လူတွေမသိသေးတဲ့ သူမဘဝရဲ့အခက်အခဲတွေကို ပြောပြလာတဲ့ ကြူကြူသင်း

Posted on

အားလုံးချစ်တဲ့ဟာသ သရုပ်ဆောင်ကြူကြူသင်းတစ်ယောက် သူမဘဝရဲ့ခက်ခဲမှုတွေကို ” ကျမတို့ရုပ်ရှင်သရုပ်ဆောင်တွေအကြောင်း အဓိက ကတော့ကျမအကြောင်းပေါ့ ရုပ်ရှင် လောကမှာ အနှစ်သုံးဆယ်ကျော်အလုပ်လုပ်လာတဲ့ကျမ အိမ်တစ်လုံးတောင်မပိုင်ပါဘူး အရင်က အဖေအမေဆိုင်တဲ့အိမ်ကြီးမှာ ညီကိုယ်မောင်နှမသိပ်ခင်တဲ့ကျမ အမေဟာ သူတို့တစ်သက်အိမ်မဝယ် အိမ်ဝယ်ဖို့လဲတိုက်တွန်း လို့မရနဲ့အမျိုးတွေနဲ့အိမ်ကြီးမှာ ပျော်ပျော်ကြီးနေကြတယ် သမီးဖြစ်သူရဲ့ရှေ့ရေးမတွေးတာလား တစ်သက်လုံးဒီအိမ်မှာပဲ တည်ရှိမှာပဲ အတွေးနဲ့ပေါ့ အသက်တွေကြီးလာလို့သမီးဖြစ်တဲ့ကျမကိုခွဲသွားပြီးချိန်လဲကြရော ကျန်ညီကိုယ်မောင်နှမတွေ အမွေခွဲတဲ့အချိန် အိမ်ဝယ်ဖို့ တောင်မမှီတဲ့ငွေလေးနဲ့ ကျမအိမ်ငှားဘဝရောက်တော့တာပဲ ”

” အများမြင်မှာရုပ်ရှင်တွေရိုက် ငွေတွေထောနေမှာပဲလိုအများကမြင်ကြတယ် ကျမတယောက် ထဲရပ်တည်ရတဲ့ဘဝမှာ အိမ်လခ မီးဖိုး ရေဖိုး တိုက်ခန်းနေသူတွေသာသိတာ သောက်ရေကအစ ဝယ်သောက်ရတဲ့ခေတ် ရုပ်ရှင်တွေရိုက်ရတလှည့် မရိုက်ရတလှည့်နဲ့ ကိုယ့်အခြေလေး ယိုင်နေတာလူမသိအောင်ရပ်တည်နေခဲ့တာ ကားရိုက်ကြဲလာလေ စိတ်အတွေးထွေလေလေပါပဲ နောက်ကျတော့ အသက်ရွယ်ရရောကားရိုက်တွေရပ်တန်သွားတဲ့အခါ အပူဘယ်သူကယ်မလဲ မတွေးဘဲ ဘဝရပ်တည်ဖို့အတွက်ဈေးရောင်းခဲ့တယ် အတော်သင့်လေးရောင်းရရုံရှိသေးတဲ့ အချိန် ခုလိုကပ်ဆိုးကြောင့်လုံးဝရပ်တော့တာပဲ ”

” အဲ့အခါ ပေါင်းနေတဲ့အသိမိတ်ဆွေတွေက ကူညီဖေးမပေးကမ်းထောက်ပံ့ကြနဲ့ ဝမ်းရေးတစ်ခု ကိုအဆင်ပြေခဲ့တာပါ ကျမထောက်ပံ့မှု့ တခုရတိုင်း ကိုယ့်စိတ်ကိုယ်မလုံဘူး တိုက်ခန်းနဲ့နေတဲ့ ကျမတို့ကယူတယ် ထောက်ပံ့တာကိုစားတယ်ဆိုတဲ့အတွေးတွေတွေးကြတဲ့ သူတွေရှိကြပါတယ် ရွှေကြောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဖြစ်နေတဲ့ကျမတို့ယူရတာပါ စာနာစိတ်နဲ့ပေးကမ်းကြ တဲ့သူတွေကိုလဲ ဘုရားရှိခိုးတိုင်းဆုတောင်းမေတ္တာပို့ပါတယ် ကျမလဲတချိန်ချိန်မှာ ပေးကမ်းနိုင် တဲ့လူဖြစ်ချင်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Kyu Kyu Thin

(ဇော်ဂျီဖြင့်ဖတ်ရန်)

