆေးဆေးလေးနေလို့ရတော့ ပိုပြီးပျော်စရာကောင်းတဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်တာပေါ့နော်။ တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ဆိုတဲ့စကားလေးအတိုင်း မိုးကတော့ အိမ်မှာပျော်ရအောင် Indoor Plant လေးတွေ စိုက်ထားပုံပါပဲ။

 

 

 

 

အိမ်မှာနေရင်းအလှမပြင်ထားတဲ့ပုံမှာတောင် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ မိုးရဲ့ပုံရိပ်လေးတွေဟာ မြင်သူတိုင်းကို အချစ်ပို စေခဲ့ပါတယ်။ အဖြူရောင်ဝတ်စုံလေးနဲ့ အပင်တွေကြားမှာ ကျန်းမာပျော်ရွှင်နေတဲ့ မိုးရဲ့အလှတရားတွေနဲ့ အိမ်ထဲကသစ်ပင်လေးတွေရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

 

 

 

Happy – Cele Zone
Photo – Moe Hay Ko

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Moe Hay Ko