အိပ်ခါနီးအမေကိုနှိပ်ပေးပြီး သီချင်းဆိုသိပ်နေတဲ့ သမီးလိမ္မာလေး ခေးဆက်သွင်

Posted on

မိဘကိုကျေးဇူးသိတတ်တဲ့သားသမီးတိုင်းဟာ အခက်အခဲတွေမကြုံတွေ့ရတတ်ရဘဲ တွေ့ကြုံလာရရင်လည်း အလွယ်တကူဖြေရှင်းနိုင် ပါတယ်။ ဒါဟာ မိဘအပေါ်မှာသိတတ်တဲ့ အကျိုးကျေးဇူးတွေပါပဲ။ ငယ်စဉ်ကတည်းက ကိုယ့်ကိုကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တဲ့ မိဘတွေကို သတိရတိုင်းဦးချပြီး ကိုယ်အရွယ်ရောက်လာတဲ့အချိန်မှာလည်း မိဘတွေကို ခြေဆုပ်လက်နယ်ပြုစုသင့်ပါတယ်။

ခေးဆက်သွင်တစ်ယောက်ကတော့ မွေးရကျိုးနပ်တဲ့ သမီးအလိမ္မာလေးပါပဲ။ မိခင်ဖြစ်သူကို အိပ်ခါနီး အညောင်းညာပြေအောင် နှိပ်ပေး တဲ့အပြင် ကလေးတစ်ယောက်လို သီချင်းပါ ဆိုသိပ်ပါသေးတယ်။ ချစ်စရာကောင်းတဲ့သမီးလေးရဲ့အပြုအမူကြောင့် မေမေတစ်ယောက် မအိပ်နိုင်ဘဲ ခပ်ပြုံးပြုံးလေးသာ ဖြစ်နေခဲ့ပါတော့တယ်။

သားမိနှစ်ယောက်ရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို ” သမီးမှ အမေကိုချော့သိပ်စဉ် အမေမှာ မအိပ်ရဘဲ ရယ်နေခြင်း ဖြစ်ပွား ” ဆိုပြီး ခေးဆက်သွင်က ဗီဒီယိုလေးနဲ့ လူမှုကွန်ရက် မှာဝေမျှခဲ့ပါတယ်။ ပျော်စရာကောင်းတဲ့ သားမိနှစ်ယောက်ရဲ့ အခိုက်အတန့်လေးကို ဝေမျှပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Khay Sett Thwin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khay Sett Thwin