ကြာချည်နဲ့ချည်သားကိုပေါင်းစပ်ပြီးချုပ်လုပ်ထားတဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ Mask လေးဟာ ဒုတိယနေရာကိုချိတ်သွားခဲ့ပါပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယဆုရရှိခဲ့တာကတော့ နည်းတဲ့အရည်အချင်းမဟုတ်ပါဘူး။ အဆန်းအပြားတွေဘာမှမပါဘဲ ရိုးရိုးလေးပုံစံပေမယ့် တကယ်တမ်းချုပ်လုပ်ရာမှာတော့ အဆင့်တွေအများကြီးကျော်ဖြတ်ပြီး ချုပ်လုပ်ခဲ့ရတာပါ။
ရတနာတွေစီချယ်ထားတဲ့ အဝတ်အစားမျိုးစုံကိုချုပ်လုပ်နေသူမို့ လက်ရာနဲ့သေသပ်မှုကတော့ ပြောစရာမလိုအောင် ပြီးပြည့်စုံပြီးသားသူ တစ်ယောက်ပါ။ နွေရဲ့အပူဒဏ်ကိုအံတုပြီး ခပ်ကြာကြာ တည်နိုင်မယ့် ကြာချည် Mask လေးဟာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ရွေးချယ်မှုတွေ ထဲက တစ်ခုဖြစ်ခဲ့တာဆိုတော့ ဂုဏ်ယူစရာပါပဲနော်။
ပျော်ရွှင်ရတဲ့အကြောင်းလေးကို ” အရမ်းကိုပျော်ရွင်ကျေနပ်မေ့မရပါသောနေ့လေးတစ်နေ့ Designer တစ်ယောက်ဖြစ်တာမို့ရယ် အခုလိုအချိန်အခါမှာ ပြည်သူတစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင်ခွင့်ရတာရယ် ကိုယ့်ကိုချစ်ခင်စွာမေတ္တာနဲ့ like ပေးကြတဲ့ တစ်ဦး တစ်ယောက် ချင်းဆီကိုရင်ထဲကတကယ်ကိုကျေးဇူးအထူးတင်ရပါတယ် ဘဝမှာအများအကျိုးဖြစ်စေမယ့် အောင်မြင်မှူမျိုးရပါစေဆိုတဲ့ အမေစုပေးတဲ့ဆုလေးပြည့်ပါရစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဂုဏ်ယူပါတယ် ဒီဇိုင်နာကြီးရေ။ နောက်ထပ်လည်း လက်ရာသေသပ်တဲ့ အဝတ်အထည်တွေ အများကြီးဖန်တီးနိုင်ပါစေနော်။
Happy – Cele Zone
Photo – Myo Min Soe
(ဇော်ဂျီဖြင့်ဖတ်ရန်)
အေမစုရဲ႕ Mask ခ်ဳပ္ၿပိဳင္ပြဲမွာ ဒုတိယဆုကို ထိုက္ထိုက္တန္တန္ ရရွိသြားခဲ့တဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုး
ၾကာခ်ည္နဲ႔ခ်ည္သားကိုေပါင္းစပ္ၿပီးခ်ဳပ္လုပ္ထားတဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုးရဲ႕ Mask ေလးဟာ ဒုတိယေနရာကိုခ်ိတ္သြားခဲ့ပါၿပီ။ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဒုတိယဆုရရွိခဲ့တာကေတာ့ နည္းတဲ့အရည္အခ်င္းမဟုတ္ပါဘူး။ အဆန္းအျပားေတြဘာမွမပါဘဲ ႐ိုး႐ိုးေလးပုံစံ ေပမယ့္ တကယ္တမ္းခ်ဳပ္လုပ္ရာမွာေတာ့ အဆင့္ေတြအမ်ားႀကီးေက်ာ္ျဖတ္ၿပီး ခ်ဳပ္လုပ္ခဲ့ရတာပါ။
ရတနာေတြစီခ်ယ္ထားတဲ့ အဝတ္အစားမ်ိဳးစုံကိုခ်ဳပ္လုပ္ေနသူမို႔ လက္ရာနဲ႔ေသသပ္မႈကေတာ့ ေျပာစရာမလိုေအာင္ ၿပီးျပည့္စုံၿပီး သားသူတစ္ေယာက္ပါ။ ေႏြရဲ႕အပူဒဏ္ကိုအံတုၿပီး ခပ္ၾကာၾကာ တည္ႏိုင္မယ့္ ၾကာခ်ည္ Mask ေလးဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ရဲ႕ ေ႐ြးခ်ယ္မႈေတြထဲက တစ္ခုျဖစ္ခဲ့တာဆိုေတာ့ ဂုဏ္ယူစရာပါပဲေနာ္။
ေပ်ာ္႐ႊင္ရတဲ့အေၾကာင္းေလးကို ” အရမ္းကိုေပ်ာ္႐ြင္ေက်နပ္ေမ့မရပါေသာေန႔ေလးတစ္ေန႔ Designer တစ္ေယာက္ျဖစ္တာမို႔ရယ္ အခုလိုအခ်ိန္အခါမွာ ျပည္သူတစ္ေယာက္အေနနဲ႔ ပူးေပါင္းပါဝင္ခြင့္ရတာရယ္ ကိုယ့္ကိုခ်စ္ခင္စြာေမတၱာနဲ႔ like ေပးၾကတဲ့ တစ္ဦးတစ္ေယာက္ ခ်င္းဆီကိုရင္ထဲကတကယ္ကိုေက်းဇူးအထူးတင္ရပါတယ္ ဘဝမွာအမ်ားအက်ိဳးျဖစ္ေစမယ့္ ေအာင္ျမင္မႉမ်ိဳးရပါေစဆိုတဲ့အေမစုေပးတဲ့ဆုေလးျပည့္ပါရေစ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ဂုဏ္ယူပါတယ္ ဒီဇိုင္နာႀကီးေရ။ ေနာက္ထပ္လည္း လက္ရာေသသပ္တဲ့ အဝတ္အထည္ေတြ အမ်ားႀကီးဖန္တီးႏိုင္ပါေစေနာ္။
Happy – Cele Zone
Photo – Myo Min Soe