အသံကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းတစ်ယောက် ဒီတစ်ခေါက်မှာပဲ ” နင်မရှိဘဲ ” ဆိုတဲ့ သီချင်းလေးနဲ့ အားလုံးရဲ့ သောတကို ထပ်မံဖမ်းစားလိုက် ပြန်ပါပြီပရိသတ်ကြီးရေ။ stay home ကာလဆိုတော့ အပြင်ထွက်လို့မရ တာကြောင့် အိမ်ထဲမှာပဲ အဆင်ပြေသလိုရိုက်ကူးထားပေမယ့်လည်း တကယ်ကိုကြည့်ကောင်းလွန်းပါတယ်။
ခပ်ဆွေးဆွေးသီချင်းလေးမို့ အဆွေးအိုက်တင်နဲ့သရုပ်ဆောင်ထားတဲ့ဖြူဖြူ့ရဲ့အိုက်တင်တွေက အဆိုပိုင်းမှာတင်မကဘဲ သရုပ်ဆောင် ပိုင်းမှာပါ ပိုင်နိုင်သူတစ်ယောက်ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဆယ်စုနှစ်တစ်စုကျော်လောက် ပရိသတ်တွေကို အမိုက်စားသံစဉ် တွေနဲ့ သိမ်းပိုက်ထားနိုင်သူဟာ ယနေ့ထက်တိုင်လည်း ဂီတအရည်အသွေးတွေက တောက်ပနေဆဲပါပဲ။
သူမရဲ့ Music Video လေးကို ” နင်မရှိပဲ- ဖြူဖြူကျော်သိန်း Official (Home Made) Music Video
Vocal ~ Phyu Phyu Kyaw Thein
Composer ~ Cobra
Band ~ The Ugly
Mixed & Mastered by Kyaw Gyi
Directed by Kyaw Shwe Min (DIOR By Heart)
Lockdown ကာလမှာ Stay at Home စည်းကမ်းတွေလိုက်နာပြီးကြိုးစားရိုက်ကူးထားကြတာမို့ အားနည်းချက်နဲ့လိုအပ်ချက်တွေရှိရင် လည်းဖြည့်စွက်နားလည်အားပေးကြည့်ရှုပေးကြပါလို့ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Phyu Phyu Kyaw Thein
(ဇော်ဂျီဖြင့်ဖတ်ရန်)
အရင်ကတစ်ခါမှမရိုက်ဖူးတဲ့ ပုံစံနဲ့ရိုက်ကူးထားတဲ့ ဖြူဖြူကျော်သိန်း သီချင်း MTV အသစ်
Composer ~ Cobra
Band ~ The Ugly
Happy – Cele Zone