{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590049544462","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590049536821","source":"other","origin":"unknown"}

ရွှေထူးရဲ့သီချင်းလေးကို အခါခါပြန်ကြည့်ပြီး အူတက်ရယ်နေရအောင် မျက်နှာပြောင်ထားတဲ့ ထက်အောင်ရှိုင်းရဲ့ ဗီဒီယိုဖိုင်လေး

Posted on

ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ထက်အောင်ရှိုင်းကတော့ ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ ထက်အောင်ရှိုင်းက အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူက မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ တစ်နေ့တစ်ခြား ပိုပိုပြီးအောင်မြင်ကျော်ကြားလာတဲ့ ထက်အောင်ရှိုင်းက အမြဲလိုလို မအားမလပ်နိုင်အောင် ရိုက်ကူးရေးတွေဆက်နေတာပဲ ဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့ ထက်အောင်ရှိုင်းက သူရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။လတ်တလောမှာတော့ ရွှေထူးရဲ့ မမကဆယ်လီ သားကတစ်လီ သီချင်းလေးကို မျက်နှာပြောင်ကာ ဟာသလေးရိုက်ထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားကာ ကြည့်ရှုသူများပြားခဲ့တာဖြစ်ပြီး ရယ်နေရတာအမှန်ပဲဖြစ်ပါတယ်။

ထက်အောင်ရှိုင်းကတော့ အမြဲစနောက်ကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးလည်းဖြစ်ပါတယ်။ဖက်ရှင်အမိုက်စားတွေနဲ့ အမြဲ အထာကျသန့်ပြန့် ပြီး ဆွဲဆောင်မှုရှိတာကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ထက်အောင်ရှိုင်းရဲ့ အခွီဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

photo – Htet Aung Shine

(ဇော်ဂျီဖြင့်ဖတ်ရန်)

ရွှေထူးရဲ့သီချင်းလေးကို အခါခါပြန်ကြည့်ပြီး အူတက်ရယ်နေရအောင် မျက်ဖနှာပြောင်ထားတဲ့ ထက်အောင်ရှိုင်းရဲ့ ဗီဒီယိုဖိုင်လေး




Alexus – Cele Zone

photo – Htet Aung Shine