အသက်ငယ်ငယ်လေးနဲ့ လေးစားစရာကောင်းလောက်အောင်ကို ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ မယ်လိုဒီရဲ့သားလေး

Posted on

အရွယ်နဲ့မလိုက်အောင်ဘာသာတရားကိုင်းရှိုင်းပြီး ချစ်ဖို့ကောင်းတဲ့ မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်တစ်ယောက် မေမေနဲ့အတူတူ ပရိသတ်တွေကို ဆုတောင်းမေတ္တာပို့သတဲ့ဗီဒီယိုလေး ရိုက်ကူးခဲ့ပါတယ်။ မေမေက ရိုက်မယ်ပြောတုန်းက ငြင်းတဲ့ကလေးလေးက လူအများကြည့်ရင် သားကုသိုလ်ရမယ်လို့ပြောတော့ ရိုက်မယ်ဆိုပြီးလက်ခံခဲ့တဲ့ သူတော်ကောင်းလေးပါ။

မိခင်ကိုလည်း ညတိုင်း ပဌာန်းရွတ်ပြခိုင်းပြီး တရားနာပြီးမှအိပ်တတ်တဲ့သူတော်ကောင်းလေး ပါ။ အမေကိုလည်းအရမ်းချစ်ပြီးတွယ်တာ လွန်းတဲ့ ကလေးလေးလည်းဖြစ်ပါတယ်။ ရှုတင်သွားရင်တောင် အမေနားကပ်ပြီး ချွဲတတ်တဲ့ ဖြူစင်သူလေးမို့ မေမေရော ပရိသတ်တွေ က ပါ အချစ်ပိုနေရသူလေးပါပဲ။

ချစ်စရာဗီဒီယိုလေးကို ” သားသားနှင့်မေမေ သားရေ videoclip လေးရိုက်ရအောင်ဆိုတာ မရိုက်ချင်ဘူးတဲ့ သားသားရယ် ဒီ Videoclip ကလေးရိုက်ပြီး Facebook ပေါ်တင်ရင် သားသားကို ချစ်တဲ့သူတွေ ကကြည့်မှာ သားသားကုသိုလ်ရတယ်လို့ပြောလိုက်တော့ ရိုက်မယ် တဲ့ သာဓုပါတော် လေးစားနေပါပြီ (၇) ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင် ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Melody Myo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Melody Myo