{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590035797495","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1590035790348","source":"other","origin":"unknown"}

အိမ်ခြေ (၁၀၀) ကျော်ကို အစားသောက်နဲ့ ငွေကျပ်များ လှူဒါန်းကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ဒိန်းဒေါင်

Posted on

ချစ်ပရိသတ်ကြီးရေ…. ဟာသပြတ်လုံးတွေကို သူမတူအောင် တီထွင်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဘဝအမောဖြေပေးတဲ့ ဟာသပညာရှင် ဒိန်းဒေါင်ဆိုတာ နိုင်ငံကျော်တစ်ယောက်ပါပဲနော်။ သူဟာ ရုပ်ရှင်လောကမှာကော သဘင်နယ်ပယ်မှာပါ တကယ်ကိုနာမည်ကြီး ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားသူတစ်ယောက်လည်းဖြစ်သလို ဘုရားဒကာ ကျောင်းဒကာကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ဟာ သူ့ရဲ့ချွေးနဲစာလေးတွေနဲ့လည်း မကြာခဏ အလှူအတန်းပြုကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင် ပါဝင်လုပ်ကိုင်တတ်သူလည်းဖြစ်ပါတယ်။

သူရဲ့ နေ့စဉ်လှုပ်ရှားမှပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် မကြာခဏဖော်ပြလေ့ရှိသူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အိမ်ခြေ (၁၀၀) ကို ဆန် ၃ ပြည် ဆီ ၅၅ ကျပ်သား ငွေ (၃၀၀၀) လှူဒါန်းခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Dain Daung

( ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ္ေျခ (၁၀၀) ေက်ာ္ကို အစားေသာက္နဲ႔ ေငြက်ပ္မ်ား လႉဒါန္းေကာင္းမႈကုသိုလ္ျပဳခဲ့တဲ့ ဒိန္းေဒါင္

ခ်စ္ပရိသတ္ႀကီးေရ…. ဟာသျပတ္လုံးေတြကို သူမတူေအာင္ တီထြင္ၿပီး ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ဘဝအေမာေျဖေပးတဲ့ ဟာသပညာရွင္ ဒိန္းေဒါင္ဆိုတာ ႏိုင္ငံေက်ာ္တစ္ေယာက္ပါပဲေနာ္။ သူဟာ ႐ုပ္ရွင္ေလာကမွာေကာ သဘင္နယ္ပယ္မွာပါ တကယ္ကိုနာမည္ႀကီး ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္မႈေတြရရွိထားသူတစ္ေယာက္လည္းျဖစ္သလို ဘုရားဒကာ ေက်ာင္းဒကာႀကီးတစ္ေယာက္လည္းျဖစ္ပါတယ္။

အလႉအတန္းလည္းအရမ္း ရက္ေရာသူျဖစ္ၿပီး ပရဟိတစိတ္ရွိတဲ့ ဒိန္းေဒါင္ဟာ သူ႔ရဲ႕ေခြၽးနဲစာေလးေတြနဲ႔လည္း မၾကာခဏ အလႉအတန္းျပဳကုသိုလ္ယူ တတ္သူတစ္ေယာက္ျဖစ္ပါတယ္။ ပရဟိတလုပ္ငန္းေတြကိုလည္း ကိုယ္တိုင္ ပါဝင္လုပ္ကိုင္တတ္သူလည္းျဖစ္ပါတယ္။

သူရဲ႕ ေန႔စဥ္လႈပ္ရွားမွပုံရိပ္ေလးေတြကိုလည္း ေဖ့ဘြတ္စာမ်က္ႏွာေပၚတြင္ မၾကာခဏေဖာ္ျပေလ့ရွိသူလည္းျဖစ္ပါတယ္။လတ္တေလာမွာေတာ့ အိမ္ေျခ (၁၀၀) ကို ဆန္ ၃ ျပည္ ဆီ ၅၅ က်ပ္သား ေငြ (၃၀၀၀) လႉဒါန္းခဲ့တဲ့ အလႉပုံရိပ္ေလးေတြကို ေဖာ္ျပထားတာေတြ႕ရပါတယ္။ပုံေလးေတြၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္မိတာေၾကာင့္ ပရိသတ္ႀကီးတြက္ မွ်ေဝေပးလိုက္ပါတယ္။

Alexus – Cele Zone

Photo – Dain Daung