အကြောင်းမသိဘဲဝေဖန်နေသူတွေကို ပြတ်ပြတ်သားသားရှင်းပြလိုက်တဲ့ မီးမီးခဲ

Posted on

မီးမီးခဲရဲ့ဝေဒနာနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကို သူမက ” ကျွန်မဟာ Breast Cancer stage 4 ကို 2017 စပြီးခံစားရပါတယ် အရိုးထဲကို ပြန့်နှံ့သွားတဲ့အတွက် ရင်းသားကို ဖြတ်ထုတ်ဖို့နောက်ကျ ခဲ့ရပါတယ် ဓါတ် (၇) ခါနဲ့ chemo ကီမို (၅) ကြိမ်ပေးခဲ့ရပါတယ် ဒါ့ကြောင့် Australia ရဲ့ဆေးကုထုံးအတိုင်း ထိန်းချုပ်ကုသရင်း ခရီးဆက်အသက်ရှင်နေတာ ဒီနေ့ထိပါပဲ (၂၀၁၈) မှာ ခေါင်းနဲ့လည်ပင်းတွေမှာ ထပ်ပေါ်လာလို Radiotherapy (5) ကြိမ်လုပ်ခဲ့ပြီးပါပြီ ၂၀၁၉ ကတော့ ကျွန်မအတွက်ကျန်းမာဆုံးနှစ်ပေါ့ မြန်မာပြည်ကို ပြန်ခဲ့ပါတယ် (၂၀၂၀) နှစ်အစ Mee Mee Khel (Back To You) Showလဲ အရမ်းအောင်မြင်ခဲ့လို့ကျွန်မရဲ့ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင်နေဆဲပါ (၂၀၂၀) မြန်မာပြည်ကအပြန်မှာတော့ခြေထောက်က စ နာလာပါပြီ ကိုက်ခဲရုံမျိုးမို့သတိမထားခဲ့ပါ ဆရာဝန်တွေက ကင်ဆာဆေးဒဏ် လို့ပဲထင်ခဲ့ကြပါတယ် စစ်ဆေး (၂) ခါ မြောက်မှာတော့ ခြေထောက်က ပေါင်ရင်းဆက်ထားတဲ့တင်ပဆုံနားက ကျိုးပြီးအက်နေခဲ့တာပါ သိသိချင်းပဲ ဆေးရုံတက် ဓါတ်ကင်ရပါတယ် နောက်ဆက်တွဲ ခါးနဲ့ညာဘက်နံရိုးပါ ကင်ဆာ အစက်တွေ တွေ့တာကြောင့် Radiotherapy ထပ်ပေးရပါတယ် (၇) ခါ ထပ် Trearment ယူပြီး ဆေးရုံကနေ ဆင်းခဲ့ရပါတယ် လမ်းကတော့ အရင်လိုမဟုတ်ပေမယ့် ဖြေးဖြေးမှန်မှန် လေး စလျှောက်နေပါပြီ ”

” အဆင့် (၄) ရှိတဲ့ကင်ဆာသမားက အသက်ရှင်သေးတယ်နော်လို့ပြောတဲ့ commentsလေး တစ်ခုတွေ့ပါတယ် ဘာကြောင့်လဲဆိုတာ ကျွန်မရဲ့အသက်ရှင်ချင်တဲ့စိတ်ကြောင့်ပါလို့ ကင်ဆာရောဂါသည်လို့မခံယူဘဲ ပုံမှန်မိသားစုဝင်တွေလိုပဲမျှတတဲ့အစားကိုစားသောက် စိတ်ညစ်စေမယ့်အတွေးတွေကိုဘေးဖယ်ပြီး အချိန်မှန်အိပ်စက်ခဲ့လို့ပါ ဒါကြောင့်ကျွန်မ facebook page ကို စသုံးခဲ့တာပါ ကျွန်မလို မျော်လင့်ချက်မဲ့သူတွေအချင်းချင်း ခွန်အားပေးရင်းမျှဝေရအောင်လို့ စာလေးတွေရေးပြီး ခွန်အားပေးဝေမျှရင်း ပရိတ်သတ် မိတ်ဆွေများ ဆီကနေ မေတ္တာနဲ့ရေးတဲ့စာလေးတွေ ဖတ်ရင်းအားတင်းနေရတာပါ ရှေ့ဆက် ကျွန်မရဲ့ရောဂါအခြေ အနေဘာဖြစ်မလဲ ဘယ်လောက်ထိ အသက်ရှင်ဦးမယ်ဆိုတာ ဘုရားမှ တပါးဘယ်သူမှ မသိနိုင် ပါဘူး ကျန်ရှိတဲ့နေ့ရက်လေးတွေကို ကျွန်မအပြုံးနဲ့ အမြဲတမ်းနိုးထအသက် ရှင်ပါတယ် ”

