ကင်ဆာရောဂါဝေဒနာကို အံတုနေရတဲ့ မီးမီးခဲတစ်ယောက် ကျန်းမာရေးတွေ ပြန်လည် ကောင်းမွန်လာခဲ့ပြီး လတ်တလောမှာတော့ သမီးလေးနဲ့တောင် အပြင်တူတူထွက်ပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်နိုင်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ လပိုင်းလောက်က ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ညာဖက်ခြေထောက်အခြေအနေမကောင်းတော့လို့ ဆေးရုံတက်ခဲ့ရပြီး အခုတော့ အတော်လေးကို သက်သာ လာပါပြီ။
တစ်သက်လုံးဝှီးချဲနဲ့ပဲနေသွားရတော့မယ့်ဆိုတဲ့ ဆရာဝန်ရဲ့စကားတွေကြောင့် သူမအတော်လေး စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် မိသားစုရဲ့ဂရုစိုက်မှုတွေနဲ့ မေတ္တာတွေကြောင့် စိတ်ခွန်အားတွေ ရလာပြီး အခုဆိုရင် တဖြည်းဖြည်းချင်း လမ်းစလျှောက်နိုင်နေပြီပဲဖြစ်ပါ တယ်။ သားလေးရဲ့ မွေးနေ့ပွဲကိုလည်း ဆေးရုံကဆင်းပြီးပြီးချင်းမှာ မိသားစုတွေအတူတူပြန်ကျင်းပခဲ့ပါသေးတယ်။
သမီးလေးနဲ့အတူတူလမ်းလျှောက်ထွက်နေတဲ့ သားမိနှစ်ယောက်ရဲ့ ပျော်စရာအခိုက်အတန့် ပုံရိပ်လေးတွေကို ” Mother and Daughter Day Out သက်သာလာပါပြီလို့ လမ်းဖြည်းဖြည်းချင်း စလျှောက်နေပါပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ အမြန်ဆုံးပြန်လည်ကျန်းမာပြီး ကိုယ်ချစ်တဲ့ ဂီတအနုပညာတွေကိုလည်း အကောင်းဆုံးထပ်မံဖန်တီးနိုင်ပါစေနော်။
Happy – Cele Zone
Photo – Mee Mee Khel
(ဇော်ဂျီဖြင့်ဖတ်ရန်)
ေရာဂါေတြသက္သာလာလို႔ သမီးေလးနဲ႔လမ္းေလွ်ာက္ထြက္ေနၿပီျဖစ္တဲ့ မီးမီးခဲ
ကင္ဆာေရာဂါေဝဒနာကို အံတုေနရတဲ့ မီးမီးခဲတစ္ေယာက္ က်န္းမာေရးေတြ ျပန္လည္ ေကာင္းမြန္လာခဲ့ျပီး လတ္တေလာမွာ ေတာ့ သမီးေလးနဲ႔ေတာင္ အျပင္တူတူထြက္ျပီး ျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္ႏိုင္ေနခဲ့ပါျပီ။ ျပီးခဲ့တဲ့ လပိုင္း ေလာက္က ကင္ဆာေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ညာဖက္ေျခေထာက္အေျခအေနမေကာင္းေတာ့လို႔ ေဆးရံု တက္ခဲ့ရျပီး အခုေတာ့ အေတာ္ေလးကို သက္သာလာပါျပီ။
တစ္သက္လံုးဝွီးခ်ဲနဲ႔ပဲေနသြားရေတာ့မယ့္ဆိုတဲ့ ဆရာဝန္ရဲ႕စကားေတြေၾကာင့္ သူမအေတာ္ေလး စိတ္မေကာင္းျဖစ္ခဲ့ရေပမယ့္ မိသားစုရဲ႕ဂရုစိုက္မႈေတြနဲ႔ ေမတၱာေတြေၾကာင့္ စိတ္ခြန္အားေတြ ရလာျပီး အခုဆိုရင္ တျဖည္းျဖည္းခ်င္း လမ္းစေလွ်ာ က္ႏိုင္ေနျပီပဲျဖစ္ပါတယ္။ သားေလးရဲ႕ ေမြးေန႔ပြဲကိုလည္း ေဆးရံုကဆင္းျပီးျပီးခ်င္းမွာ မိသားစုေတြအတူတူ ျပန္က်င္းပခဲ့ပါေသး တယ္။
သမီးေလးနဲ႔အတူတူလမ္းေလွ်ာက္ထြက္ေနတဲ့ သားမိႏွစ္ေယာက္ရဲ႕ ေပ်ာ္စရာအခိုက္အတန္႔ ပံုရိပ္ေလးေတြကို ” Mother and Daughter Day Out သက္သာလာပါၿပီလို႔ လမ္းျဖည္းျဖည္းခ်င္း စေလွ်ာက္ေနပါၿပီ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။ အျမန္ဆံုးျပန္လည္က်န္းမာျပီး ကိုယ္ခ်စ္တဲ့ ဂီတအႏုပညာေတြကိုလည္း အေကာင္းဆံုးထပ္မံဖန္တီးႏိုင္ပါေစေနာ္။
Happy – Cele Zone
Photo – Mee Mee Khel