Coivid ကာလမှာ ပထမဆုံးရတဲ့အနုပညာအကြေးကို အမေများအဖွဲ့အတွက် လှူတန်းပေးခဲ့တဲ့ ခြူးလေး

Posted on

အမေများအဖွဲ့ဟာ တည်ထောင်ခဲ့တာ ဆယ်စုနှစ်တစ်စုကျော်ခဲ့ပြီဖြစ်ပြီး အားလုံးပေါင်း (၁၆) ယောက်ရှိပါတယ်။ အပြန်အလှန် စောင့်ရှောက်မှုတွေနဲ့ ရပ်တည်နေပြီး အနုပညာအဖွဲ့သားတွေ ကလည်း ကြည့်ရှုစောင့်ရှောက်ကြပါတယ်။ ကိုယ်တတ်နိုင်သလောက် လှူတန်းမှုတွေလည်း လုပ်ကြပြီး အမေများအဖွဲ့ ရပ်တည်နိုင်ဖို့အတွက် ကူညီကြတာလည်း ချစ်စရာပါ။

ဒီတစ်ခေါက်မှာတော့ ခြူးလေးက အမေများအဖွဲ့ဆီ ပထမဆုံးသွားလည်ရင်းနဲ့ လိုအပ်တာတွေ သွားရောက်လှူတန်းပေးခဲ့ပါတယ်။ Covid 19 ကြောင့် ကာလရှည်ကြာအောင် အလုပ်တွေ ရပ်နားထားရပြီးနောက် ပထမဆုံးပြန်လုပ်ရတဲ့ အလုပ်ကရတဲ့ အနုပညာကြေး ထဲက သူမ တတ်နိုင်သလောက်လေး ကူညီထောက်ပံ့ခဲ့တာပါ။

ချစ်စရာဗီဒီယိုလေးကို ” ခြူးလေးရဲ့ Stay Home ကာလလေးကလည်း ကြာနေပြီဆိုတော့ တစ်ခေတ်တစ်ခါက သရုပ်ဆောင် မင်းသမီးကြီးတွေဖြစ်ခဲ့တဲ့ အမေတွေဆီမှာ လေ့လာစရာ တွေ သင်ယူစရာတွေလေ့လာရင်း ခြူးလေးရထားတဲ့ အနုပညာကြေးလေး တွေထဲက တတ်နိုင် သလောက်ကို သွားပြီးလှူချင်လာလို့ (၁၈) ရက်နေ့ ကတည်းက အမေအိမ်ရာကို သွားရောက်ခဲ့တဲ့ Video လေး ကို တင်ဆက်ပေးလိုက်ပါတယ်နော် ချစ်ရတဲ့ ပရိသတ်ကြီးပေးတဲ့ အလှူလေးလည်း ဖြစ်လို့ ခြူးလေးနဲ့အတူ သာဓုခေါ်ပေးကြပါနော် ” ဆိုပြီး ဝေမျှပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Chue Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

Coivid ကာလမွာ ပထမဆုံးရတဲ့အႏုပညာအေၾကးကို အေမမ်ားအဖြဲ႕အတြက္ လႉတန္းေပးခဲ့တဲ့ ျခဴးေလး

အေမမ်ားအဖြဲ႕ဟာ တည္ေထာင္ခဲ့တာ ဆယ္စုႏွစ္တစ္စုေက်ာ္ခဲ့ၿပီျဖစ္ၿပီး အားလုံးေပါင္း (၁၆) ေယာက္ရွိပါတယ္။ အျပန္အလွန္ေစာင့္ ေရွာက္မႈေတြနဲ႔ ရပ္တည္ေနၿပီး အႏုပညာအဖြဲ႕သားေတြ ကလည္း ၾကည့္ရႈေစာင့္ေရွာက္ၾကပါတယ္။ ကိုယ္တတ္ႏိုင္သေ လာက္လႉတန္းမႈေတြလည္း လုပ္ၾကၿပီး အေမမ်ားအဖြဲ႕ ရပ္တည္ႏိုင္ဖို႔အတြက္ ကူညီၾကတာလည္း ခ်စ္စရာပါ။

ဒီတစ္ေခါက္မွာေတာ့ ျခဴးေလးက အေမမ်ားအဖြဲ႕ဆီ ပထမဆုံးသြားလည္ရင္းနဲ႔ လိုအပ္တာေတြ သြားေရာက္လႉတန္းေပးခဲ့ ပါတယ္။ Covid 19 ေၾကာင့္ ကာလရွည္ၾကာေအာင္ အလုပ္ေတြ ရပ္နားထားရၿပီးေနာက္ ပထမဆုံးျပန္လုပ္ရတဲ့ အလုပ္ကရတဲ့ အႏုပညာေၾကးထဲက သူမ တတ္ႏိုင္သေလာက္ေလး ကူညီေထာက္ပံ့ခဲ့တာပါ။

ခ်စ္စရာဗီဒီယိုေလးကို ” ျခဴးေလးရဲ႕ Stay Home ကာလ ေလးကလည္း ၾကာေနၿပီဆိုေတာ့ တစ္ေခတ္တစ္ခါက သ႐ုပ္ေဆာင္ မင္းသမီးႀကီးေတြျဖစ္ခဲ့တဲ့ အေမေတြဆီမွာ ေလ့လာစရာ ေတြ သင္ယူစရာေတြေလ့လာရင္း ျခဴးေလး ရထားတဲ့ အႏုပညာေၾကးေလးေတြထဲက တတ္ႏိုင္ သေလာက္ကို သြားၿပီးလႉခ်င္လာလို႔ (၁၈) ရက္ေန႔ ကတည္းက အေမအိမ္ရာကို သြားေရာက္ခဲ့တဲ့ Video ေလး ကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္ ခ်စ္ရတဲ့ ပရိသတ္ႀကီးေပးတဲ့ အလႉေလးလည္း ျဖစ္လို႔ ျခဴးေလးနဲ႔အတူ သာဓုေခၚေပးၾကပါေနာ္ ” ဆိုၿပီး ေဝမွ်ေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – Chue Lay