ခင်ပွန်းရဲ့မွေးနေ့မှာ အလန်းစားမွေးနေ့ကိတ်လေးနဲ့ Surprise လုပ်ပေးခဲ့တဲ့ ပိုးအိအိခန့်

Posted on

ဒီနေ့ဟာ ဘောလုံးသမားအောင်သူရဲ့မွေးနေ့လေးဖြစ်ပါတယ်။ မွေးနေ့ပွဲလေးကို ချစ်ဇနီး ပိုးအိအိခန့်က ပျော်စရာလေးဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ တစ်အိမ်ထဲအတူတူ နေတာမို့ အောင်သူမသိအောင်စီစဉ်ရတာ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ ကိုယ်ချစ်ရတဲ့သူရဲ့ မျက်နှာပေါ် က အပြုံးလေးမြင်ရဖို့အတွက် အပင်ပန်းခံပြီး Surprise လုပ်တဲ့ ပိုးအိရဲ့ ချစ်ခြင်းမေတ္တာက လည်း မသေးပါဘူးနော်။

အတူတူနေလာခဲ့တဲ့အချိန်တွေကြာလေလေ အချစ်တွေပိုတိုးလေလေမို့ သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရှင်ဘဝဟာ ပျော်စရာတွေ အပြည့်ဖြစ်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့သားလေး ကြောင့် နေ့ရက်တိုင်းပြီးပြည့်စုံနေခဲ့ပါတယ်။ လက်ရှိမှာတော့ အောင်သူတစ်ယောက် ချစ်ဇနီးကို ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေအတူတူလိုက်လုပ်ပေးပြီး အကောင်းဆုံး ပါရမီဖြည့်ပေးနေပါတယ်။

မွေးနေ့ဆုတောင်းလေးကို ” Happy Birthday ပါ ယောကျာ်းရေ Stay home မှာ date တွေတောင် မေ့နေတဲ့ ယောကျာ်းကို surprise လုပ်ရတာ အရမ်းကျေနပ်ပါတယ် တစ်အိမ်ထဲတူတူနေနေတော့ သူမသိအောင် အဖွဲ့လိုက်ကြံစည်ပြီး စီစဉ်ရတာ ပျော်စရာတော့ ကောင်းသား စီစဉ်ထားတဲ့ အတိုင်းလည်း အားလုံးဖြစ်တော့ အားလုံးလည်းပျော် မွေးနေ့ရှင်လည်း surprise ဖြစ်ပြီးပျော် ယောကျာ်းရေ အခုမွေးနေ့ကစပြီး ဖြစ်ချင်တာ လိုချင်တာ တောင့်တတာမှန်သမျှ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း ကျပါစေလို့ မိန်းမဆုတောင်းပေးပါတယ် ရှေ့ဆက်ရမယ့် ဘဝကြီးကို အေးအတူ ပူအမျှ တူတူရင်ဆိုင်သွားဖို့လည်း မိန်းမက အဆင်သင့်ပါ ကိုရယ် ဖောင်းရယ် သားလေးရယ် ဒီမိသားစု ဘဝလေးလည်း အစဉ်ထာဝရပျော်ရွှင်အေးချမ်းသာယာပါစေလို့ ဖောင်းကို့မွေးနေ့မှာဆန္ဒပြုပါတယ်ရှင် ချစ်တဲ့ မိန်းမ ” ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Poe Ei Ei Khant

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခင္ပြန္းရဲ႕ေမြးေန႔မွာ အလန္းစားေမြးေန႔ကိတ္ေလးနဲ႔ Surprise လုပ္ေပးခဲ့တဲ့ ပိုးအိအိခန္႔

ဒီေန႔ဟာ ေဘာလံုးသမားေအာင္သူရဲ႕ေမြးေန႔ေလးျဖစ္ပါတယ္။ ေမြးေန႔ပြဲေလးကို ခ်စ္ဇနီး ပိုးအိအိခန္႔က ေပ်ာ္စရာ ေလးျဖစ္ေအာင္ ဖန္တီးေပးခဲ့ပါတယ္။ တစ္အိမ္ထဲအတူတူ ေနတာမို႔ ေအာင္သူမသိေအာင္စီစဥ္ရတာ ရင္ခုန္စိတ္လႈပ္ရွားစရာပါပဲ။ ကိုယ္ခ်စ္ရတဲ့ သူရဲ႕ မ်က္ႏွာေပၚ က အျပံုးေလးျမင္ရဖို႔အတြက္ အပင္ပန္းခံျပီး Surprise လုပ္တဲ့ ပိုးအိရဲ႕ ခ်စ္ျခင္းေမတၱာကလည္း မေသးပါဘူးေနာ္။

အတူတူေနလာခဲ့တဲ့အခ်ိန္ေတြၾကာေလေလ အခ်စ္ေတြပိုတိုးေလေလမို႔ သူမတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ရွင္ဘဝဟာ ေပ်ာ္စရာေတြအျပည့္ျဖစ္ခဲ့ပါတယ္။ ခ်စ္စရာေကာင္းတဲ့သားေလး ေၾကာင့္ ေန႔ရက္တိုင္းျပီးျပည့္စံုေနခဲ့ပါတယ္။ လက္ရွိမွာေတာ့ ေအာင္သူတစ္ေယာက္ ခ်စ္ဇနီးကို ဝိတ္က်ေအာင္ ေလ့က်င့္ခန္းေတြအတူတူလိုက္လုပ္ေပးျပီး အေကာင္းဆံုး ပါရမီျဖည့္ေပးေနပါ တယ္။

ေမြးေန႔ဆုေတာင္းေလးကို ” Happy Birthday ပါ ေယာက်ာ္းေရ Stay home မွာ date ေတြေတာင္ ေမ့ေနတဲ့ ေယာက်ာ္းကို surprise လုပ္ရတာ အရမ္းေက်နပ္ပါတယ္ တစ္အိမ္ထဲတူတူေနေနေတာ့ သူမသိေအာင္ အဖြဲ႕လိုက္ႀကံစည္ၿပီး စီစဥ္ရတာ ေပ်ာ္စရာေတာ့ေကာင္းသား စီစဥ္ထားတဲ့ အတိုင္းလည္း အားလုံးျဖစ္ေတာ့ အားလုံးလည္းေပ်ာ္ ေမြးေန႔ ရွင္လည္း surprise ျဖစ္ၿပီးေပ်ာ္ ေယာက်ာ္းေရ အခုေမြးေန႔ကစၿပီး ျဖစ္ခ်င္တာ လိုခ်င္တာ ေတာင့္တတာမွန္သမွ် ဆႏၵနဲ႔ဘဝ တစ္ထပ္တည္း က်ပါေစလို႔ မိန္းမဆုေတာင္းေပးပါတယ္ ေရွ႕ဆက္ရမယ့္ ဘဝႀကီးကို ေအးအတူ ပူအမွ် တူတူရင္ဆိုင္သြား ဖို႔လည္း မိန္းမက အဆင္သင့္ပါ ကိုရယ္ ေဖာင္းရယ္ သားေလးရယ္ ဒီမိသားစု ဘဝေလးလည္း အစဥ္ထာဝရေပ်ာ္႐ႊင္ေအးခ်မ္း သာယာပါေစလို႔ ေဖာင္းကို႔ေမြးေန႔မွာဆႏၵျပဳပါတယ္ရွင္ ခ်စ္တဲ့ မိန္းမ ” ဆိုၿပီး ဆုေတာင္းေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – Poe Ei Ei Khant