လူေတြမသိေသးတဲ့ သူမဘဝရဲ႕အခက္အခဲေတြကို ေျပာျပလာတဲ့ ၾကဴၾကဴသင္း

အားလုံးခ်စ္တဲ့ဟာသ သ႐ုပ္ေဆာင္ၾကဴၾကဴသင္းတစ္ေယာက္ သူမဘဝရဲ႕ခက္ခဲမႈေတြကို ” က်မတို႔႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ အေၾကာင္း အဓိက ကေတာ့က်မအေၾကာင္းေပါ့ ႐ုပ္ရွင္ ေလာကမွာ အႏွစ္သုံးဆယ္ေက်ာ္အလုပ္လုပ္လာတဲ့က်မ အိမ္တစ္လုံးေတာင္မ ပိုင္ပါဘူး အရင္က အေဖအေမဆိုင္တဲ့အိမ္ႀကီးမွာ ညီကိုယ္ေမာင္ႏွမသိပ္ခင္တဲ့က်မ အေမဟာ သူတို႔တစ္သက္အိမ္မဝယ္ အိမ္ဝယ္ဖို႔လဲတိုက္တြန္း လို႔မရနဲ႔အမ်ိဳးေတြနဲ႔အိမ္ႀကီးမွာ ေပ်ာ္ေပ်ာ္ႀကီးေနၾကတယ္ သမီးျဖစ္သူရဲ႕ေရွ႕ေရးမေတြးတာလား တစ္သက္လုံးဒီအိမ္မွာပဲ တည္ရွိမွာပဲအေတြးနဲ႔ေပါ့ အသက္ေတြႀကီးလာလို႔သမီးျဖစ္တဲ့က်မကိုခြဲသြားၿပီးခ်ိန္လဲၾကေရာ က်န္ညီကိုယ္ေမာင္ႏွမေတြ အေမြခြဲတဲ့အခ်ိန္ အိမ္ဝယ္ဖို႔ေတာင္မမွီတဲ့ေငြေလးနဲ႔ က်မအိမ္ငွားဘဝေရာက္ေတာ့တာပဲ ”

” အမ်ားျမင္မွာ႐ုပ္ရွင္ေတြ႐ိုက္ ေငြေတြေထာေနမွာပဲလိုအမ်ားကျမင္ၾကတယ္ က်မတေယာက္ ထဲရပ္တည္ရတဲ့ဘဝမွာ အိမ္လခ မီးဖိုး ေရဖိုး တိုက္ခန္းေနသူေတြသာသိတာ ေသာက္ေရကအစ ဝယ္ေသာက္ရတဲ့ေခတ္ ႐ုပ္ရွင္ေတြ႐ိုက္ရတလွည့္ မ႐ိုက္ရတလွည့္နဲ႔ ကိုယ့္အေျခေလး ယိုင္ေနတာလူမသိေအာင္ရပ္တည္ေနခဲ့တာ ကား႐ိုက္ႀကဲလာေလ စိတ္အေတြးေထြေလေလပါပဲ ေနာက္က်ေတာ့ အသက္႐ြယ္ရေရာကား႐ိုက္ေတြရပ္တန္သြားတဲ့အခါ အပူဘယ္သူကယ္မလဲ မေတြးဘဲ ဘဝရပ္တည္ဖို႔အတြက္ေဈးေရာင္းခဲ့တယ္ အေတာ္သင့္ေလးေရာင္းရ႐ုံရွိေသးတဲ့ အခ်ိန္ ခုလိုကပ္ဆိုးေၾကာင့္လုံးဝရပ္ေတာ့တာပဲ ”

” အဲ့အခါ ေပါင္းေနတဲ့အသိမိတ္ေဆြေတြက ကူညီေဖးမေပးကမ္းေထာက္ပ့ံၾကနဲ႔ ဝမ္းေရးတစ္ခု ကိုအဆင္ေျပခဲ့တာ ပါ က်မေထာက္ပ့ံမႈ႕တခုရတိုင္း ကိုယ့္စိတ္ကိုယ္မလုံဘူး တိုက္ခန္းနဲ႔ေနတဲ့ က်မတို႔ကယူတယ္ ေထာက္ပ့ံတာကိုစားတယ္ဆိုတဲ့ အေတြးေတြေတြးၾကတဲ့သူေတြရွိၾကပါတယ္ ေ႐ႊေၾကာင္းေျပာင္ေျပာင္ဝမ္းေခါင္ေခါင္ျဖစ္ေနတဲ့ က်မတို႔ ယူရတာပါ စာနာစိတ္နဲ႔ေပးကမ္းၾက တဲ့သူေတြကိုလဲ ဘုရားရွိခိုးတိုင္းဆုေတာင္းေမတၱာပို႔ပါတယ္ က်မလဲတခ်ိန္ခ်ိန္မွာ ေပးကမ္းႏိုင္ တဲ့လူျဖစ္ခ်င္ပါတယ္ ” ဆိုျပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Kyu Kyu Thin