{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590125520385","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590125496487","source":"other","origin":"unknown"}

အရင်ရူတင်နောက်ကွယ်က အမှတ်တရပုံလေးတွေ ပရိသတ်တွေကို အလွမ်းပြေ ထုတ်ပြလိုက်တဲ့ ညီညီမောင်

Posted on

နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကိုတော့ ချစ်ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာအောင်မြင်တဲ့ မိတ်ကပ်ပညာရှင် အဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားသူ တစ်ဦးဖြစ်ပြီး သူရဲ့ ဟာသ Video လေးတွေဟာလည်း သဘောကျစရာ ကောင်းလွန်းပြီး ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာ နောက်ပိုင်းမှာ မိတ်ကပ်ဖန်တီးရှင်အပြင် အနုပညာအလုပ်တွေပါ ပါဝင်လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

ပရိသတ်တွေရယ်မောပျော်ရွှင်စေတဲ့ ချစ်စရာကောင်းပြီး စိတ်ထားပွင့်လင်းတဲ့ သုသုလေးရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အားပေးကြည့်ရှုသူများပြားကာ ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း တွေ့ရပါတယ်နော်။လတ်တလောမှာတော့ ရူတင်နောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို ထုတ်ပြကာ ရူတင်ကိုလွမ်းနေပြီဖြစ်ကြောင်း အလုပ်တွေပြန်လုပ်ချင်နေကြောင်းလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

သုကတော့ အလုပ်ကြိုးစားသလို အမြဲပျော်ပျော်နေတတ်သူလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် သုသုရဲ့ ရိုက်ကွင်း ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။သုသုလည်း ဒီထက်မ အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

 

Alexus – Cele Zone

Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Nyi Nyi Maung