{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590138069548","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590138043255","source":"other","origin":"unknown"}

Facility Qurantine ဝင်နေသူတွေကို နေ့လည်စာများ လှူဒါန်းခဲ့တဲ့ အိန္ဒြာကျော်ဇင်

Posted on

နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ်။ လင်းလက်တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်လေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ပရိသတ်တွေရဲ့အသည်းကျော်လေးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အူဝဲရဲ့သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ဖက်ရှင်တွေကိုပါ ကြွေနေရတာ ဖြစ်ပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အူဝဲက ယနေ့ချိန်အထိ ပျိုမျစ်နုနယ်ပြီး အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူဝဲက ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် ငယ်ရွယ်နုပျိုနေတာကလည်း ပရိသတ်တွေကိုအချစ်ပိုစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ သွယ်လျကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်ဖက်ရှင်နဲ့မဆို အမြဲကျော့ရှင်းလှပနေတာလည်းဖြစ်ပါတယ်။

အူဝဲကကတော့ အမြဲဆိုသလို အလှူဒါန်းတွေလည်း ရက်ရက်ရောရောလုပ်ကိုင်သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း Facility Qurantine ဝင်နေတဲ့သူတွေကို နေ့လည်စာများလှူဒါန်းခဲ့တဲ့ အလှူပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးမိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Eaindra Kyaw Zin 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Eaindra Kyaw Zin