မိုးရွာတော့ နွေရဲ့အပူဒဏ်ကို အံတုနိုင်တော့မှာမို့ လူတော်တော်များများက ပျော်ရွှင်ကြပေမယ့် ဒီထဲမှာတော့ အိမ်ခြေယာမဲ့တွေမပါခဲ့ပါ ဘူး မိုးရွာတိုင်းခိုလှုံဖို့ အကာအကွယ်မဲ့နေသူတွေအတွက် မိုးဆိုတာ မလိုချင်တဲ့အခြေအနေတစ်ခုပါပဲ။ ဒီထဲမှာ A4 ကျော်စွာတစ်ယောက် လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူဆိုထားတဲ့ သီချင်းစာသားတွေဟာ သူ့ဘဝနဲ့ တစ်ထပ်တည်း ကိုက်ညီတာကြောင့် ဒီလိုကြမ်းတမ်းတဲ့ ဘဝတွေကနေ ရုန်းထွက်နိုင်ဖို့တော့ အတော်လေးကို ကြိုးစားရမှာပါ။
ဒီနေ့မှာတော့ ယုန်လေးတစ်ယောက် ရုပ်ရှင်အစည်းအရုံးက ဆန်ဝေတာကို အပျင်းပြေသွားရင်းနဲ့ ကျော်စွာကြံရည်ရောင်းတဲ့နား အရောက်မှာ မိုးရွာလို့ မိုးခိုနေတဲ့ ကျော်စွာ့ကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ကျော်စွာ့အတွက် အိမ်လေးတစ်လုံးငှားပေးနိုင်ဖို့ကိုလည်း ကြိုးစားမယ်လို့လည်းဆိုပါတယ်။
သူခံစားရတာတွေကို ” မိုးရွာတော့ ကျွန်တော်ပျော်နေတာ အပူဒဏ်သက်သာတော့မယ်ဆိုပြီး ပြီးမှ သတိရတယ် ရုပ်ရှင်အစည်းရုံး ဆန်ဝေတာပျင်းလို့သွားရင်းနဲ့ ရွှေတိဂုံဘုရား အရှေ့ဘက် ရောက်တယ် ထင်တဲ့အတိုင်း ပြောစရာစကားလုံးမရှိ ကျော်စွာ မိုးမိလို့မိုးခို နေတဲ့ ဓာတ်ပုံလေး တော့ မတင်ရက်လို့ မတင်တော့ပါဘူး ဝမ်းစာထဲက စာသားလေးပဲပြန်သတိရမိတယ် အိမ်မရှိ ယာမရှိ စားစရာ မရှိ နေစရာမရှိ ဆန်မရှိ စောက်စားလည်းမကြီး လမ်းဘေးအိပ်တော့ မိုးမိ နှာစေး ဆေးဖိုးမရှိ လူ့အသက်တွေ တန်ဖိုးလည်းမရှိ အစ်ကိုလည်း အိမ်လေးဌားပေးဖို့ အမြန်ဆုံး ကြိုးစားပါ့မယ်ညီလေးရေ ဘဝတွေ အိမ်ခြေမဲ့ လူများအားလုံးလည်း အရာရာ အဆင်ပြေကြပါစေဗျာ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Yone Lay
(ဇော်ဂျီဖြင့်ဖတ်ရန်)
မိုးခိုနေတဲ့ကျော်စွာ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်လို့ အိမ်လေးတစ်လုံးငှားပေးမယ်ဆိုတဲ့ ယုန်လေး
Happy – Cele Zone
Photo – Yone Lay