{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590121308827","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590121291781","source":"other","origin":"unknown"}

ရွာအတွက် မီးရရန် ငွေကျပ်သိန်းငါးဆယ်နဲ့ ဆန် ဆီများ အယောက်စီတိုင်းကိုလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေး

Posted on

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက နာမည်ကျော်အနုပညာရှင်တွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ဖြူဖြူထွေးကတော့ သူမရှာဖွေထားတဲ့အနုပညာကြေးတွေနဲ့ မိဘကိုတစ်ဖက်တစ်လမ်းက လုပ်ကျွေးနေတာဖြစ်ပါတယ်။

ဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်။

သူမကတော့ အလှူဒါန်းတွေကိုလည်း ရက်ရက်ရောရော အမြဲလှူဒါန်းသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမနေထိုင်တဲ့ ရွာအတွက် မီးရရှိရန် ငွေကျပ် သိန်းငါးဆယ်အပြင် ဆန်နဲ့ဆီတွေ လှူဒါန်းကောင်းမှုပြုခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးက အရမ်းကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Phyu Phyu Htwe

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Phyu Phyu Htwe