” သေမိန့်ချခံထားရသူတွေဟာ ကင်ဆာရောဂါသယ်တွေလေဆိုပြီး ပြောကြတဲ့ စကားတွေရဲ့ဆန့်ကျင်ဘက်နဲ့ အသက်ရှင်နေခဲ့ပါတယ် ဒါ့ကြောင့် ကျွန်မပြောချင်တာ ခဏတာ တိုတောင်း လှတဲ့လူ့ဘဝမှာအသက်ရှင်တုန်ုး နာရီတိုင်း အဓိပ္ပါယ်ရှိစွာအသက်ရှင်ပါနော် ကိုယ်အနားမှာ ရှိတဲ့သူကို တန်ဖိုးထားပါ ချစ်ခြင်းမေတ္တာမျှဝေပါလို့ ကျွန်မအတွက်လဲ ဆုတောင်းသတိရပေး ပါလို့ သမီးလေးနှစ်ယောက် နဲ့သားတွေကို မနက်စာချက်ပြုတ်ပြီး ကျောင်းကိုပို့ပေးချင်သေး တယ် တနေကုန် အိမ်မှုကိစ္စတွေလုပ်ရင်း သားနဲ့သမီးတွေအခန်းတွေရှင်း ရင်း ကလေးတွေရဲ့ အဖေနဲ့သားသမီးတွေ ညနေစာကို ချက်ပြုတ်ပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ ဆက်အသက်ရှင်ချင် သေးတယ် ဒါကျွန်မရဲ့မိခင်တယောက်ရဲ့ဆန္ဒပါ အားလုံးကျန်းမာပျော်ရွှင် ပါစေ God Bless You All ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Mee Mee Khel

(ဇော်ဂျီဖြင့်ဖတ်ရန်)


မီးမီးခဲရဲ့ဝေဒနာနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကို သူမက ” ကျွန်မဟာ Breast Cancer stage 4 ကို 2017 စပြီးခံစားရပါတယ် အရိုးထဲကိုပြန့်နှံ့သွားတဲ့အတွက် ရင်းသားကို ဖြတ်ထုတ်ဖို့ နောက်ကျ ခဲ့ရပါတယ် ဓါတ် (၇) ခါနဲ့ chemo ကီမို (၅) ကြိမ်ပေးခဲ့ ရပါတယ် ဒါ့ကြောင့် Australia ရဲ့ ဆေးကုထုံးအတိုင်း ထိန်းချုပ်ကုသရင်း ခရီးဆက်အသက်ရှင်နေတာ ဒီနေ့ထိပါပဲ ၂၀၁၈ မှာ ခေါင်းနဲ့လည်ပင်းတွေမှာထပ်ပေါ်လာလို Radiotherapy (5) ကြိမ်လုပ်ခဲ့ပြီးပါပြီ ၂၀၁၉ ကတော့ ကျွန်မအတွက်ကျန်းမာဆုံးန စ်ြပေါ့ မြန်မာပြည်ကို ပြန်ခဲ့ပါတယ် (၂၀၂၀) နှစ်အစ Mee Mee Khel (Back To You) Showလဲ အရမ်းအောင်မြင်ခဲ့လို့ ကျွန်မရဲ့ ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင် နေဆဲပါ (၂၀၂၀) မြန်မာပြည်ကအပြန်မှာတော့ခြေထောက်က စ နာလာပါပြီ ကိုက်ခဲရုံမျိုးမို့ သတိမထားခဲ့ပါ ဆရာဝန်တွေကကင်ဆာဆေးဒဏ်လို့ပဲ ထင်ခဲ့ကြပါတယ် စစ်ဆေး (၂) ခါ မြောက်မှာတော့ ခြေထောက်က ပေါင်ရင်းဆက်ထားတဲ့တင်ပဆုံနားက ကျိုးပြီးအက်နေခဲ့တာပါ သိသိချင်းပဲ ဆေးရုံတက် ဓါတ်ကင်ရပါတယ် နောက်ဆက်တွဲ ခါးနဲ့ ညာဘက်နံရိုးပါ ကင်ဆာ အစက်တွေ တွေ့တာကြောင့် Radiotherapy ထပ်ပေးရပါတယ် (၇) ခါ ထပ် Trearment ယူပြီး ဆေးရုံကနေ ဆင်းခဲ့ရပါတယ် လမ်းကတော့ အရင်လိုမဟုတ်ပေမယ့် ဖြေးဖြေးမှန်မှန်လေး စလျှောက်နေပါပြီ ”

” အဆင့် (၄) ရှိတဲ့ကင်ဆာသမားက အသက်ရှင်သေးတယ်နော်လို့ ပြောတဲ့ commentsလေး တစ်ခုတွေ ပါတယ် ဘာကြောင့်လဲ ဆိုတာ ကျွန်မရဲ့ အသက်ရှင်ချင်တဲ့စိတ်ကြောင့်ပါလို့ ကင်ဆာရောဂါသည်လို့ မခံယူဘဲ ပုံမှန်မိသားစုဝင်တွေလိုပဲမျှတတဲ့အစားကို စားသောက် စိတ်ညစ်စေမယ့်အတွေးတွေကိုဘေးဖယ်ပြီး အချိန်မှန်အိပ်စက်ခဲ့လို့ပါ ဒါကြောင့်ကျွန်မ facebook page ကို စသုံးခဲ့တာပါ ကျွန်မလိုမျော်လင့်ချက်မဲ့သူတွေအချင်းချင်း ခွန်အားပေးရင်း မျှဝေရအောင်လို့  စာလေးတွေရေးပြီး ခွန်အားပေးဝေမျှရင်း ပရိတ်သတ် မိတ်ဆွေများဆီကနေ မေတ္တာနဲ့ရေးတဲ့စာလေးတွေ ဖတ်ရင်းအားတင်းနေရတာပါ ရှေ့ဆက် ကျွန်မရဲ့ရောဂါ အခြေ အနေဘာဖြစ်မလဲ ဘယ်လောက်ထိ အသက်ရှင်ဦးမယ်ဆိုတာ ဘုရားမှ တပါးဘယ်သူမှ မသိနိုင် ပါဘူး ကျန်ရှိတဲ့နေ့ရက်လေးတွေ ကို ကျွန်မအပြုံးနဲ့ အမြဲတမ်းနိုးထအသက်ရှင်ပါတယ် ”


Happy – Cele Zone
Photo – Mee Mee Khel