{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590214703739","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590214675964","source":"other","origin":"unknown"}

မွေးနေ့လေးမှာ နာရေးကူညီမှုအသင်းကို အလှူငွေ ဆယ်သိန်းနဲ့ အာဟာရဒါနများလှူဒါန်းခဲ့တဲ့ ထူးအောင်

Posted on

အမိုက်စားခန္ဓာကိုယ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ နိုင်ငံကျော် မင်းသားချောလေး ထူးအောင်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ စတိုင်စ်အမိုက်စားနဲ့ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်တာကိုလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ထူးအောင်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ သူရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ ခန့်ညားအထာကျလွန်းတဲ့ ဖက်ရှင်အလန်းစားနဲ့ ပုံရိပ်လေးတွေကလည်း ကောင်မလေးပရိသတ်တွေကို အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။လတ်တလောမှာတော့ သူရဲ့မွေးနေ့လေးမှာ နာရေးကူညီမှုအသင်းကို ငွေကျပ်ဆယ်သိန်းအပြင် အာဟာရဒါများပါ လှူဒါန်းခဲ့တဲ့ အလှူပုံရိပ်လေးတွေကို သူရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာ အမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ထူးအောင်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးတွက် ထူးအောင်ရဲ့ အလှူပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Htoo Aung 

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Htoo Aung